ဘဝ ရေစုန်မျောနေမိပြီဆိုတာကို ပြသတဲ့ လက္ခဏာရပ်များ

blank

၁။မလုပ်သင့်တဲ့ အရာတစ်ခုပေါ် အချိန်တွေအများကြီး ပေးထားခြင်း

ဗီဒီယိုဂိမ်းတွေ ကစားနေတာ၊ ရုပ်သံလှိုင်းတွေ ကြည့်နေတာ၊ အင်တာနက်ကို အပျင်းပြေ လျှောက်သုံးနေတာ၊ အားရင် အစားပဲစားနေတာ၊ အရက်သေစာ သောက်စားလွန်းနေတာတွေပေါ့။ ဒါမျိုးအချက်တွေက ကျန်ပါသေးတယ်။ ကိုယ့်ဘဝကိုယ် သေသေချာချာလေး ပြန်သုံးသပ်ကြည့်ပါ။ ကိုယ့်တစ်နေ့တာရဲ့ အများဆုံးအချိန်တွေကို ဘယ်နေရာမှာ ကုန်လွန်နေမိလဲ။ ပြီးတော့ ကိုယ်အများဆုံး အချိန်ပေးထားတဲ့ အဲဒီအလုပ်က ကိုယ့်အတွက် ကောင်းရဲ့လား။ အဲဒီအလုပ်လုပ်ခြင်းက ကိုယ့်ကို ပိုကောင်းတဲ့ ဘဝဆီကို ဦးတည်ပေးနေတာလား။ တောက်ပနေတဲ့ ကိုယ့်အနာဂတ်အတွက် အဲဒီအလုပ်က အခြေခံအုတ်မြစ် အဖြစ်ဆောင်ရွက်ပေးနေတာလား။ ဒါတွေ အားလုံးမဟုတ်ဘူးဆိုရင်တော့ ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပြန်လည်စီမံသုံးသပ်ပြီး ပြောင်းလဲဖို့ လိုအပ်နေပါပြီ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ဝေဖန်အပြစ်တင်တာတွေ သိပ်များလွန်းနေခြင်း

ကိုယ်လုပ်နေတဲ့ အလုပ်၊ ကိုယ့်အလုပ်ရှင်၊ ကိုယ့်ရဲ့လစာ၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်ခင်ပွန်းသည် စတာတွေအပေါ် ဝေဖန်အပြစ်တင်နေ ပါသလား။ ဟုတ်နေတယ်ဆိုရင်တော့ ကိုယ်ဟာ မကောင်းတဲ့ စွမ်းအင်တွေ ထုတ်နေရတာအပြင် ဘာကိုမှ လုပ်မနေပါဘူး။ မကောင်းတဲ့အမြင်တွေ အတွေးတွေက ဘယ်အရာကိုမှ မပြောင်းလဲနိုင်ပါဘူး။ ကိုယ့်ကို တစ်နေရာမှာ ချောင်ပိတ်မိနေစေပါတယ်။ ဒါကြောင့် ကိုယ့်အတွေးတွေကို ပြောင်းလဲပြီး ကိုယ့်ဘဝမှာ ကိုယ်နှစ်သက်တဲ့အရာတွေနဲ့ မနှစ်သက်တဲ့ အရာတွေကို ပြန်လည်သုံးသပ် ပြောကြားပါ။

၃။ကိုယ့်စိတ်ကို ခွန်အားမဖြစ်စေခြင်း

လူတစ်ယောက်အနေနဲ့ အစဉ်အဆက်မပြတ် သင်ယူနေတာတွေ၊ တိုးပွားနေတာတွေ ဖြစ်မနေဘူးဆိုရင် ကိုယ်က တည်ငြိမ်နေတဲ့ ရေကန်တစ်ခုလိုပဲ တစ်နေရာမှာ အောင်းနေပါလိမ့်မယ်။ ရေစီးဆင်းခြင်းမရှိတော့ ရေညှိတွေပဲ များလာမှာပေါ့။ လူတွေရဲ့ စိတ်ဆိုတာလည်း ဒီလိုပါပဲ၊ ကိုယ်က တက်တက်ကြွကြွနဲ့ အသစ်အသစ်တွေကို သင်ယူခြင်းမရှိဘူးဆိုရင် မှောင်မိုက်နေမှာပါပဲ။ ကောင်းမွန်တဲ့ စိန်ခေါ်ခြင်းတွေက ကိုယ့်ရဲ့စိတ်ဓာတ်၊ အတွေးအခေါ်တွေကို ဖြန့်ကျက်ပေးပါလိမ့်မယ်။

