စစ်မှန်သော ပျော်ရွှင်မှုဆိုတာ…

blank

တစ်ခါက လူအယောက် ၅ဝ ဟာ ဆယ်မီနာ (seminar) တစ်ခုကို တက်ရောက် ပါဝင်ကြတယ်။

ဟောကြားတဲ့သူက ဟောကြားနေစဉ်မှာပဲ ရုတ်တရက် ရပ်သွားပြီး လူတစ်ယောက်ချင်းစီကို ပူပေါင်းတစ်ခုစီ ပေးလိုက်တယ်။ ပြီးတော့ အဲ့ဒီ ပူပေါင်းပေါ်မှာ ကိုယ့်နာမည်ကိုယ် ရေးခိုင်းပြီး တစ်ခြားအခန်းတစ်ခုမှာ ထားခိုင်းတယ်။

ခဏအကြာမှာ လူတွေအားလုံးကို အခုနက ပူပေါင်းတွေထားထားတဲ့ အခန်းထဲသို့ ​ဝင်ခိုင်းပြီး ကိုယ့်နာမည်ပါတဲ့ ပူပေါင်းတွေကို ၅ မိနစ်အတွင်းရှာခိုင်းခဲ့တယ်။

လူတွေကလည်း ကိုယ့်ပူပေါင်းကိုကိုယ် ပျာယီးပျာယာနဲ့ ရှာကြတော့တာပေါ့။ တစ်ယောက်ကို တစ်ယောက် တွန်းလို့တွန်း၊ တိုက်လို့တိုက်နဲ့ ကိုယ့် ပူပေါင်းကိုရဖို့ အလုအယက်လိုက် ရှာနေခဲ့ကြတယ်။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

၅ မိနစ်ကြာတော့ ဘယ်သူကမှ ကိုယ့်နာမည်ပါတဲ့ ပူပေါင်းကို ရှာမတွေ့ကြဘူး။

ဒီတော့ ဟောကြားတဲ့ သူကြီးက “ကိုယ့်လက်ထဲမှာ ရှိနေတဲ့ ပူပေါင်းတွေကို သက်ဆိုင်ရာ နာမည်ရှိသူတွေကို ပေးလိုက်ကြပါ” လို့ဆိုတယ်။

ဒီလိုလုပ်တော့ အားလုံး ကိုယ့်ပူပေါင်းကိုယ် ပြန်ရသွားခဲ့တယ်။

ဟောကြားတဲ့သူက “ဒါကတော့ လူတိုင်းရဲ့ဘဝမှာ ဖြစ်နေတဲ့ အဖြစ်အပျက်လေးပါပဲ။ ကျွန်တော်တို့က ပျော်ရွှင်မှု ဘယ်မှာရှိတယ်ဆိုတာကို မသိပဲ နေရာတကာ လိုက်ရှာနေကြတယ်။ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုက အခြားသူတွေရဲ့ ပျော်ရွှင်မှုတွေနဲ့ပဲ ဆိုင်ပါတယ်။ သင်တစ်ခြားသူတွေကို ပျော်ရွှင်အောင်ထားရင် သင်လည်းပျော်ရွှင်မှုကို ပိုင်ဆိုင်လာမှာပါ။” တဲ့။

ပြီးတော့ အဲ့ဒါက လူတိုင်းရဲ့ ပန်းတိုင်ပဲ ဖြစ်ပါတယ်။

သင်လည်းပျော်ရွှင်မှုတွေကို ရချင်ရင် သူငယ်ချင်းတွေကို သေချာပေါက် Share ပေးလိုက်ပါ။