အကျင့်ဆိုးလေးတွေ ဖျောက်ပေးမယ့် နည်းလမ်း (၇)ချက်

blank

အကျင့်ဆိုးလေးတွေကကိုယ့်ဘဝကိုအုပ်စိုးဖို့ ခွင့်ပြုနေမိတာကိုသတိထားမိပြီဆိုရင် သေချာတာကတော့ ဒီအကျင့်ဆိုးတွေကနေလွတ်မြောက်ဖို့ နည်းလမ်းတွေ ရှိတယ်ဆိုတာပါ။ အတင်းအဖျင်းပြောတတ်တဲ့ အကျင့်ဆိုးလေးတွေ၊ ဖေ့ဘွတ်မသုံးရရင် မနေနိုင်ဖြစ်နေတဲ့ အကျင့်ဆိုးလေးတွေ စသဖြင့်ပေါ့။ ဒီလိုအကျင့်ဆိုးလေးတွေကိုကိုင်တွယ်ဖို့ ပထမဆုံးခြေလှမ်းကတော့ ကိုယ့်မှာအကျင့်ဆိုးလေးရှိတယ်ဆိုတာဝန်ခံဖို့ပါပဲ။ ပြီးပြီဆိုရင် ဒီအကျင့်ဆိုးလေးကိုအောက်ပါနည်းလမ်းတွေနဲ့ တိုက်ထုတ်ဖို့ ကိုယ့်ကိုယ်ကို ပြင်ဆင်လိုက်ပါ။

၁။ အတုဖွယ်ကောင်းသောလူတွေနဲ့ ကိုယ့်ကိုယ်ကိုဝန်းရံထားပါ။

ကိုယ့်အကျင့်ဆိုးတွေ ဖျောက်နိုင်ဖို့ဆိုရင် ဒီနည်းလမ်းကအစွမ်းအထက်ဆုံးနည်းလမ်းတွေထဲကတစ်ခုပါ။ ကိုယ့်ဘဝကိုမြှင့်တင်ပေးနိုင်မယ့်၊ ကိုယ်လိုချင်တဲ့ဘဝမျိုးရအောင် အင်အားတွေပေးနိုင်မယ့် လူတွေကြားမှာနေထိုင်ပါ။ ဒီလိုနဲ့ ကိုယ်တွဲနေတဲ့လူရဲ့ပုံစံမျိုးကိုယ်ဖြစ်လာပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ အတားအဆီးလေးတွေ ဖန်တီးထားပါ။

အကျင့်ဆိုးတစ်ခုကို ပြုလုပ်ဖို့ခက်ခဲအောင် ဖန်တီးထားမယ်ဆိုရင် ဒါကိုလုပ်မိဖို့ စိတ်သိပ်မပါတော့ပါဘူး။ ယုံကြည်ရတဲ့ သူငယ်ချင်းဖြစ်ဖြစ်၊ မိသားစုဝင်တစ်ယောက်ယောက်ကိုဖြစ်ဖြစ် အကူအညီတောင်းပြီးကိုယ့်အကျင့်ဆိုးကိုဟန့်တားပေးနိုင်မယ့်အတားဆီးလေးဖန်တီးထားပါ။ လက်သည်းကိုက်တတ်တဲ့အကျင့်လေးတွေ သို့မဟုတ် အချိုစားတတ်တာမျိုးတွေပေါ့။ ဘာပဲဖြစ်ဖြစ် ဒီအကျင့်ဆိုတွေကို ပြုလုပ်မိဖို့ ခက်ခဲအောင် အတားအဆီးတွေ ဖန်တီးထားရမှာဖြစ်ပါတယ်။

၃။ တစ်ချိန်မှာအကျင့်ဆိုးတစ်ခုတည်းကိုဖျက်ပစ်ဖို့ အာရုံစိုက်ပါ။

အကျင့်ဆိုးတစ်ခုတည်းကိုအာရုံစိုက်လိုက်ပါ။ ပထမဆုံးကိုယ့်ကိုယ်ကိုစမ်းသပ်ရမှာဖြစ်ပါတယ်။ ဘယ်အကျင့်ဆိုးကကိုယ့်ကိုသို့မဟုတ် မိသားစုကို၊ သူငယ်ချင်းကိုအဆိုးရွားဆုံးထိခိုက်စေနိုင်လဲဆိုတာစမ်းသပ်ပါ။ သိရှိသွားပြီဆိုရင် ဒီအကျင့်ဆိုးကိုစပြီးတိုက်ထုတ်ပါ။ ပြီးရင် တခြားအကျင့်ဆိုးတွေ တစ်ခုပြီးတစ်ခုတိုက်ထုတ်လိုက်ပါ။ အကျင့်ဆိုးတစ်ခုကိုဖျောက်ပစ်နိုင်ပြီဆိုရင်တော့ တခြားအကျင့်ဆိုးတွေကိုရှင်းပစ်ရာမှာလွယ်ကူသွားပါလိမ့်မယ်။

