ရင်ထဲကခံစားချက်တွေကို ဖွင့်ဟတိုင်ပင်ဖို့ သင့်တော်တဲ့လူတစ်ယောက်လားဆိုတာကို သိနိုင်စေဖို့

blank

တစ်ယောက်ယောက်ဆီမှာ ရင်တွင်းစကားလေးတွေ ပြောပြတိုင်ပင်တော့မယ်ဆိုရင် အောက်ပါ အချက်လေးတွေနဲ့ စဉ်းစားချင့်ချိန်ကြည့်လိုက်ပါ။

  • အခြားလူတွေ စကားပြောတဲ့အခါ စိတ်ပါလက်ပါ နားထောင်ပေးတတ်လားဆိုတာကို လေ့လာပါ။
  • ကိုယ်ပြောပြမယ့်ခံစားချက်တွေ၊ အမြင်တွေကို ဟာသလုပ်တာမျိုး၊ အကဲဖြတ်တာမျိုးလုပ်မယ့်သူကို ရှောင်ရှားပါ။
  • နားလည်ပေးတတ်တဲ့လူမျိုး၊ ကိုယ်ဝမ်းနည်းနေတဲ့အခါ မျှဝေခံစားတတ်တဲ့သူမျိုးဖြစ်မဖြစ် သုံးသပ်ပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

  • ကိုယ့်နေရာကနေ ဝင်ခံစားတတ်ရုံမက ဒီခံစားချက်တွေကို နှစ်သိမ့်ပေးနိုင်မယ့်သူဖြစ်မဖြစ်ဆိုတာကို သုံးသပ်ပါ။
  • “နင်ခံစားနေရတာကို ငါသိတာပေါ့၊ ငါလည်း ဒီလိုဖြစ်ခဲ့ဖူးတယ်လေ” လို့ ပြောပြီး သူတို့အကြောင်းကိုပဲ တန်းစီပြီး ပြောသွားမယ့်သူထက် ဒဏ်ရာရနေတဲ့ ကိုယ့်ကို အာရုံစိုက်ပြီး နှစ်သိမ့်ပေးမယ့်သူကို ရွေးချယ်ပါ။
  • ကိုယ့်လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးပြီး ယုံကြည်ထိုက်တဲ့သူ ဖြစ်မဖြစ်ဆိုတာကို သုံးသပ်ပါ။