၎။ကိုယ့်ကိုယ်ကို မကောင်းတဲ့အချက်တွေပဲ မြင်နေတာများနေခြင်း

ကိုယ့်ကိုယ်ကို ပြန်စကားပြောခြင်းက ကိုယ့်ရဲ့ဘဝကို ဖန်ဆင်းပေးနိုင်သလို ဖျက်ဆီးပစ်နိုင်ပါတယ်။ ဟန်နရီ ဖော့ဒ် (Henry Ford) ပြောခဲ့သလိုပေါ့။ “ကိုယ်လုပ်နိုင်တယ်လို့ တွေးတွေး၊ မလုပ်နိုင်ဘူးလို့ တွေးတွေး၊ ဘယ်အတွေးပဲဖြစ်ဖြစ် ကိုယ့်အတွက် မှန်နေပါတယ်။” ကိုယ့်ကိုယ်ကို လုပ်ငန်းတစ်ခု စတင်ဖို့၊ ဒါမှမဟုတ် ရာထူးတိုးဖို့ မဖြစ်နိုင်သေးဘူးလို့ ထင်နေရင် တကယ်လည်း ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ဘဝကို ပြောင်းလဲဖို့ အားအင်ကုန်ခမ်းနေပြီလို့ ပြောနေမိရင်လည်း ဒီလိုပဲဖြစ်နေမှာပါပဲ။ ကိုယ့်ကိုယ်ကို ဘာပဲပြောပြော အဲဒီအရာက အမှန်အတိုင်း ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဘာပြောနေလဲဆိုတာ အမြဲတမ်းစောင့်ကြည့်နေပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အတွေးတွေက ကိုယ့်ဘဝနဲ့ ထပ်တူကျနေတာကို တွေ့ရပါလိမ့်မယ်။

၅။ကိုယ့်စိတ်ကို လှုံ့ဆော်နိုင်စွမ်းမရှိသလို ခံစားနေရခြင်း

တစ်ခုခုအပေါ်မှာ မြတ်နိုးမှု ရှိပါသလား။ လူတော်တော်များများက သူတို့မှာ ချစ်မြတ်နိုးတဲ့အရာ မရှိဘူးလို့ ထင်နေကြတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် လုံးဝမရှိဘူးဆိုရင်တော့ ပြောစရာ ဖြစ်လာပါပြီ။ ကိုယ့်ကို နှစ်သက်ပျော်ရွှင်စေတဲ့ အရာတစ်ခုကတော့ ရှိရပါတယ်။ ဒါကြောင့် ကိုယ့်ကို စိတ်လှုပ်ရှားစေတဲ့အရာကို ရှာဖွေဖို့ လိုအပ်ပြီး အဲဒီအရာကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။

၆။အနာဂတ်အတွက် အစီအစဉ် ဆွဲမထားခြင်း

လက်ရှိအချိန်မှာ ရှင်သန်နေထိုင်ဖို့ အရေးကြီးနေတဲ့အချိန်မှာ တခါတရံ အနာဂတ်ကိုလည်း ကြည့်သင့်ပါတယ်။ ကိုယ်အနာဂတ်မှာ ဘယ်နေရာကို သွားချင်သလဲ ဆိုတာပေါ့။ ကိုယ့်မှာ ပန်းတိုင်နဲ့ အစီအစဉ်ဆွဲထားခြင်းတွေ မရှိရင် ပင်လယ်ထဲမှာ ဦးတည်ရာမဲ့ မျောပါနေတဲ့ လှေတစ်စီးနဲ့ တူနေပါလိမ့်မယ်။ ကောင်းတဲ့နေရာတစ်ခုခုဆီကို ရောက်ပါစေဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ ဒါပေမယ့် အဲဒီနေရာရောက်အောင် ဒီတိုင်းမျောနေလို့ မဖြစ်ပါဘူး။ ကိုယ်အလိုရှိတဲ့နေရာကို ရောက်နိုင်အောင် တဆင့်ပြီးတဆင့် လမ်းညွှန်သွားရမှာပါ။ အစီအစဉ် ဆွဲထားခြင်က လမ်းပြပေးတဲ့ ဒိုင်ခွက်တစ်ခုလိုပေါ့၊ ဘဝအတွက်လည်း ကိုယ်ပိုင် လမ်းပြဒိုင်ခွက်တစ်ခုတော့ လိုအပ်ပါတယ်။

