လောကမှာ မသိလိုက်မသိဘာသာ ဖြစ်နေတတ်တဲ့ သဘောတရားလေးတွေ

blank

၁။ ဘဝမှာ တစ်ခါတစ်ရံ မိမိအပေါ်ကောင်းတယ်လို့ ယူဆထားတဲ့ သူတွေက နောက်ကျောကို ဓားနဲ့ ထိုးသွားတာမျိုး ရှိသလို မထင်မှတ်ထားတဲ့သူတွေက ရှေ့ဆက်ဖို့ အားအင်တွေတောင် ပေးတာမျိုး ကြုံရတတ်ပါတယ်။

၂။ သူငယ်ချင်းကောင်းဆိုတာ ဘဝကို ပိုကောင်းသွားအောင် ကူညီထောက်ပံ့တာမျိုး လုပ်ပေးချင်မှ လုပ်ပေးလိမ့်မယ်။ ဒါပေမဲ့ ပျော်စရာအခိုက်အတန့်တွေကိုတော့ ကြုံတွေ့စေမှာပါ။

၃။ တစ်ခါတစ်ရံမှာ စိတ်ဆိုးသင့်တာကို ဆိုးလို့ရပါတယ်။ ဒါပေမဲ့ အဲ့ဒါက ရက်စက် ကြမ်းကြုတ်မှုတွေ ပြုလုပ်ဖို့ လမ်းဖွင့်ပေးတာတော့ မဖြစ်သင့်ပါဘူး။

၎။ စစ်မှန်တဲ့ ချစ်ခြင်းဆိုတာ အသက်ခန္ဓာတည်သရွေ့ သက်သေပြသွားရတဲ့ အရာဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ မိမိကလေးတွေရဲ့ အနာဂါတ်အိပ်မက်တွေဟာ လက်တွေ့နဲ့ကင်းကွာနေရင်တော့ မိဘတစ်ယောက်အနေနဲ့ ဟာသလုပ်ပစ်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

၆။ မိမိနဲ့ ဘာမှ ဆွေမတော် မျိုးမစပ် လူတစ်ယောက်ဆီကနေလည်း ဂရုစိုက်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေ ရရှိတတ်ပါတယ်။

၇။ တခြားသူတွေဆီက ခွင့်လွှတ်မှုတွေ ရနေရုံနဲ့ မလုံလောက်သေးပါဘူး။ မိမိကိုယ်မိမိလည်း ခွင့်လွှတ်ပေးနိုင်အောင် သင်ယူပါ။

၈။ လူ နှစ်ယောက် စိတ်ဆိုးစကားများ နေတာနဲ့ပဲ သူတို့ တစ်ယောက်ကို တစ်ယောက် မချစ်ကြဘူးလို့ ပြောလို့မရပါဘူး။ အဲ့ဒီလိုပဲ ရန်ဖြစ်ငြင်းခုံတာတွေ မရှိဘူးဆိုတိုင်း တစ်ယောက်ကိုတစ်ယောက် ချစ်နေကြတယ်လို့ ပြောလို့မပါဘူး။