မိခင်နှင့် (၄)နှစ်အရွယ်သမီးလေးတို့ရဲ့ အထင်ကြီးဖွယ်ယောဂ (Yoga) ကျင့်နေဟန်လေးများ

blank

ယောဂ (Yoga) ဆိုတဲ့ စကားလုံးလေးမြင်တာနဲ့ တင်ပလ္လင်ခွေထိုင်ပြီး လေပေါ်ပျံတော့မလို ဈာန်ဝင်နေတဲ့ အိန္ဒြိယဂုရုကြီးကို ပြေးမြင်ကောင်းမြင်မိလိမ့်မယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ဆယ်စုနှစ်ကျော်ကျော်ကစပြီး ယောဂဆိုတာ ကမ္ဘာတစ်ဝှမ်းလုံးမှာ နာမည်ကျော်ကြားလာပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါ အကျိုးရှိတဲ့ လေ့ကျင့်ခန်းတစ်မျိုးအနေနဲ့ပေါ့။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တစ်ချို့အမျိုးသမီးတွေက ဂျင်(gym)တွေမှာ နှလုံးနဲ့ဆိုင်တဲ့ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန်ပြုလုပ်ပြီး ကိုယ်အလေးချိန်ထိန်းကြပါတယ်။ တခြားသူတွေ ဒီလိုလုပ်နေချိန်မှာ ကလေးနှစ်ယောက်အမေ လော်ရာ ကက်စပါဇက် (Laura Kasperzak) အသက်(၃၆) နှစ်ကတော့ ယောဂလေ့ကျင့်ပြီး သူ၏သွယ်လျသောခန္ဓာကိုယ်ကို ထိန်းသိမ်းနေပါတယ်။ ကက်စပါဇက် နဲ့ (၄)နှစ်အရွယ်သမီးလေး မီနီ(Mini) တို့သားအမိနှစ်ယောက်ဟာ သူတို့ရဲ့ လေးစားဖွယ်ကောင်းတဲ့ ယောဂကျင့်ဟန်လေးတွေကို Instagram ပေါ်တင်ပြီးကတည်းက အင်တာနက်ပေါ်မှာ ရေပန်းစားလာပါတယ်။ လော်ရာက ယောဂလေ့ကျင့်လာတာ (၁၇)နှစ်ရှိပါပြီ။ သမီးလေး မီနီနဲ့ သားလေး တို့ကလည်း ပုံမှန်တူတူလေ့ကျင့်ကြပါတယ်။ ဒါပေမယ့် မီနီရဲ့ကိုကိုက ကင်မရာရှက်တတ်သူလေးမို့ ဓာတ်ပုံတွေမှာ မပါဘူး။ လော်ရာနဲ့ မီနီကိုအခုဆိုရင် Instagram ပေါ်မှာ လူပေါင်း (၇၈၀,၀၀၀) ကျော်က follow လုပ်နေကြပြီလေ။

ဒီသားအမိနှစ်ယောက်က တကယ့်ကို လေးစားဖွယ်ကောင်းကြပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကို ဘယ်လောက်ပျော်စရာကောင်းတယ်ဆိုတာ သရုပ်ဖော်နိုင်ပြီး ကလေးတွေအတွက်ပါ နမူနာယူစရာဖြစ်လာတယ်လေ။ လူကြီးတွေအနေနဲ့ အဓိက လုပ်ရမှာက ကလေးတွေစိတ်ဝင်စားအောင် နည်းလမ်းမှန်မှန်နဲ့ လှမ်းကြောင်းပေးနိုင်ဖို့ပဲ။ လှပပြီး စိတ်နှလုံးနွေးထွေးဖွယ် ပုံလေးတွေကို မိတ်ဆက်ခြင်းဖြင့် ဒီသားအမိနှစ်ယောက်က ယောဂကျင့်စဉ်အစဉ်အလာကို ရှုထောင့်အသစ်မှ မြင်ယောင်စေပါတယ်။

 

Yoga_Pose_5
Yoga Pose

 

Yoga_Pose_4
Yoga Pose

 

Yoga_Pose_3
Yoga Pose

 

Yoga_Pose_2
Yoga Pose

 

Yoga_Pose_1
Yoga Pose

 

Yoga Pose
Yoga Pose

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။