လက်တွေ့လိုက်နာပါက အမှန်တကယ် အကျိုးထူးမယ့် ဘဝနေနည်းလေးများ

blank

၁။ ကိုယ့်အချိန်တွေကို မိတ်ဆွေကောင်းတွေနဲ့ပဲ ကုန်ဆုံးပါ။

၂။ အခက်အခဲ ပြနာတွေ ကြုံတွေ့လာရင် ရဲရဲ ရင်ဆိုင်ပါ။

၃။ ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး ရိုးသားပါ။

၎။ ကိုယ့်ပျော်ရွှင်မကို ကိုယ်တိုင် ဖန်တီးပါ။

၅။ ကိုယ့်အားကိုယ် ကိုးပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မရှိပါ။

၆။ အတိတ်တွေ အနာဂတ်တွေဆိုတာထက် ပစ္စုပ္ပန်ကို အကောင်းဆုံး ရပ်တည်ပါ။

၇။ အမှားတွေက တစ်ဆင့် သင်ယူပါ။

၈။ ကိုယ့်မှာ ရှိတဲ့ အရာတွေကို တန်ဖိုးထားတတ်ပါ။

၉။ ကိုယ့်စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ခြေလှမ်းတွေ စတင်လိုက်ပါ။

၁၀။ နောက်ထပ်လှမ်းမယ့် ခြေလှမ်းသစ်တွေအတွက် အားမန်အပြည့်ရှိပါ။

၁၁။ မိတ်ဆွေအပေါင်းအသင်း အသစ်တွေနဲ့ မိတ်ဖွဲ့ပါ။

၁၂။ ရင်းနီးရတဲ့ မိတ်ဆွေတွေအတွက် တတ်နိုင်သလောက် ကူညီပါ။

၁၃။ မနေ့ကထက် ဒီနေ့ ပိုတိုးတက်အောင် ကြိုးစားပါ။

၁၄။ အခြားသူတွေရဲ့ အောင်မြင်မတွေကို အသိအမှတ် ပြုပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁၅။ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေရင်ဆိုင်နေရပြီဆို မလျှော့သွောဲနဲ့ ဆက်လက်ကြိုးစားပါ။

၁၆။ အရာရာကို ခွင့်လွှတ်နားလည်တတ်ပါ။

၁၇။ ကိုယ့်အတွင်းစိတ်ရဲ့ အသံကို အမြဲ နားစွင့်နေပါ။

၁၈။ စိတ်ဖိစီးမတွေ ကြုံလာတဲ့ အခါ ခေါင်းအေးအေးနဲ့ ဖြေရှင်းပါ။

၁၉။ အချိန်တိုင်းကို အဓိပ္ပါယ်ရှိရှိနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းပါ။

၂၀။ ဘယ်အရာမှ ပြီးပြည့်စုံတယ်ဆိုတာမရှိဘူးဆိုတာ အမြဲနှလုံးသွင်းထားပါ။

၂၁။ ကိုယ့်ပန်းတိုင်ကို ရောက်ဖို့ တစ်နေ့ချင်း စနစ်တကျ ကြိုးစားအားထုတ်ပါ။

၂၂။ ဘဝကို ပွင့်လင်းရိုးသားစွာ ဖြတ်သန်းပါ။

၂၃။ ကိုယ့်အတွက် အရေးအပါဆုံး လူသားတွေနဲ့ အချိန်ပေးပျော်ရွှင်ပါ။

၂၄။ ကိုယ်လုပ်နိုင်တဲ့ ဘောင်တစ်ခုအတွင်း မှာ အတတ်နိုင်ဆုံး ကြိုးစားအားထုတ်ပါ။

၂၅။ အပြုသဘော ဆောင်တဲ့ အတွေးအခေါ်တွေ အမြဲရှိနေပါ။

ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေပဲ ကြုံနေရပါစေ ပြဿနာဆိုတာ ကိုင်တွယ်တတ်ရင် ဖြေရှင်းရတာ အရမ်းကြီး မခက်ခဲပါဘူး။ ဘဝဆိုတာ နေတတ်ရင်တကယ်ကို ကျေနပ်စရာကြီးပါ။ ကိုယ့်ဘဝက အနည်းဆုံးတော့ အိပ်ရာဝင်တဲ့ အချိန်မှာ ဗိုက်ဆာနေလျက် ကြိတ်မှိတ်အိပ်လိုက်ရတာမျိုး မရှိပါဘူး။ အိပ်စရာမရှိလို့ အမိုးမပါဘဲ အိပ်ရတဲ့ ညတွေမရှိပါဘူး။ ကိုယ့်ဘီရိုထဲမှာလည်း နောက်တစ်ရက်အတွက် ဝတ်စရာ အဝတ်တွေ အဆင်သင့်ရှိနေပါသေးတယ်။ နေမကောင်းတဲ့အခါ ဘေးမှာ ပြုစုမယ့် မိသားစုတွေရှိနေသေးတယ်။

ကိုယ့်ထက် အများကြီး နိမ့်ကျတဲ့သူတွေကတော့ ကိုယ့်ကိုကြည့်ပြီး အားကျ နေကြပါလိမ့်မယ်။ ဘဝဟာ စိတ်ညစ်စရာတွေချည်းတွေးရင်လည်း စိတ်ညစ်စရာတွေ ချည်းပါ။ စိတ်ချမ်းသာမှုကို လိုလားတယ်ဆိုရင်တော့ ကိုယ့်ဘဝကို ရောင့်ရဲကျေနပ်စွာ ရပ်တည်လိုက်ပါတော့။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။