လောကနဲ့ အလိုက်သင့်နေနိုင်ဖို့ နားလည်ထားသင့်တဲ့ သဘောတရားလေးတွေ- အပိုင်း (၃)

blank

၁။ နံရံပေါ်မှာ ဆုတံဆိပ်တွေ၊ ဘွဲ့လက်မှတ်တွေ ချိတ်နိုင်တာနဲ့ပဲ လူကောင်းဆိုပြီး ကြွေးကြော်နေလို့ မရပါဘူး။

၂။ မိမိယုံကြည်ရာကိုပဲ စွဲကိုင်ထားတဲ့အခါ ကိုယ်လည်းကောင်းဖို့၊ အခြားသူတွေရဲ့ ခံစားချက်တွေကိုလည်း မထိခိုက်စေဖို့ ထိန်းညှိပြီး ဆုံးဖြတ်ချက်ချရတာ ခက်ခဲပါတယ်။

၃။ လူတွေဟာ တစ်စုံတစ်ယောက်က သူတို့ကို ဘာတွေပြောခဲ့လဲ၊ ဘာတွေလုပ်ခဲ့လဲ ဆိုတာကိုသာ မေ့သွားတတ်ကြပေမယ့် ဘယ်လိုခံစားမှုတွေ ပေးခဲ့လဲ ဆိုတာကိုတော့ အမြဲ အမှတ်ရနေတတ် ကြပါတယ်။

၎။ ရင်ထဲက ခံစားချက်တွေထက် လက်တွေ့လုပ်ဆောင်မှုတွေကိုသာ တာဝန်ယူသင့်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ မိမိရဲ့ သဘောထား အမြင်တွေကို ထိန်းချုပ်နိုင်ရပါမယ်။ မဟုတ်ရင်တော့ သူတို့က ပြန်လည် ထိန်းချုပ်သွားပါလိမ့်မယ်။

၆။ သူရဲကောင်းဆိုတာ နောက်ဖြစ်လာမယ့် အကျိုးဆက်တွေသာ ထိုင်ပူပန်မနေဘဲ အလုပ်တစ်ခုကို ထိထိမိမိနဲ့ ပြီးသင့်တဲ့ အချိန်မှာ ပြတ်ပြတ်သားသား ပြီးအောင် လုပ်တတ်တဲ့သူမျိုးကို ခေါ်တာပါ။

၇။ ရင့်ကျက်မှု ဆိုတာ ဘဝတစ်လျှောက် ရခဲ့တဲ့ အတွေ့အကြုံတွေ၊ အဲ့ဒီ အတွေ့အကြုံတွေကရတဲ့ သင်ခန်းစာတွေအပေါ် သုံးသပ်ပြီး မိမိတစ်ခုခု လုပ်တော့မယ် ဆိုရင် လုပ်သင့် မလုပ်သင့်၊ ပြောသင့် မပြောသင့် စဉ်းစားချင့်ချိန် တတ်လာခြင်းကို ဆိုလိုတာပါ။

၈။ ချမ်းသာတဲ့ လူဆိုတာ ပိုင်ဆိုင်မှု အများဆုံးလူ မဟုတ်ပါဘူး။ လိုအပ်ချက် အနည်းဆုံးသူပါ။

၉။ အကြောင်းအရာ တစ်ခုတည်း အပေါ်မှာ လူနှစ်ယောက်ရဲ့ အမြင်ဟာ တစ်မျိုးစီ ဖြစ်နေနိုင်ပါတယ်။

၁ဝ။ အရာအားလုံး သူ့အလိုလို ပြောင်းလဲနေတယ် ဆိုတာကို နားလည်ရင် သူငယ်ချင်းတွေကိုလည်း တစ်ယောက်ပြီး တစ်ယောက်လိုက် ပြောင်းနေစရာ မလိုပါဘူး

ဗဟုသုတရတယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။