မြင့်မိုရ်မက မြင့်ပါစေ၊ ငရဲအလား ပူပါစေ၊ သင့်ကိုယ်သင်သာ ယုံကြည်ရင်…

blank

သင့်မနက်ခင်းတစ်ခုကို စတင်တဲ့အခါ အရာရာက သင်မျှော်လင့်ထားသလို ချောမွေ့မှုမရှိဘဲ ဖြစ်ချင်သလို ဖြစ်နေတဲ့ စိတ်ပျက်စရာ နေ့ရက်တွေ ကြုံတွေ့ရတတ်မှာပါ။

ဒ်ီလိုဆိုရင်တော့ အားလုံးအဆင်ပြေသွားမှာပါ ဆိုပြီး သင့်ကိုယ်သင် အားပေးရပါမယ်။ တစ်ခြားသူတွေက သင့်ရဲ့ အောင်မြင်ဖို့ ကြိုးစားတဲ့ လမ်းတစ်လျှောက်မှာ သင့်ကို စိတ်ပျက်စေတာတွေ၊ ကျရှုံးအောင် နှောင့်ယှက်ကြတဲ့ အချိန်တွေ ရှိမှာပါ။

ဒါပေမယ့် သင့်ရဲ့ ကိုယ်ပိုင်အမြင်တွေ၊ ဆုံးဖြတ်ချက်တွေကို ယုံကြည်ဖို့ သင့်ကိုယ်သင်အမြဲ သတိပေးနေပါ။ မိမိကိုယ်မိမိ ယုံကြည်တဲ့စိတ် အပေါ်မှာပဲ အာရုံစိုက်ပြီး ဘဝကို ဆက်လက် လျှောက်လှမ်းပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သင့်ဘဝကို တည်ဆောက်တဲ့အခါ ထိပ်တိုင်ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေနဲ့ အပြောင်းအလဲတွေ များစွာ ကြုံတွေ့ရနိုင်ပါတယ်။ အဲ့ဒါတွေကို လက်ခံနိုင်ဖို့ကလည်း သင့်အပေါ်မှာပဲ မူတည်ပါတယ်။

တစိုက်မတ်မတ်နဲ့ပဲ   အမြဲ မှန်ကန်တဲ့ လမ်းကြောင်းမှာ ရှိနေနိုင်ဖို့ သင့်ကိုယ်သင် တည့်မတ်ပေးပါ။ ဒါက အမြဲတော့ မလွယ်ကူနိုင်ပါဘူး။ ဒါပေမယ့် ဒီလို အခက်အခဲတွေ ဖြတ်ကျော်နေစဉ် ကာလမှာ သင်ဟာ ထင်တာထက် ပိုပြီး စိတ်ဓာတ်ကြံ့ခိုင်ပါလား ဆိုတာ သိလိုက်ရမှာပါ။

ဘာမှ အကျိုးရှိရှိ အလုပ်မတွင်လိုက်တဲ့ အခါမျိုး၊ မမျှော်လင့်ဘဲ သူများတွေရဲ့ အလုပ်တာဝန်တွေ ယူလိုက်ရပြီး တစ်နေကုန်သွားရတာမျိုး တွေကြောင့် စိတ်ရှုပ်ရတဲ့ နေ့တွေမှာလည်း သင့်ကိုယ်သင် ယုံကြည်မှုရှိပြီး သင့်ဘဝမှာ ဘာကို လိုချင်တာလဲ ဆိုတာကိုပဲ သတိရလိုက်ပါ။

ဘာလို့လဲဆိုတော့ ဘဝရဲ့ စိန်ခေါ်မှုတွေနဲ့ အပြောင်းအလဲတွေ ဆိုတာ သင့်ဆီကို အသေအချာ ရောက်လာမှာလို့ သင်သိနေတဲ့၊ သင် အရမ်း လိုချင်နေတဲ့ အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်ဖို့ ထောက်ပံ့ပေးမယ့် လှေခါးထစ်တွေ ဖြစ်နေလို့ပါ။

သင့်ကိုယ်သင် ယုံကြည်မှုကိုသာ ဆက်လက်ထိန်းထားလိုက်ပါ။ ဒါဆိုရင်တော့…

ဘဝအတွက် အကျိုးရှိတယ်လို့ ခံစားလိုက်ရတယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။