လူတစ်ယောက်ကို မဝေဖန်ခင် ဒီအချက်တွေကို အရင်စဉ်းစားပါ။

blank
၁။ လူတိုင်းမတူနိုင်ပါဘူး။

သင်ကြိုက်တိုင်း သူမကြိုက်နိုင်တာ အပြစ်မဟုတ်ပါဘူး။ သူကြိုက်တိုင်းလည်း သင်လိုက်မကြိုက်နိုင်တဲ့ အတွက် အပြန်အလှန်နားလည်မှုပေးသင့်ပါတယ်။

၂။ အပေါ်ယံသွင်ပြင်နဲ့ မဆုံးဖြတ်သင့်ပါဘူး။

လူတစ်ယောက်ရဲ့အဝတ်အစား၊ ဆံပင်ပုံစံတွေက သူဘယ်လိုလူဆိုတာ အမြဲဖော်ပြနေတာမဟုတ် ပါဘူး။ ဒါကြောင့် ကိုယ်ကျင့်တရားနဲ့သာ လူတစ်ယောက်ကို ဆုံးဖြတ်ပါ။

၃။ သူများအကြောင်းသေချာမသိဘဲ မဝေဖန်သင့်ပါဘူး။

သင့်အကြောင်းသေချာမသိတဲ့သူတွေက ဝေဖန်တဲ့အခါ သင်ကြိုက်မှာမဟုတ်ပါဘူး။ ဒါကြောင့် သေချာမသိနိုင်တဲ့အကြောင်းတွေ၊ လူတွေကို မဝေဖန်တာအကောင်းဆုံးပါပဲ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ပြီးပြည့်စုံသူဆိုတာ မရှိပါဘူး။

လူတိုင်းမှာ အားနည်းချက်အားသာချက်ရှိကြပါတယ်။ အားနည်းချက်တွေကိုပဲ ထောက်ပြနေရင် လူတိုင်းကို ထောက်ပြနေရတော့မှာပါ။

၅။ အမြဲတမ်းမှန်နေတဲ့သူဆိုတာ မရှိပါဘူး။

သူများအမှားကို ထောက်ပြရတာလွယ်သလောက် ကိုယ်တိုင်အမှားမလုပ်မိအောင် နေဖို့က ခက်ပါတယ်။ ဒါကိုလက်ခံနိုင်ရင် သူများအမှားကိုလည်း လွယ်လွယ်အပြစ်တင်မိတော့မှာမဟုတ်ပါဘူး။

၆။ အမြဲပြစ်တင်ဝေဖန်နေသူကို ဘယ်သူကမှ ရေရှည်မပေါင်းပါဘူး။

ပေါင်းသင်းဆက်ဆံရေးတစ်ခုမှာ တကယ်ကောင်းစေချင်လို့ အပြုသဘောနဲ့ ဝေဖန်တာရယ်၊ အဆိုးမြင်စိတ်နဲ့အမြဲအပြစ်တင်နေတာက မတူပါဘူး။ သူငယ်ချင်းကောင်းတွေကတော့ တစ်ယောက်နဲ့ တစ်ယောက်အပြုသဘောစိတ်နဲ့ဝေဖန်ထောက်ပြလေ့ရှိကြပါတယ်။

၇။ ကိုယ်တိုင်မကြိုးစားဖူးတဲ့အလုပ်တစ်ခုကို မဝေဖန်သင့်ပါဘူး။

တချို့ကိစ္စတွေက ကိုယ်တိုင်လုပ်ဖူးမှ ဘယ်လောက်ခက်ခဲလဲဆိုတာ သိတာပါ။ ဒါကြောင့် ကိုယ်တိုင် မလုပ်ဖူးတဲ့အလုပ်တစ်ခုကို လွယ်လွယ်မဝေဖန်လိုက်ပါနဲ့နော်။

သင်ကော ဝေဖန်မှုတစ်ခုပြုမယ်ဆိုရင် ဘယ်အချက်လေးတွေကို အရင်စဉ်းစားဖြစ်လဲ။