ကျန်းမာရေးအတွက် ဂျင်းရဲ့အံ့မခန်းအကျိုးကျေးဇူးများ

blank
OLYMPUS DIGITAL CAMERA
၁။ ဖျားနာခြင်းကို သက်သာစေတယ်။

နေထိုင်မကောင်းတဲ့လူတွေက မအီမသာဖြစ်နေတဲ့ အခြေအနေတွေမှာ ဂျင်းကို အိမ်တွင်းဆေးနည်းအဖြစ်သုံးကြပါတယ်။

၂။ သွေးလည်ပတ်မှု ကောင်းစေတယ်။

ဂျင်းမှာ မက်ဂနီဆီယမ်၊ ခရိုမီယမ်နဲ့ ဇင့်ဓာတ်တွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း သွေးလည်မှုကို ကောင်းမွန်စေပါတယ်။

၃။ အအေးမိခြင်းနဲ့ တုပ်ကွေးရောဂါတွေကို သက်သာစေပါတယ်။

ဂျင်းကို အမုန့်ချေပြီး တစ်နေ့ သုံးကြိမ်ကနေ လေးကြိမ်အထိ သောက်သုံးပေးမယ်ဆိုရင် အအေးမိခြင်းနဲ့ တုပ်ကွေးရောဂါတွေကို သက်သာစေပါတယ်။

၎။ အာဟာရဓာတ်စုပ်ယူမှုကို ကောင်းမွန်စေပါတယ်။

ပင်ပန်းနွမ်းနယ်နေတဲ့အခါ ဂျင်းဟာ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေပါတယ်။

၅။ အူမကြီးကင်ဆာဖြစ်ခြင်းကို လျှော့ကျစေပါတယ်။

ဂျင်းကို ပုံမှန်စားသုံးပေးမယ်ဆိုရင် အူမကြီးကင်ဆာဖြစ်ခြင်းကို လျှော့နည်းစေပါတယ်။

၆။ အစာအိမ်ပြဿနာတွေကို လျှော့ကျစေပါတယ်။

ဂျင်းဟာ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အစာစုပ်ယူမှု ကောင်းမွန်စေပြီး ဗိုက်အောင့် ဗိုက်နာခြင်းကို သက်သာစေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။ သားအိမ်ကင်ဆာရောဂါတွေကိုလည်း သက်သာစေပါတယ်။

ဂျင်းပါဝင်တဲ့ဆေးတွေဟာ သားအိမ်ကင်ဆာဖြစ်စေတဲ့ ဆဲလ်သေတွေကို ခုခံပေးပါတယ်။

၈။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို သက်သာစေပါတယ်။

ချောင်းဆိုးခြင်းနဲ့ နျူမိုးနီးယားရောဂါလို အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေအတွက် ဂျင်းဟာ အသုံးဝင်တဲ့ ဆေးစွမ်းတစ်လက်ဖြစ်ပါတယ်။

၉။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

ဂျင်းပါဝင်တဲ့ ဆေးတွေဟာ သွေးကြောထဲမှ အဆီတွေကို တိုက်ထုတ်ပေးပါတယ်။

၁ဝ။ မအီမသာဖြစ်ခြင်းကို လျှော့ချပေးပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဂျင်းဟာ မအီမသာဖြစ်ခြင်းကို သက်သာစေတဲ့ အိမ်တွင်းဆေးတစ်ခွက် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတတစ်ခုခုရလိုက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။