မနက်စောစော သစ်သီးစားသုံးခြင်း၏ ကောင်းကျိုးရလဒ်လေးများ

blank

သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကတော့ ကျွန်မတို့အတွက် အကောင်းဆုံး ရွေးချယ်စားသုံးသင့်တဲ့ အစားစာတွေပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက ကယ်လိုရီနည်းပြီး အာဟာရဓာတ်ကြွယ်ဝတာကြောင့်ပါ။ ဒါတင်မကပါဘူး။ နေ့စဉ် မနက်ခင်းမှာ သစ်သီးတွေစားသုံးပေးမယ်ဆိုရင် ရရှိမယ့် ကောင်းကျိုးတွေအများကြီးရှိပါတယ်။ ဒါတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ မနက်ခင်း (၇)နာရီနဲ့ (၁၁)နာရီကြားအချိန်မှာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေ များစွာကို ဖယ်ရှားပေးပါတယ်။ ဒီအချိန်မှာ ဗိုက်ထဲမှာ ဘာမှမရှိရင်တောင် အသီးတွေ စားပေးခြင်းဖြင့် အဆီများတဲ့အစားအသောက်တွေကြောင့် ဖြစ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်ပါတယ်။

၂။ မနက်ခင်းမှာ သစ်သီးလုံလုံလောက်လောက် စားပေးခြင်းအားဖြင့် ကော်ဖီသောက်စရာ မလိုတော့ပါဘူး။ သစ်သီးမှာပါဝင်တဲ့ အချိုဓာတ်က ဦးနှောက်ကို နိုးကြားတက်ကြွစေလို့ပါ။

၃။ သစ်သီးမှာပါတဲ့ အမျှင်ဓာတ်က အူမကြီးကို ရှင်းလင်းပေးတဲ့အတွက် နေရထိုင်ရတာ လန်းဆန်းပြီး ပေါ့ပါးစေပါတယ်။

၎။ မနက်စာကို သစ်သီးပဲစားတဲ့လူတွေက တစ်နေ့တာမှာ ကောင်းကောင်းအလုပ်လုပ်နိုင်ပြီး ကျန်းမာကြပါတယ်။

၅။ခြုံပြီးပြောရရင် သစ်သီးတွေမှာ ဗီတာမင်နဲ့ အန်တီအောက်ဆီးဒန့်တွေ များစွာပါဝင်ပါတယ်။ ပုံမှန်စားနေကျ မနက်စာတွေထက်ပိုပြီး ဗီတာမင်စီ ကြွယ်ဝပါတယ်။ ပန်းသီး၊ လိမ္မော်သီး၊ ငှက်ပျော်သီးတွေမှာဆိုရင် ထူးခြားတဲ့ anti-microbial compound တွေပါဝင်ပါတယ်။ ဒါတွေက ခုခံအားကောင်းစေပြီး ဆဲလ်များကို ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။

၆။သစ်သီးမှာပါဝင်တဲ့ ဗီတာမင်စီက အအေးမိတာတွေကို ကာကွယ်နိုင်တဲ့အပြင် စိတ်ဖိစီးခြင်းကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။

၇။တစ်ညလုံး ရေဓာတ်ချို့ယွင်းပြီး အိပ်ယာကထလာတဲ့အခါ သစ်သီးတွေက သဘာဝအလျောက် ရေဓာတ်ဖြည့်တင်းပေးပါတယ်။

အကောင်းဆုံး ရလဒ်ရစေဖို့ ဆိုရင် မနက်စာကို သစ်သီးစားမယ်ဆိုရင် အစာခြေဖို့မလွယ်တဲ့ နို့နဲ့ အသားတွေကို မစားပါနဲ့။ ဘာကြောင့်လဲဆိုတော့ အသားဓာတ်နဲ့ သစ်သီးတွေကို တစ်ချိန်တည်း ခြေဖျက်တဲ့အခါ အစာအိမ်က မအီမသာဖြစ်နိုင်ပါတယ်။ တစ်နေ့တာမှာ ပထမဆုံး စားချင်တဲ့ အသီးက ဘာအသီးဖြစ်ပါသလဲ။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