နှလုံးသားထဲထိ စူးနစ်သွားစေမယ့် ဖြစ်ရပ်မှန်လေးတစ်ခု

blank
photo credit: pixabay.com

နိုင်ငံခြားကနေ မြန်မာပြည်ပြန်ရောက်တုန်း ကျွန်တော့် ဇနီးဟောင်းနဲ့ စကားပြောဖို့ ဆိုင်တစ်ဆိုင်မှာ ချိန်းခဲ့တယ်။ ကျွန်တော် အငြှိုးအတေးတွေ၊ အာဃာတတွေလည်း မရှိတော့ဘူးဆိုတော့ စိတ်အေးလက်အေးပဲ စကားပြောနိုင်ခဲ့တယ်။ အခုဆိုရင် ကျွန်တော်တို့နှစ်ယောက်လုံး ကိုယ်စီကိုယ်စီရဲ့ ဘဝမှာ တည်တည်ငြိမ်ငြိမ် ဖြစ်နေပါပြီ။ ကျွန်တော်တို့ လေးနာရီကြာလောက် စကားတွေ ပြောဖြစ်ခဲ့ကြတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကျွန်တော်တို့ အိမ်ပြန်ဖို့ နှုတ်ဆက်ပြီးချိန်မှာ သူမရဲ့ ဖုန်းလေးကျန်ခဲ့တယ်။ သူမရဲ့ဖုန်းပေါ်မှာ သူနဲ့ကျွန်တော်ရိုက်ထားတဲ့ ဓာတ်ပုံလေးကို wallpaper တင်ထားတာကို တွေ့လိုက်ရတယ်။ ကျွန်တော်နဲ့မတွေ့တဲ့ နှစ်နှစ်အတွင်းမှာ ကျွန်တော့်ကိုပို့ပေးဖို့ ရေးထားတဲ့ စာလေးတွေကို note ထဲမှာ ရေးထားတာကို ဖတ်လိုက်ရတယ်။ ကျွန်တော်ချက်ခြင်းပဲ diary မှာ ရေးထားတဲ့ စာလေးတွေကို သတိရသွားတယ်။ ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ထိုးနှက်တဲ့ စကားတွေကို အလွယ်တကူပြောခဲ့ကြပေမယ့် ချစ်တဲ့စကားတွေကိုတော့ ဘာကြောင့်မမြင်အောင် ဖုံးကွယ်ထားခဲ့ကြတာလဲ။