တစ်ခုခုကို ငြင်းဆန်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကို ဒါလေးတွေ ပြန်မေးကြည်ပါ။

blank

ဂန္ထဝင်ရဲ့ ပရိသတ်ကြီးရေ… ဘဝမှာ အချိန်မရှိလို့ဆိုပြီး အလုပ်တာဝန်တွေကို ငြင်းဆန်ခဲ့ရတဲ့ အချိန်တွေ ကြုံဖူးကြမယ် ထင်ပါတယ်။ အဲဒီလို တာဝန်တစ်ခုကို ငြင်းဆန်လိုက်ပေမယ့် အခြားလည်းဘာမှ မယ်မယ်ရရ မလုပ်ဖြစ်တာမျိုးတွေလည်း ကြုံဖူးကြမယ် ထင်ပါရဲ့။

ဒီလိုမဖြစ်ရအောင် တစ်ခုခုငြင်းဆန်တော့မယ်ဆိုရင် အဲဒီအလုပ်က ကိုယ့်အတွက် တစ်ကယ်အရေးပါလား မပါဘူးလားဆိုတာ ပြန်သုံးသပ်ဖို့လိုအပ်ပါတယ်။

ဥပမာ – ဆေးခန်းသွားဖို့ အချိန်မရှိဘူးဆိုပြီး ငြင်းလိုက်တယ်ဆိုတာ ကျန်းမာရေးက ကိုယ့်အတွက် အရေးမပါဘူးလို့ ဆိုလိုလိုက်သလိုပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

နောက် ကိုယ့်မိဘတွေအတွက် တစ်ခုခုလုပ်ပေးဖို့ အချိန်မရှိဘူးလို့ ငြင်းဆန်လိုက်တာဟာလည်း မိဘတွေက ကိုယ့်အတွက် အရေးမပါဘူးလို့ ဆိုလိုလိုက်သလိုပါပဲ။ ဒီလို ငြင်းဆန်တော့မယ်ဆို ကိုယ်ငြင်းဆန်မယ့် ကိစ္စက ကိုယ့်အတွက် တစ်ကယ်အရေးပါတာ ဟုတ်မဟုတ် ပြန်ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါဆိုရင်တော့ ကိုယ်ငြင်းမယ့် အရာတွေရဲ့အရေးပါမှုကို ပိုပြီး မြင်သာလာပါလိမ့်မယ်။

ဒီအကျင့်လေးသာ ရသွားမယ်ဆိုရင်တော့ ကိုယ့်အတွက် တစ်ကယ်အရေးပါတဲ့ ကိစ္စတွေကို ပိုမိုသိမြင်လာပါလိမ့်မယ်။ ဒါ့အပြင် တစ်ခုခုဆို လွယ်လွယ် ငြင်းတတ်တဲ့ အကျင့် ပျောက်သွားပါလိမ့်မယ်။

သင်တစ်ခုခု ဗဟုသုတရလိုက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။