၇။ကိုယ့်ဘဝ တိုးတက်ရေးအတွက် မလုပ်ပေးနိုင်တဲ့ အပေါင်းအသင်းများနဲ့ အချိန်ဖြုန်းနေခြင်း

ကိုယ့်ကို လူတော်တစ်ယောက်လို့ မခံစားစေတဲ့ အပေါင်းအသင်းတွေနဲ့ လည်ပတ်ခြင်းမှာ နစ်မွန်းသွားဖို့က လွယ်ကူပါတယ်။ ဒါပေမယ့် ဒီလိုပဲ ဆက်လည်ပတ်နေမယ်ဆိုရင်တော့ သူတို့နဲ့တူတူ ဆွဲချခံလိုက်ရမှာပါ။ သူတို့အနေနဲ့ ကိုယ့်ဘဝအတွက် ကောင်းတဲ့အရာ ဘာမှာမပေးနိုင်ပါဘူး။ ဒီလိုလည်ပတ်နေမယ့်အစား တိုးတက်ကြီးပွားနေတဲ့လူတွေနဲ့ ပေါင်းသင်းနေထိုင်ပါ။

၈။လက်ကိုင်ဖုန်းကို စွဲလမ်းနေခြင်း

လက်ကိုင်ဖုန်းတွေဆိုတာက တော်တော်လေးကို စွဲမက်ဖွယ်ကောင်းပါတယ်။ ကျွန်မတို့ အသုံးပြုလိုက်တာနဲ့ လူကို အံ့သြသွားအောင် လုပ်စေနိုင်ပါတယ်။ ဖုန်းသုံးရတာ ပျော်စရာကောင်းပေမယ့် ကိုယ့်ဘဝရဲ့အချိန်တွေအားလုံးကို ဖုန်းနဲ့ပဲ ကုန်ဆုံးနေတော့မှာလား။ ပေါင်းသင်းဆက်ဆံရေးတွေထိပါ ထိခိုက်လာစေတယ်ဆိုရင်တော့ ဒါကတော်တော်လေးကို လွှဲမှားနေပါပြီ။ ကိုယ့်ခင်ပွန်း၊ ကိုယ့်သားသမီး၊ ကိုယ့်မိသားစုနဲ့ ထမင်းတူတူစားနေတဲ့အချိန်မှာတောင် လက်ကိုင်ဖုန်းနဲ့ မက်ဆေ့ခ်ျပို့နေတာ၊ အင်တာနက်သုံးနေတာတွေက ကိုယ်ချစ်ရတဲ့လူတွေနဲ့ တူတူရှိနေတဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ဆုံးရှုံးစေပါတယ်။ ကိုယ့်အနာဂတ်ကို အစီအစဉ်ချနိုင်မယ့် သီးသန့်အချိန်တွေကိုပါ ဆုံးရှုံးစေနိုင်ပါတယ်။

၉။အရေးမပါတဲ့ ပစ္စည်းတွေအပေါ် ငွေကြေးသုံးစွဲမိနေခြင်း

လိုအပ်တာနဲ့၊ လိုချင်တာက မတူညီပါဘူး။ ဒါကိုကျွန်မတို့ ငယ်ကတည်းက သိခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ဒီနှစ်မျိုးကြားမှာ ကျွန်မတို့ ကွဲပြားချက်ကို ဝေဝါးနေကြပါတယ်။ တကယ်တော့ အိမ်ငှားခတောင် မပေးနိုင်တဲ့ လူတွေမှာ ခေတ်မှီဆန်းသစ်တဲ့ အသုံးအဆောင်တွေ ရှိနေကြပါတယ်။ ဒါတွေကို မတွေးဘဲနေလိုက်ရင် ကျွန်မတို့တွေ အမှန်တကယ်လိုအပ်တဲ့အရာတွေက နည်းပါးနေပါတယ်။ အစားအစာ၊ ရေ၊ ခိုလှုံစရာနေရာနဲ့ ချစ်ခြင်းမေတ္တာ စတဲ့အရာအနည်းငယ် ပါပဲ။ ကျန်တာတွေအားလုံးက လိုအပ်တာမဟုတ်ဘဲ အပိုခံစားလို့ရတဲ့ အရာတွေပါ။ ဒါကြောင့် ငွေကြေးသုံးစွဲတော့မယ်ဆိုရင် ချိန်တွယ်လို့ရနိုင်မရနိုင် စဉ်းစားဖို့လိုပါတယ်။ ငွေကြေးကို သုံးစွဲလိုက်ရင်လည်း ဖြစ်ပေမယ့် အနာဂတ်အတွက်လည်း စုဆောင်းလို့ရနိုင်ပါတယ်။

