အကောင်းဆုံးသော ကိုယ်ပိုင်ဘဝလေး တစ်ခု တည်ဆောက်လိုပါသလား

blank

၁။ တခြားသူတွေရဲ့ ခန္ဓာကိုယ် အချိုးအစားတွေအပေါ် အရမ်းအာရုံစိုက်ပြီး ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်မနေပါနဲ့။

၂။ ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ အနှစ်သက်ဆုံး အစိတ်အပိုင်းတွေ အတွက် ကျေနပ်ဂုဏ်ယူ လိုက်ပါ။

၃။ ကိုယ်သဘောကျ နှစ်သက်တဲ့ ကိုယ့်အကြောင်းလေးတွေကို မနက်တိုင်း ချရေးပါ။

၎။ ဘယ်အရာကမှ ရုပ်ရှင်တွေ ဝတ္ထုတွေထဲကလောက် အဆင်ပြေ ချောမွေ့မနေဘူးဆိုတာ သိထားပါ။

၅။ ကိုယ့်အရည်အချင်း ရှိမရှိဆုံးဖြတ်ဖို့ အခြားသူတွေရဲ့ ထောက်ခံချက်တွေ မလိုအပ်ဘူးဆိုတာ သတိရပါ။

၆။ ဘယ်သူမှ ပြီးပြည့်စုံနေတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် မှားနေတဲ့အရာတွေကို ပြုပြင်လိုက်ပါ။ ကိုယ့်မှာရှိတဲ့ အခြားသူတွေနဲ့ မတူတဲ့အရာတွေကို တန်ဖိုးထားပါ။

၇။ ကိုယ့်ကို အမြဲတွန်းအားပေးနေမယ့် ပတ်ဝန်းကျင်မျိုးမှာ ရပ်တည်ရှင်သန်ပါ။

၈။ ကိုယ့်စိတ်ကို ပျော်ရွှင်စေမယ့် အရာတွေကို တန်ဖိုးထား လုပ်ဆောင်ပါ။

၉။ နောင်တစ်ချိန် ဖြစ်လာမယ့် အခြေအနေထက် လက်ရှိ ကိုယ့်အနေအထားကို တန်ဖိုးထားပါ။

၁၀။ ကိုယ့်လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို တန်ဖိုးထားတတ်ပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မှတ်သားစရာ တစ်ခုဖြစ်စေခဲ့ရင် Share ဖို့ မမေ့နဲ့နော်။