တစ်နေ့စာအတွက် အတွေးမှန်လေးများ

blank

ဒီနေ့တစ်ရက်… သင့်ရဲ့ သောကတွေ မေ့ထား၊ လက်ရှိအချိန်လေးကို ပျော်ပျော်ကြီး ဖြတ်သန်းလိုက်ပါ။

ဒီနေ့တစ်ရက်… သူများတွေကို သင့်စိတ်တိုင်းကျ ပုံစံသွင်းနေမယ့်အစား သင့်ကိုသင် ပုံစံကျအောင် လုပ်လိုက်ပါ။

ဒီနေ့တစ်ရက်… သင့်ရဲ့ ပြဿနာတွေ ဖြေရှင်းရာမှာ ညည်းညူမနေမိဖို့ ကြိုးစားကြည့်လိုက်ပါ။ ဘာလို့လဲဆိုတော့ အဲ့ဒါတွေက သင်တိုးတက်လာဖို့ လေ့လာစရာတွေပါပဲ။

ဒီနေ့တစ်ရက်… သင့်အနားကသူတွေကို အပြစ်ရှာနေမယ့်အစား ချီးကျူးစကားတွေ ပြောလိုက်ပါ။

ဒီနေ့တစ်ရက်… ကောင်းမှုတစ်ခုခုပြုပြီး ဘယ်သူမှကို မပြောဘဲ လျို့ဝှက်ထားလိုက်ပါ။

ဒီနေ့တစ်ရက်… အရှိကို အရှိအတိုင်း လက်ခံလိုက်ပါ။ အမှန်တရားကို ရင်ဆိုင်လိုက်ပါ။ လမ်းမှန်ရောက်နိုင်တဲ့ အရာတွေကို လမ်းပြပေးသလို မရောက်နိုင်တာတွေကိုလည်း လက်ခံပေးလိုက်ပါ။

ဒီနေ့တစ်ရက်… သင့်ရဲ့ ရန်သူတွေကို ခွင့်လွှတ်ပေးပြီး နှလုံးသားရဲ့ သံစဉ်ချိုချိုလေးတွေကို နားဆင်လိုက်ပါ။

ဒီနေ့တစ်ရက်… ဘဝဆိုတာ ဘုရားပေးတဲ့ လက်ဆောင်တစ်ခု ပြီးတော့ ကောင်းမွန်တဲ့ နေ့သစ်တစ်နေ့လို့ မှတ်လိုက်ပါ။

ဒီနေ့တစ်ရက်… ပျော်ပျော်ကြီး နေလိုက်ပါ။ အလှတရားဆိုတာကို ကောင်းကောင်းကြီးခံစားလိုက်…ပြီးတော့ သင်ချစ်တဲ့သူတွေ သင့်ကိုချစ်တဲ့သူတွေကို ယုံကြည်ပေးလိုက်ပါ။

ဒီနေ့တစ်ရက်… သင်လိုချင်တာအားလုံး ဆုတောင်းစရာမလိုဘဲ ရပြီလို့ မှတ်လိုက်ပါ။

ဒီနေ့တစ်ရက်… အရမ်းရှေးရိုးမဆန်ပါနဲ့။ ပြီးတော့ သင့်ထက်နိမ့်ကျတဲ့ သူတွေကို ကူညီလိုက်ပါ။

ဒီနေ့တစ်ရက်… ဒီတစ်ရက်စာအတွက်ပဲ စဉ်းစားလိုက်ပါ။ ပြီးတော့ သင့်ရဲ့ပြဿနာတွေ အားလုံးကို တစ်ပြိုင်နက်ထဲ မဖြေရှင်းပါနဲ့။

ဒီနေ့တစ်ရက်… ပျက်စီးသွားတဲ့ ဘဝတွေကို ကူညီဖို့ အကြင်နာလက်တစ်စုံ ကမ်းလိုက်ပါ။

ဒီနေ့တစ်ရက်… ကိုယ့်ကိုကိုယ် နာကျင်မှုတွေနဲ့ ပိတ်လှောင်မထားပါနဲ့။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီနေ့တစ်ရက်… တစ်ခြားသူတွေကို ဘာမျှော်လင့်ချက်မှ မပါတဲ့ အကောင်းဆုံးတွေ ပြုလုပ်ပေးလိုက်ပါ။

ဒီနေ့တစ်ရက်… လူအားလုံးနဲ့ ငြိမ်းချမ်းစွာဆက်ဆံလိုက်ပါ။ ပြီးတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံး ငြိမ်းငြိမ်းချမ်းချမ်း ရှိဖို့လည်း ဆုတောင်းလိုက်ပါ။

ဒီနေ့တစ်ရက်… အရာအားလုံးကို သင်လိုချင်သလို ပုံသွင်းဖို့ မကြိုးသားဘဲ သင်ရောက်နေတဲ့ နေရာကို လက်ခံလိုက်ပါ။

ဒီနေ့တစ်ရက်… သင်ဘာမှ နားမလည်ရင်တောင် ဘဝက ပေးတာတွေကို လက်ခံလိုက်ပါ။

ဒီနေ့တစ်ရက်… အပြင်မှာ စားစရာတောင် မရှိတဲ့ သူတွေအများကြီးရှိတာ သိပြီး သင့်ရှေ့က စားစရာတွေကို မြိန်ရည်ယှက်ရည် စားသုံးလိုက်ပါ။

ဒီနေ့တစ်ရက်… သင်မှန်တယ်ထင်တာကို လုပ်ဖို့ သတ္တိမွေးလိုက်ပါ။ ပြီးတော့ သင့်လုပ်ရပ်အတွက် ရဲရဲရင့်ရင့် တာဝန်ယူလိုက်ပါ။

ဒီနေ့တစ်ရက်… ကိုယ်မစွမ်းဆောင်နိုင်တဲ့ အရာတွေကို မေ့လိုက်ပြီး မနက်ဖြန်ဆိုတာ မရှိတော့သလို ဒီနေ့လေးကိုပဲ ချစ်ခင်စွာ ပွေ့ဖက်လိုက်ပါ။

ဒီနေ့တစ်ရက်… ဘဝကို လိုက်လျောညီထွေဖြစ်အောင် ဖြတ်သန်းလိုက်ပါ။ မနက်ဖြန်ရောက်ရင်လည်း ဒီနေ့လိုပဲ နေထိုင်လိုက်ပါ။ မနက်ဖြန်ဆိုတာ ရောက်လာဦးမယ် ဆိုရင်ပေါ့။

ကဲ… ဒီနေ့တစ်ရက် အခုလို နေထိုင်လိုက်ခြင်းဖြင့် စိတ်ချမ်းသာသွားတယ်ဆိုရင် နေ့ရက်တိုင်းကို ဒီလိုစိတ်ထားလေ့နဲ့ ဖြတ်သန်းဖို့ ကြိုးစားလိုက်ပါ။ သင့်ဘဝက ဒီထက်မက အဆပေါင်းများစွာ သာယာလာပါလိမ့်မယ်။ 🙂

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။