မမေ့မလျော့ ကျေးဇူးတင်သင့်တဲ့ အချက် (၁၀) ချက်

blank

ဘဝမှာ ကြိုးစားရုန်းကန်နေရတဲ့ အချိန်ဆိုတာ လူတိုင်းမှာရှိပါတယ်။ အဲဒီ အချိန်လေးတွေကို ခွန်အားအဖြစ် ပြောင်းလဲသွားစေဖို့ ကိုယ့်လက်ရှိပိုင်ဆိုင်မှုတွေနဲ့ ကိုယ်ရောက်နေတဲ့နေရာကို တန်ဖိုးထားပြီး ကျေးဇူးသိတတ်ဖို့လိုပါတယ်။ ကယ်…ကိုယ့်ဘဝမှာ ကျေးဇူးသိသင့်သိထိုက်တဲ့ အရာလေးတွေကို ပြန်တွေးသောကြည့်လိုက်ရအောင်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

[pull_quote_center]” ဘဝကို အပြည့်အဝ တွေ့ကြုံရင်ဆိုင်နိုင်ခြင်းကသာ ချမ်းသာမှုအစစ်ပါ။”- ဟင်နရီ ဒေးဗစ် သာရော[/pull_quote_center]

၁။ အသက် ရှင်သန်နေခြင်းအတွက် ကျေးဇူးတင်ပါ။

၂။ ညဖက်မှာ အစာအိမ်ဟောင်းလောင်းနဲ့ မအိပ်စက်ရခြင်းအတွက် ကျေးဇူးတင်ပါ။

၃။ ညဖက်မှာ လုံခြုံစွာ အိပ်စက်ခွင့်ရခြင်းအတွက် ကျေးဇူးတင်ပါ။

၎။ မနက်ခင်းအပြင်သွားခါနီး ရွေးစရာ အဝတ်တွေရှိခြင်းအတွက် ကျေးဇူးတင်ပါ။

၅။ စိုးရိမ်စရာတွေ လျော့နည်းတဲ့ဘဝကို ပိုင်ဆိုင်ခွင့်ရခြင်းအတွက် ကျေးဇူးတင်ပါ။

၆။ ကိုယ်ချစ်သောသူတွေကို မှတ်မိနိုင်စွမ်း ရှိနေသေးတဲ့အတွက် ကျေးဇူးတင်ပါ။

၇။ သောက်ရေကောင်းသန့်သန့် သောက်ခွင့်ရနေခြင်းအတွက် ကျေးဇူးတင်ပါ။

၈။ ကိုယ့်ကျန်းမာရေးကိုကိုယ် ဂရုစိုက်နိုင်စွမ်း ရှိနေခြင်းအတွက် ကျေးဇူးတင်ပါ။

၉။ အင်တာနက်သုံးခွင့် ရှိနေခြင်းကို ကျေးဇူးတင်ပါ။

၁၀။ စာကောင်းပေကောင်းတွေ ဖတ်နိုင်စွမ်းရှိတာကို ကျေးဇူးတင်ပါ။

ဘဝမှာ စိတ်ချမ်းသာနေတယ်၊ ကိုယ်ကျန်းမာနေတယ်၊ အခွင့်အရေးကောင်းတွေ တွေ့ကြုံခွင့်ရနေတယ်ဆိုရင် အဲဒါလေးတွေအတွက် အထူးကျေးဇူးတင်လိုက်ပါ။

စာဖတ်သူတို့ရေ…

  • ကျေးဇူးတင်ရမယ့် စာရင်းထဲမှာရော သင်တို့ ဆန္ဒရှိရာ ကျေးဇူးတင်စရာတွေကို ထည့်ချင်တာများ ရှိပါသေးလား။
  • တစ်စုံတစ်ရာကို ကျေးဇူးတင်ဖို့ မေ့နေတာများ ရှိပါသေးလား။

ဂန္တဝင်စာဖတ်ပရိသတ်တို့နဲ့ comment box လေးမှာ ရေးသားပြီး share လုပ်လိုက်ပါအုံးနော်။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​ တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။

Reference: Marc&Angel