နေ့တစ်နေ့က အစပြုလို့ ဘဝတစ်ခုလုံးလှပစေဖို့

blank

ဒီနေ့ကစပြီး မနေ့ကအကြောင်း သိပ်ပြီး တွေးပူမနေပါနဲ့တော့။ ပြန်ပြင်လို့ မရမှတော့ ပြီးတာတွေ ပြီးသလိုပဲ ထားလိုက်ပါ။ ပြောင်းလဲနိုင်တာကတော့ ပြီးခဲ့တာတွေကို တွေးမနေဘဲ အကောင်းဆုံး ရှေ့ဆက်လျှောက်လှမ်းဖို့ပါပဲ။

ဒီနေ့ကစပြီး မနက်ဖြန်အတွက်လည်း ခေါင်းစားမနေပါနဲ့တော့။ မနက်ဖြန်ဆိုတာ ရောက်လာမှာပဲ။ မနက်ဖြန်ကို လှပစွာ ဖြတ်သန်းနိုင်ဖို့က ဒီနေ့ရဲ့ လုပ်စရာရှိတာတွေကို ကောင်းကောင်းလုပ်မှ ဖြစ်မှာလေ။ ဒီတော့ မဖြစ်သေးတာတွေကို အချိန်ကုန်ခံပြီး ကြိုတင် ပူပန်နေမယ့် အစား လက်ရှိအချိန်ကိုပဲ ကောင်းအောင် ကြိုးစားလိုက်ပါ။

ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကို မှန်ထဲမှာကြည့်ပြီး လေးစား၊ သဘောကျစရာ ကောင်းတဲ့ လူတစ်ယောက်ကို မြင်အောင်ကြည့်ပါ။ မှန်ထဲက လေးစားစရာလူအတွက် အချိန်ပေးနိုင်အောင်၊ သူ့အကြောင်းကို ပိုပိုပြီး သိလာနိုင်အောင် အားထုတ်ပါ။

ဒီနေ့ကစပြီး ဘဝရဲ့ အချိန်လေးတွေကို ချစ်ခင်တန်ဖိုးထားပါ။ ပြီးတော့ တစ်ခြားသူတွေရဲ့ ဘဝတွေကို မြင့်တင်ပေးဖို့ သုံးပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီနေ့ကစပြီး တစ်နေ့စာလုပ်စရာရှိတာကိုပဲ နိုင်နင်းအောင်လုပ်ပါ၊ တစ်လှမ်းစာ လှမ်းစရာရှိတာကိုပဲ မယိုင်နဲ့အောင်လှမ်းပါ။ စိတ်ပျက်အားငယ်မှုတွေက သင့်ရဲ့ အောင်မြင်ချင်တဲ့ စိတ်ဆန္ဒတွေကို တားဆီးဖို့ ခွင့်မပြုပါနဲ့။

ဒီနေ့ကစပြီး သင့်ရဲ့ စိတ်အစဉ်နဲ့ နှလုံးသားတံခါးတွေကို ဖွင့်ထားပါ။ အတွေ့အကြုံသစ်တွေကို နွေးနွေးထွေးထွေး ကြိုဆိုပါ။ အပေါင်းအသင်း မိတ်ဆွေ အသစ်တွေ ထပ်ရှာပါ။ ကိုယ့်ကိုယ်ကိုရော၊ အများမှာရော အရာရာ ပြည့်စုံလိမ့်မယ် လို့ မမျှော်လင့်ပါနဲ့။ အရာရာ မတည်မြဲတဲ့ လောကကြီးမှာ ပြည့်စုံခြင်းဆိုတာ ဘယ်ရှိပါ့မလဲ။ ဒါပေမယ့် လူတွေရဲ့ အားနည်းချက်တွေကို နားလည်ပေးနိုင်ဖို့ ကြိုးစားတာကိုပဲ ကိုယ့်ကိုယ်ကို ဂုဏ်ယူပါ။

ဒီနေ့ကစပြီး အသစ်အသစ်တွေကို သင်ယူပါ၊ မလုပ်ဖူးတာတွေ ကြိုးစားလုပ်ကြည့်ပါ၊ ဘဝရဲ့ အကောင်းအဆိုးမှန်သမျှကို မညည်းမညူပဲ ရင်ဆိုင်ကျော်လွှားပါ။ ကျန်ရှိနေတဲ့ ဘဝရဲ့ အချိန်တွေမှာ လက်ရှိလုပ်နေတာတွေထက် ပိုလုပ်နိုင်အောင် ကြိုးစားပါ။ အကောင်းဆုံး ဖြစ်လာအောင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်နဲ့ ကြိုးစားရပ်တည်သွားပါ။

ဘဝအတွက် တစ်ခုခုရလိုက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။