၁၀။အိပ်ရေးမဝခြင်း

အိပ်စက်ခြင်းဆိုတာ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့အရာပါ။ အလုပ်တွေ အရမ်းများနေလို့ အိပ်ရေးဝအောင် မအိပ်နိုင်တာပဲဖြစ်ဖြစ်၊ ညဆိုရင် မိုးချုပ်တဲ့ထိနေတတ်တဲ့ အကျင့်လေးရှိနေတာဖြစ်ဖြစ် ဒီအလေ့အထလေးတွေကို ပြင်ဆင်ဖို့ သင့်ပါတယ်။

၁၁။မိမိခန္ဓာကိုယ်ကို ဂရုမစိုက်ခြင်း

အိပ်စက်ခြင်းက အရေးပါသလို အစားအသောက်နဲ့ လေ့ကျင့်ခန်းကလည်း ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အားလုံးလည်း သိပြီးသားဖြစ်တဲ့ အချက်တွေကို ပြန်ပြောနေတာပါ။ ဒါပေမယ့် မျှမျှတတစားသောက်တာ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းတာတွေ ပြုလုပ်တာ၊ ခန္ဓာကိုယ် လှုပ်ရှားမှုပြုလုပ်တာတွေက ကိုယ်အလေးချိန်ကျသွားတာထက်ကို ပိုပြီးကောင်းကျိုးတွေ ပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာအပြင် တစ်ကိုယ်လည်း ကျန်းမာရေးကိုပါ အစစအရာရာ တိုးတက်ကောင်းမွန် လာစေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းတွေကို ပြန်သုံးသပ်ပါ။ နည်းနည်းလေး ပြောင်းလဲလိုက်တာနဲ့ ဘဝက အများကြီးတိုးတက်ကောင်းမွန် လာပါလိမ့်မယ်။

၁၂။ကိုယ်မနှစ်သက်တဲ့ ဘဝတစ်ခုမှာ ရှင်သန်နေခြင်း

လူတစ်ယောက်ရဲ့ အောင်မြင်မှုကို ထိုလူရဲ့ ပျော်ရွှင်မှုနဲ့ တိုင်းတာပါတယ်။ သင်ပျော်ရွှင်နေပါသလား။ မပျော်ဘူးဆိုရင်တော့ တစ်ခုခုကို ပြောင်းလဲရပါလိမ့်မယ်။ စိတ်ကျေနပ်စရာကောင်းပါတယ် ဆိုတဲ့ခံစားချက်ကတောင် ကိုယ်ကကိုယ့်ဘဝကို ပြည့်ပြည့်ဝဝ ရှင်သန်နေပါတယ်လို့ မဆိုလိုနိုင်ပါဘူး။ ဘဝဆိုတာ ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နက်နေသင့်တာပါ။ ဒါကြောင့် ကိုယ့်ဘဝကိုယ် ပျော်ရွှင်နှစ်သက်ခြင်း မရှိရင် ကိုယ့်ဘဝပိုမိုကောင်းမွန်လာဖို့အတွက် အပြောင်းအလဲလေးတွေကို ပြုလုပ်သင့်ပါတယ်။

အပေါ်က အချက် (၁၂)ချက်လုံးက ကိုယ်နဲ့ ကိုက်ညီနေတယ်ဆိုလို့ စိတ်အားငယ်မသွားပါနဲ့။ ပြောင်းလဲလို့ ရတာပဲမဟုတ်လား။ ဒါပေမယ့် ပထမဆုံး ကိုယ်လုပ်နိုင်မှာ မဟုတ်ဘူးလေဆိုတဲ့ အတွေးကိုတော့ ခေါင်းထဲက ထုတ်ဖို့လိုတယ်နော်။ များသောအားဖြင့် ကိုယ့်ကိုတားဆီးနေတဲ့ အရာက ကိုယ့်ရဲ့အတွေးတွေပါပဲ။ ဒါကြောင့် ဒီအတွေးတွေကနေ စကြတာပေါ့။ ကိုယ့်အတွေးတွေကို စပြီးပြောင်းလဲပါ၊ ကိုယ့်ဘဝဟာလည်း ပြောင်းလဲသွားပါလိမ့်မယ်။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။