၎။ အကျင့်ဆိုးတစ်ခုကိုမလုပ်မိအောင်သည်းခံနိုင်ပြီဆိုရင် ကိုယ့်ကိုယ်ကိုဂုဏ်ပြုပေးပါ။

ကျွန်မတို့အားလုံးကကိုယ်အလုပ်တစ်ခုလုပ်နိုင်ပြီဆိုရင် ဆုချချီးမြင့်ပေးတာကိုလိုချင်ကြပါတယ်။ အောင်မြင်တယ်ဆိုတဲ့ ခံစားချက်၊ လုပ်နိုင်တယ်ဆိုတဲ့ခံစားချက်ကထူးခြားတဲ့ခံစားချက်တစ်ခုပါ။ ဒါကြောင့် ကိုယ့်အကျင့်ဆိုးလေးကိုမလုပ်မိအောင် ထိန်းချုပ်နိုင်ပြီ၊ သည်းခံနိုင်ပြီဆိုရင် ကိုယ့်ကိုယ်ကိုဂုဏ်ပြုဖြစ်အောင် ဂုဏ်ပြုပါ။ လက်သည်းလေးတွေ ဆိုင်မှာသွားဆိုးလိုက်တာဖြစ်ဖြစ်၊ ဖိနပ်အသစ်လေးတစ်ရံဝယ်စီးလိုက်တာဖြစ်ဖြစ် သို့မဟုတ်လည်း shopping ထွက်တာဖြစ်ဖြစ်ပေါ့။

၅။ တစ်ယောက်ယောက်နဲ့ ပူးပေါင်းလိုက်ပါ။

ဒီအကျင့်ဆိုးဖျက်နေတဲ့ ခရီးလမ်းကိုတစ်ယောက်တည်းသွားစရာမလိုပါဘူး။ ဒီလိုအကျင့်ဆိုးတွေရှိတဲ့ သူငယ်ချင်းတွေအများကြီးရှိပါတယ်။ မိသားစုထဲမှာလည်းအကျင့်ဆိုးလေးတွေ ရင်ဆိုင်နေရတဲ့ မိသားစုဝင်တွေ ရှိပါတယ်။ ကိုယ်နဲ့ အနီးစပ်ဆုံးလူနဲ့ ပူးပေါင်းလိုက်ပါ။ တစ်ယောက်ကိုတစ်ယောက် ကူညီပြီးအကျင့်ဆိုးတွေကိုတူတူကျော်လွှားကြတာပေါ့။

၆။ ကိုယ့်ကိုယ်ကိုယုံကြည်ပါ။

ကိုယ့်အကျင့်ဆိုးထက် ကိုယ်ကပိုပြီးကြံ့ခိုင်တယ်ဆိုတာယုံကြည်ထားပါ။ ဒီအကျင့်ဆိုးတွေအားလုံးကိုလည်းတိုက်ထုတ်နိုင်တယ်ဆိုတာယုံကြည်ထားပါ။ ကိုယ့်ကိုယ်ကိုများများချီးမွမ်းလေကိုယ့်အတ္တကကြီးထွားလာလေပါပဲ။ ကိုယ့်ဘဝရဲ့ အရှင်သခင်ကကိုယ်ပဲဆိုတာကိုကိုယ့်ကိုယ်ကိုပြန်ပြောပါ။ ဒီလိုဆိုရင် အကျင့်ဆိုးတွေ ဖျောက်ဖျက်တဲ့ နေရာမှာပိုမိုလွယ်ကူလာပါလိမ့်မယ်။

၇။ စိတ်ရှည်သည်းခံပါ။

Gym တစ်ရက်သွားကစားလိုက်တာနဲ့ (၁၀)ပေါင်မကျနိုင်ပါဘူး။ ဒီလိုပဲတစ်ညတည်းနဲ့ အကျင့်ဆိုးတွေကိုဖျောက်ပစ်လို့မရပါဘူး။ ရလဒ်ကောင်းရချင်ရင်တော့ ကိုယ့်ပန်းတိုင်ရောက်တဲ့အထိစိတ်ရှည်သည်းခံရမှာဖြစ်ပါတယ်။

ကိုယ်ကကိုယ်ထင်ထားတာထက်ပိုပြီး ကြံ့ခိုင်ပါတယ်။ ကိုယ့်အကျင့်ဆိုးတွေရှိရှိမရှိရှိကိုယ့်ကိုယ်ကိုချစ်ပေးဖို့ လိုအပ်ပါတယ်။ အကျင့်ဆိုးတွေကိုဆက်လက်ကျင့်သုံးနေမလား၊ တိုက်ထုတ်ပစ်မလားဆိုတာကိုယ့်ရဲ့ရွေးချယ်မှုပါပဲ။ စာဖတ်သူဖျောက်ပစ်ချင်နေတဲ့ အကျင့်ဆိုလေးကဘာလေးလဲဆိုတာ မျှဝေပေးပါဦး။

အ​တွေးအခေါ်များကို မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။