စိတ်ဆင်းရဲမှုတွေ ဝေးလွင့်သွားစေမယ့် အားဆေးလေးများ အပိုင်း – ၂

blank
Photo Reference: http://arynrbates.blogspot.co.uk

၁။ ချစ်ခြင်းမေတ္တာကြီးမားမ

မနေ့က ကျွန်တော်သိပ်ချစ်ရတဲ့ ခွေးလေး ကားတိုက်ခံရတယ်ဗျာ။ ကျွန်တော် သူ့ဘေးမှာထိုင်ပြီး သူ့ကို ပွေ့ဖက်ထားမိတယ်။ မျက်ရည်တွေလည်း ကျနေမိတယ်။ ဝမ်းအနည်းဆုံးကတော့ သူမသေခင် ဝေဒနာတွေ ခံစားနေရတဲ့ ကြားကနေ သူ့လျှာလေးနဲ့ ကျွန်တော့် မျက်ရည်တွေကို သုတ်ပေးသွားတာပါပဲဗျာ။

၂။ ငကန်းသေလျှင် ငဆွေပေါ်လိမ့်မယ်။

ဒီနေ့ မနက် ၇ နာရီလောက် ကျွန်တော် အိပ်ယာနိုးတော့ ခေါင်းတွေကိုက်လိုက်တာဗျာ။ ဒါပေမယ့် ပိုက်ဆံက လိုနေတော့ အလုပ်သွားမှပါ ဆိုပြီး အလုပ်ကို ထွက်လာခဲ့လိုက်တယ်။ ညနေ ၃ နာရီလောက်လည်း ရောက်ရော အလုပ်ကနေ အထုတ်ခံလိုက်ရတယ်ဗျာ။ အိမ်ပြန်တော့လည်း ကားဘီးက ပေါက်သေး။ ကားဘီးလဲဖို့ ကားနောက်ခန်းထဲမှာ ဘီးအပို ယူတော့ လည်း အဲ့ဒီဘီးကပါ ပေါက်နေတယ်။ စိတ်ညစ်လိုက်တာမှ လွန်ရောဗျာ။ အဲ့ဒီအချိန်မှာ BMW ကားနဲ့ လူတစ်ယောက်က လမ်းကြုံလိုက်ခွင့်ပေးလို့ တော်သေးတာပေါ့။ ပြီးတော့ ရောက်တတ်ရာရာတွေ ပြောဖြစ်ကြတယ်။ ကျွန်တော် အလုပ်ပြုတ်လာတာလည်း သိရော သူက သူ့ကုမ္ပဏီမှာ ကျွန်တော်နဲ့ ကိုက်ညီမယ့် အလုပ်တစ်ခု ချက်ခြင်းခန့်လိုက်တယ်။ မနက်ဖြန်ပဲ အလုပ်စဆင်းရမှာ ဗျို့။

၃။ အချိန်မှီ ပြင်ဆင်ခွင့်ရှိခဲ့လျှင်…..။

ဒီနေ့ အဖေနဲ့ ကျွန်တော်တို့ မောင်နှမ ငါးယောက်လုံး အမေ တက်နေတဲ့ ဆေးရုံကို လူစုံတက်စုံ ရောက်နေကြပါတယ်။ အားလုံး အမေ့ ကုတင်ဘေး ပတ်ပတ်လည်မှာ ရပ်နေကြပြီး အမေ့ နောက်ဆုံးခရီး မတိုင်ခင် ပြောချင်တာလေးတွေကို နားထောင်ပေးနေကြပါတယ်။ အမေ ပြောတဲ့ စကားလေးက ရှင်းရှင်းလေးပါပဲ။ “အခုကျွန်မ ချစ်ခြင်းမေတ္တာတွေ ခံစားနေရတယ်။ ကျွန်မတို့အားလုံး စုံစုံလင်လင်နဲ့ ဒီလိုအချိန်တွေ ပိုပြီး ဖန်တီးခဲ့မိရင် ကောင်းမှာပဲနော်” တဲ့လေ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ချစ်ခြင်းဖြင့် သီသော မေတ္တာကြိုး။

