စွဲမက်ဖွယ်ကောင်းအောင် ဆွဲဆောင်နိုင်တဲ့ အမျိုးသမီးဖြစ်ဖို့ ဘာတွေဆောင်ရမလဲ။

blank

၁။   အကောင်းမြင်စိတ်ကို မွေးမြူပါ။ သွက်လက်ပျော်ရွှင်နေတဲ့ ဟန်ပန်လေးတွေ သင့်ကိုလင်းလက်စေပါတယ်။

၂။   ကိုယ့်ရဲ့ အားနည်းချက်တွေအကြောင်း စဉ်းစားပြီး အားငယ်နေမယ့်အစား အားနည်းချက်တွေကို ဘယ်လိုပြုပြင်မလဲ၊ ကိုယ့်မှာ ဘယ်လိုအားသာချက်တွေရှိနေလဲဆိုတာကို စဉ်းစားပါ။

၃။  ကိုယ့်ရဲ့ကိုယ်သင်းနံ့ကိုထူးခြားပြီး ချိုမြနေတဲ့အနံ့လေးဖြစ်အောင်ထားပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။

၎။ ကိုယ်ဟာ လူတိုင်းသဘောကျအောင် မနေနိုင်ဘူးဆိုတာကို သတိရပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ကိုယ့်ရဲ့စိတ်တွင်းက စကားသံကို အမြဲနားထောင်ပါ။

၆။ ချိန်းဆိုထားတဲ့နေရာကို အမြဲတမ်းအချိန်မှန်ရောက်အောင် သွားပါ။

၇။   မနက်တိုင်း မှန်ထဲမှာပေါ်လာတဲ့ ကိုယ့်ရဲ့ပုံရိပ်ကို ပြုံးပြပါ။

၈။  အခြားလူတွေအကြောင်းမကောင်းပြောတာမျိုးကို ရှောင်ကြဉ်ပါ။

၉။  လူတစ်ယောက်နဲ့ စကားပြောတဲ့အခါ မျက်လုံးကို တည့်တည့်ကြည့်ပြီး ပြောပါ။ ရယ်စရာလေးတွေ ပြောပါ။

၁ဝ။ ကိုယ့်ကိုယ်ကိုချစ်ပါ၊ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။

၁၁။   လူတိုင်းအပေါ် ကြင်နာမှုအပြည့်နဲ့ ယဉ်ကျေးစွာ ဆက်ဆံပါ။

၁၂။ ကိုယ်ပိုင်ဖက်ရှင် တစ်ခုထားပါ။ ကိုယ်ကြိုက်နှစ်သက်ပြီးကိုယ်နဲ့လိုက်ဖက်မယ့် အဝတ်အစားတွေကိုပဲဝတ်ဆင်ပါ။

၁၃။ အမြဲတမ်းလေ့လာသင်ယူနေပါ။

၁၄။ မနက်ခင်းမှာ အကောင်းမြင်စိတ်တွေနဲ့ နှိုးထလာစေဖို့ ကောင်းမွန်တဲ့အရာတွေကို တွေးပြီး အိပ်ရာဝင်ပါ။

၁၅။     ခြေသည်း၊ လက်သည်းလေးတွေ သန့်ရှင်းအောင်ထားပါ။ အရောင်လှလှလေးတွေ ဆိုးပါ။

၁၆။     ခန္ဓာကိုယ်လေးကျစ်လစ်နေစေမယ့် အားကစားတစ်ခုခုလုပ်ပါ။

၁၇။      နှုတ်ခမ်းဆိုးဆေး Lip-gloss ဆိုးပါ။

၁၈။ ကိုယ်ပိုင်ဟန်ရှိအောင် မွေးမြူပါ။ အခြားလူတွေကို အတုခိုးပြီး ပြုမူနေထိုင်တာမျိုးကို ရှောင်ကြဉ်ပါ။

၁၉။ စာများများဖတ်ပါ။ ကိုယ့်အကြောင်း နည်းနည်းပဲပြောပါ။ အခြားလူတွေအကြောင်း များများနားထောင်ပါ။

၂ဝ။ ဒေါက်မြင့်ဖိနပ်စီးပြီး ကျက်သရေရှိရှိ လမ်းလျှောက်တတ်အောင် သင်ယူပါ။

သင်ကော… ဘယ်လိုအကြံဉာဏ်လေးတွေပေးချင်လဲ။ မျှဝေပေးခဲ့ပါဦး။