သင့်ကိုယ်သင်ချစ်ရင် ကိုယ်တိုင်ချက်ပြုတ်စားလိုက်ပါ။

blank

စာချစ်သူတို့ရေ…

အစားအစာဆိုတာ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေတဲ့အရာ၊ စွမ်းအင်ပေးတဲ့ အရာပါ။ စိတ်ကော ကိုယ်ပါသွားလာလှုပ်ရှားနိုင်ဖို့ အဓိကလောင်စာဆိုလည်း မမှားပါဘူး။ ဒါ့အပြင် အစားအသောက်ဟာ စိတ်ခံစား မှုနဲ့လည်း အများကြီး ဆက်နွှယ်နေပါတယ်။

ခေတ်မီတိုးတက်လာတာနဲ့အမျှ ရယ်ဒီမိတ်တွေပေါများလာနေတဲ့ခေတ်ကြီးမှာ ကျွန်မတို့တွေဟာ အာဟာရဖြစ်စေမယ့် အစားအစာတွေကို လတ်လတ်ဆတ်ဆတ်ချက်ပြုတ်စားတာထက် အသင့်စားအစား အသောက်တွေကို ပိုမက်မောလာကြပါတယ်။ လွယ်လွယ်ကူကူ ဝယ်စားလာကြပါတယ်။ ဒါဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်သလို စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်လည်း ပူပန်စရာပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါကြောင့် သင့်မှာ အားလပ်ချိန်အနည်းငယ်ရှိမယ်ဆိုရင် အိမ်မှာပဲ ချက်ပြုတ်စားပါ။ အဲ့ဒါက ငွေကုန် ကြေးကျသက်သာသလို စိတ်ပျော်ရွှင်မှုကိုလည်း အများကြီးဖြစ်ပေါ်စေပါတယ်။ သင်ကြိုက်တာလေးတွေကို စိတ်တိုင်းကျချက်ပြုတ်ပြီးတဲ့အခါ ကဗျာဆန်ဆန် ဖယောင်းတိုင်လေးထွန်းပါ။ ဂီတသံလေးတွေ ဖွင့်ပါ။ သင့်ကို ပျော်ရွှင်စေတဲ့သူနဲ့အတူ စားပါ။ ကျန်းမာပျော်ရွှင်မှုပေးခြင်းဖြင့် သင့်ကိုယ်သင် ဂရုစိုက်လိုက်ပါ။

သင်ကော တစ်ပတ်မှာ ဘယ်နှကြိမ်လောက် သင်ကြိုက်တာလေးတွေ ချက်စားဖြစ်လဲ။