နှစ်ဟောင်းမှာ ချန်ထားသင့်တဲ့ စရိုက်လေးများ

blank

ဂန္တဝင်ပရိသတ်ကြီးတို့ နှစ်သစ်တစ်ခုကို အပြောင်းအလဲကောင်းလေးတွေနဲ့ စတင်လိုက်ကြရအောင်။ မှန်ကန်တဲ့ လုပ်ရပ်တွေအပေါ်မှာ သေချာအာရုံစူးစိုက်ပြီး စွမ်းအင်အပြည့်နဲ့ လုပ်ဆောင်လိုက်ကြရအောင်။ အမှားတွေကို အတိတ်မှာထားခဲ့ပြီး စိတ်သစ်၊ကိုယ်သစ်နဲ့ ဘဝသစ်စဖို့ နှစ်သစ်ဆိုတာ အကောင်းဆုံးအချိန်ပါပဲ။ အဲဒီအတွက် နှစ်သစ်ကူးမတိုင်ခင် ကိုယ့်ဆီရှိနေတဲ့ အကျင့်ဆိုးလေးတွေကို နှစ်ဟောင်းမှာ ချန်ထားခဲ့ကြရအောင်။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၁။ ပူလောင်မှုတွေကို မေ့ဖျောက်လိုက်ပါ။
၂။ မလိုမှုန်းတီးမှုတွေကို စွန့်လွှတ်လိုက်ပါ။
၃။ ကိုယ့်ခြံထဲကမြက်ထက် သူတစ်ပါးခြံထဲကမြက်က ပိုစိမ်းတယ်ဆိုတဲ့ အမြင်တွေ မေ့ဖျောက်လိုက်ပါ။
၎။ မှားယွင်းသော အယူအဆတွေကို ခေါင်းမာစွာ ယုံကြည်နေခြင်းကို စွန့်လွှတ်လိုက်ပါ။
၅။ မနေ့က ကံဆိုးခြင်းတွေကို ဒီနေ့မှာ မေ့ဖျောက်လိုက်ပါ။
၆။ ပြဿ      နာတွေမှ ရှောင်လွှဲခြင်းကို စွန့်လွှတ်လိုက်ပါ။
၇။ ကိစ္စအသေးအဖွဲတွေမှာ မခံမရပ်နိုင် ဖြစ်နေတာတွေကို မေ့ဖျောက်လိုက်ပါ။
၈။ အဆင့်အတန်း ခွဲခြားလိုစိတ်တွေကို စွန့်လွှတ်လိုက်ပါ။
၉။ အပေါ်ယံ အလှပတွေနောက် လိုက်နေမိတာတွေကို လျှော့ချလိုက်ပါ။
၁ဝ။ ရုပ်ရည်လှပမှုပေါ်မှာ အလွန်အမင်း မာန်မာနရှိနေခြင်းတွေကို စွန့်လွှတ်လိုက်ပါ။
၁၁။ စိတ်အလိုလိုက်မှုတွေကို လျှော့ချသင့်လျှင် လျှော့ချလိုက်ပါ။
၁၂။ ဖော်ရွေမှုမရှိတဲ့ အမူအရာတွေကို စွန့်လွှတ်လိုက်ပါ။
၁၃။ သူတော်ကောင်းယောင်ဆောင်လိုစိတ်တွေကို မေ့ဖျောက်လိုက်ပါ။
၁၄။ ကောင်းတာတစ်ခုလုပ်ပြီးတိုင်း မျှော်လင့်ချက်ထားတာတွေကို စွန့်လွှတ်လိုက်ပါ။
၁၅။ မလိုအပ်ပဲ ကြောက်ရွံ့စိတ်ဖြစ်နေတာတွေကို လျှော့ချလိုက်ပါ။
၁၆။ လိမ်ညာလည့်ဖြားစိတ်တွေကို စွန့်လွှတ်လိုက်ပါ။
၁၇။ ကိုယ့်ကိုယ်ကို အလွန်အမင်း အပြစ်တင်ဝေဖန်တာတွေကို လျှော့ချလိုက်ပါ။
၁၈။ အလွန်အမင်း အားနာတတ်မှုတွေကို စွန့်လွှတ်လိုက်ပါ။
၁၉။ တလောကလုံး စိတ်ကျေနပ်အောင် လုပ်ချင်လိုတာတွေကို စွန့်လွှတ်လိုက်ပါ။
၂၀။ အတွေးဆိုးတွေရဲ့ လွှမ်းမိုးမှုတွေကို လျှော့ချလိုက်ပါ။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သင့်​သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​ တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။

Reference: Marc&Angel