ကျွန်တော့် အဖေလေ ဘဝထဲကနေ ထွက်သွားပြီလေ။ ဆေးရုံကုတင်လေးပေါ်မှာ အိပ်မောကျနေတဲ့ အဖေ့ နဖူးလေးကို ကျွန်တော် နောက်ဆုံးအနေနဲ့ မြတ်မြတ်နိုးနိုး နမ်းလိုက်တယ်။ နမ်းပြီးချိန်မှာ စဉ်းစားမိတာက ကျွန်တော်သိတတ်စ ကတည်းက အဖေ့ကို နမ်းဖူးတာ ဒါပထမဆုံးအကြိမ် ဆိုတာပါပဲ။ အဖေ ကျွန်တော့် အနားမှာ ရှိနေတုန်းက ကျွန်တော် ဘာတွေလုပ်နေခဲ့တာပါလိမ့်။ အချိန်တွေသာ နောက်ပြန်လှည့်လို့ရရင်…။

၅။ ပျော်ပျော်နေ သေခဲ။

တစ်နေ့မှာ အရမ်းအံ့အားသင့်စရာ အဖြစ်အပျက်တစ်ခုကို ကျွန်တော် မျက်မြင် ကြုံတွေ့လိုက်ရတယ်။ အသက် ၂၇ နှစ်အရွယ် ရင်သားကင်ဆာ ဝေဒနာသည် မိန်းမတစ်ယောက်ကို သူမရဲ့ ၂ နှစ်အရွယ် သမီးလေးက ပြောပြနေတဲ့ ဟာသလေးတွေကို နားထောင်ရင်း သားအမိတတွေ အားပါးတရ ရယ်နေကြတာကိုပေါ့။ အဲ့ဒီအဖြစ်အပျက်ကို မြင်လိုက်ပြီးသကာလ ကျွန်တော့်ဘဝကို ပြန်ဆန်းစစ်မိလိုက်တယ်။ အခုအချိန်ကစပြီး ကိုယ့်ဘဝကိုကိုယ် အားမလိုအားမရဖြစ်ပြီး အပြစ်တင်နေတာတွေ ရပ်သင့်ပြီ ဆိုတာရယ်၊ အခုကစပြီး ကိုယ့်မှာရှိတဲ့ အရာတွေကို တန်ဖိုးထားပြီး ပျော်ရွှင်နိုင်ရမယ် ဆိုတာကိုရောပေါ့။

၆။ မရှိပေမယ့် ပေးကမ်းစိတ်လေးရှိသူ…

ကျွန်တော် ကန်န်ရာ(Kenya)ကို ခရီးသွားတုန်းကပေါ့ဗျာ။ ဇင်ဘာဘွေ(Zinbabwe) က ဒုက္ခသည်တစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။ သူပြောတာကတော့ သူ ဘာမှမစားရတာ ၃ ရက်လောက်ရှိပြီတဲ့။ ဟုတ်မှာပါ။ သူ့ကြည့်ရတာ ပိန်ချုံးပြီး အားမရှိသလိုပဲဗျ။ ဒါနဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က သူစားနေတဲ့ ဆင်းဒဝှစ်ခ်ျ (sandwich) လေးကို ပေးလိုက်တယ်။ အဲ့ဒီအချိန်မှာ အံ့သြစရာကောင်းတဲ့ စကားတစ်ခွန်းသူ့ဆီက ကြားလိုက်ရတယ်။ “ကျွန်တော်တို့ အတူတူ မျှစားလို့ ရပါတယ်ဗျာ” တဲ့။ အော်… ဘားမှမရှိတဲ့ သူမှာတောင် မျှဝေတတ်တဲ့စိတ်ဓာတ်လေး၊ ရှိသလောက်လေးကိုလည်း ပေးကမ်းတတ်တဲ့စိတ်ဓာတ်လေးရှိပါလား။ အတုယူစရာလေးပါပဲ။

မိမိရဲ့လက်ရှိဘဝမှာ နေပျော်ကြပါစေ။
အဖြစ်အပျက်တစ်ခုစီမှာ အတုယူစရာ အသီးသီး ရှိနေပါတယ်။
ပျော်ရွှင်မှုဆိုတာ မိမိကိုယ်တိုင်ပဲ ရှာဖွေရတာပါ။

သင်တစ်ခုခု ဗဟုသုတရလိုက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။