အရာရာ မတည်မြဲတဲ့ လောကကြီးမှာ သင့်အတွက် တစ်ခုတည်းသော ရွေးချယ်မှုက…

blank

အရာရာ မတည်မြဲတဲ့ လောကကြီးမှာ သင့်ကိုယ်သင် အလိုမကျတွေဖြစ်ပြီး အပြစ်တင်နေမိပြီလား။ တစ်စုံတစ်ယောက်အပေါ် မုန်းတီး နာကျည်းနေပြီလား။ ဒေါသမာန်မာနတရားတွေနဲ့ပဲ ပြည့်နှက်နေပြီလား ဆိုတာ သင့်ကိုယ့်သင် မေးခွန်းထုတ်ကြည့်လိုက်ပါ။

အဲ့လိုဖြစ်နေတဲ့အခါ သင့်စိတ်တွေ ပူလောင်တာက လွဲလို့ ဘာမှထူးလာမှာ မဟုတ်ပါဘူး။ ဘာမှမမြဲတဲ့ လောကကြီးမှာ ကိုယ့်စိတ်လေးကို အတတ်နိုင်ဆုံး ပျော်ရွှင်အောင်ထားပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အများကောင်းကျိုး အတွက် စေတနာထားပြီး တတ်နိုင်သမျှ လုပ်ဆောင်ပါ။ ပစ္စုပ္ပန် အချိန်လေးတွေကို နောင်တကင်းကင်းနဲ့ စိတ်လွတ်လက်လွတ် ဖြတ်သန်းလိုက်ပါ။ ဒါဆိုရင်တော့ သင်ဟာ စက္ကန့်တိုင်းမှာ ပျော်ရွှင်တဲ့ လူသားတစ်ယောက်ဖြစ်လာမှာ သေချာပါတယ်။