လှပတဲ့အသားအရေနဲ့ ဆံနွယ်တွေပိုင်ဆိုင်ဖို့အတွက် ထူးကဲကောင်းမွန်သော စားစရာ(၁၀)မျိုး

blank

သဘာဝအလှကို ပိုင်ဆိုင်နိုင်ဖို့ အကောင်းဆုံးက သင့်တင့်မျှတတဲ့ အစားအသောက်ကို စားသုံးခြင်းပါပဲ။ မျှတတဲ့အစားအသောက်တွေထဲကမှ အသားအရေ နှင့် ဆံကေသာ အတွက် အထူးကောင်းမွန်တဲ့ အစားအစာ (၁၀) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။     သစ်ကြားသီး

သစ်ကြားသီးလေးတွေကတော့ အိုမီဂါသရီး ဖက်တီးအက်ဆစ်(omega-3 fatty acids), ဘိုင်အိုတင်(biotin), ဗီတာမင် အီး(vitamin E) တို့အပြည့်အ၀ပါဝင်တယ်လေ။ အသားအရေချောမွေ့စေဖို့နဲ့ ကျန်းမာသန်စွမ်းတဲ့ ဆံကေသာတို့အတွက် အကောင်းဆုံးပါ။ သစ်ကြားသီးတွေမှာ ကော့ပါး(copper) လဲပါဝင်တာကြောင့် ဆံကေသာ၏ မူလအရောင်ကို တောက်ပစေပါတယ်။ တစ်ရက်မှာ နည်းနည်းလောက်စားပေးရုံနဲ့ လုံလောက်ပါတယ်။

၂။     ထောပတ်သီး

ထောပတ်သီးတွေက အရသာလည်းရှိသလို မိုနို အန်စက်ကျူရိတ်တက် ဖတ် (monounsaturated fats) ပါဝင်လို့ အရေပြား၊ ဆံကေသာ နှင့် ခြေသည်းလက်သည်း တွေအတွက် အထူးကောင်းမွန်ပါတယ်။

၃။     လတ်ဆတ်သော ဆော်လမွန်(Salmon) ငါးစိမ်း

ဆံပင်သန်စွမ်းစေတဲ့ ပရိုတိန်း(protein) နှင့် ဗင်တာမင် ဒီ(vitamin D) တို့အပြင် အိုမီဂါသရီး ဖက်တီးအက်ဆစ်(omega-3 fatty acids) လည်းပါဝင်တယ်လေ။ အိုမီဂါသရီး(Omega-3) က ဦးခေါင်းကအရေပြားနဲ့ ဆံနွယ်တွေရဲ့ အဆီဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ တကယ်လို့ ဆော်လမွန်(Salmon) ငါးမရနိုင်တဲ့ နေရာတွေမှာဆိုရင် ငါးသလောက်၊ ဆာဒင်းငါး နှင့် ငါးကွမ်းရှပ် တို့ကို စားသုံးနိုင်ပါတယ်။

ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။     ကန်ဇွန်းဥ

ကန်ဇွန်းဥတွေမှာ ဗီတာမင် အေ၊စီ၊အီး(vitamin A,C,E) နှင့် ဘီတာ ကယ်ရိုတင်း(beta carotene) တို့ပါဝင်ပါတယ်။ ဒီ (၄) မျိုးလုံးက အသားအရေ နှင့် အရေပြားလှပဖို့အတွက် အလွန်အရေးပါ ပါတယ်။

၅။     ဟင်းနုနွယ်

ဟင်းနုနွယ်မှာ အန်တီအောက်ဆီးဒန့်(antioxidant) တွေပါဝင်လို့ ပျိုမေတို့ရဲ့ အသားအရေကို အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အခြား ဗီတာမင်နှင့် မင်နရယ်(vitamins and minerals) နဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ်(omega-3 fatty acid) တွေလည်းပါဝင်ပါသေးတယ်။

၆။     ပဲနီလေးများ

သေးပေမယ့် အစွမ်းထက်တယ်။ ဒီပဲလေးတွေမှာ ပရိုတိန်း(protein), အိုင်းရွန်း(iron), ဇင့်(zinc) နဲ့ ဘိုင်အိုတင်(biotin) တို့ပါဝင်ပါတယ်။ အခြားပဲတွေဖြစ်တဲ့ ပဲပုပ်၊ ပဲကြီးတို့ကိုလည်း စားပေးနိုင်ပါတယ်။

၇။     ကိုက်လန်

ကျန်းမာရေးအတွက် အကောင်းဆုံး အစားစာထဲမှ တစ်ခုအဖြစ် လူသိများနေတယ်။ သူ့မှာလည်း ဗင်တာမင်(vitamins) , မင်နရယ်(minerals) and အိုမီဂါသရီး ဖက်တီးအက်ဆစ်(omega-3 fatty acids) တို့ပါဝင်လို့ပါပဲ။

၈။     ခရမ်းချဉ်သီး

လှပတဲ့အသားအရေ နှင့် ဆံကေသာ တို့အတွက် အစွမ်းထက်တဲ့ စားစရာလေးပါ။ သူတို့ကို ချက်စားခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတဲ့ အကောင်းဆုံး အန်တီအောက်ဆီးဒန့် လိုင်ကိုပင်း(antioxidant lycopene) ကို ထုတ်လုပ်ပေးနိုင်ပါတယ်။

၉။     စတော်ဘယ်ရီ

စတော်ဘယ်ရီလေးတွေမှာ ဗီတာမင်စီ (vitamin C) အများကြီးပါဝင်တယ်လေ။ ကော်လဂျင်(collagen) ထုတ်ပေးမှုအားကောင်းစေတာကြောင့် အရေပြားကို ကျန်းမာစေတယ်။ သွေးလည်ပတ်ခြင်း ကောင်းမွန်စေပါတယ်။

၁၀။    ဒိန်ချဉ်

ဒိန်ချဉ်မှာပါတဲ့ ကယ်ဆီယံ (calcium) က အရေပြားနှင့် ဆံနွယ်တွေ ကျန်းမာဖို့အတွက် အထောက်အကူ ဖြစ်ပါတယ်။ အရေပြားပြဿနာများဖြစ်တဲ့ ၀က်ခြံတို့ ဘောက်တို့ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

အထက်ပါအစားအသောက်လေးတွေကို ပုံမှန်စားသောက်နေတဲ့ အစားအသောက်အဖြစ် စားသောက်ကြမယ်ဆိုရင် သဘာဝအလှပိုင်ရှင်လေးတွေ ဖြစ်လာမှာပါ။ ပြီးတော့ ကျန်းမာရေးအတွက်လည်း အများကြီး အထောက်အကူဖြစ်စေတယ်လေ။ ဒါကြောင့် shopping ထွက်မယ်ဆိုရင် အလှဖန်ဆင်းရှင် အစားအသောက် ၁၀ မျိုးကိုလည်း ၀ယ်ဖို့မမေ့ကြနဲ့နော်။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။