အိပ်ရေးပျက်ခြင်းဟာ လူကိုဝစေသလား။

blank

အခုနောက်ပိုင်းမှာ အိပ်ရေးပျက်ခြင်းပြဿနာဟာ တော်တော်ကြီးမားလာပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်ပေါ်လာတတ်တဲ့ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ အဲ့ဒီဆိုးကျိုးတွေထဲက တစ်ခုကတော့ အိပ်ရေးပျက်တဲ့အချိန်တွေမှာ ပုံမှန်ထက် ပိုစားသောက်မိတတ်တာပါပဲ။ စားသောက်တယ်ဆိုရာမှာလည်း ထမင်းထက် သရေစာတွေကို ပိုမိုစားသောက်လာကြတာပါ။

ညဖက်အိပ်ရေးပျက်တဲ့သူတွေဟာ အိပ်ရေးဝဝအိပ်ရတဲ့သူတွေထက် အစားအသောက်အနံ့တွေကို ပိုအာရုံခံနိုင်တဲ့အတွက် အစားအသောက်လည်း ပိုမိုစားဖြစ်စေပြီး ခန္ဓာကိုယ်အလေးချိန်ကိုလည်း တိုးစေပါတယ်။ ဒါကြောင့် သရေစာတွေစားမိနေတာကို ရပ်တန့်ပြီး အလေးချိန်လည်း လျော့ကျချင်တယ်ဆိုရင် သင့်အိပ်ချိန်ကို နှစ်နာရီလောက် တိုးလိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သရေစာတွေ စားမိနေတာကို ရပ်တန့်စေပြီး လူကိုလည်း လန်းဆန်းစေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ပုံမှန်အားဖြင့်တော့ အိပ်ချိန်ဟာ ၈နာရီဆိုရင် လုံလောက်ပြီလို့ ဆိုကြပေမယ့် တချို့လူတွေက ၇ နာရီပဲ လိုအပ်ပြီး တချို့ကတော့ ၉ နာရီ ၁ဝ နာရီထိတောင် လိုအပ်ပါတယ်။ မနက်ခင်းမှာ လန်းလန်းဆန်းဆန်းနိုးလာတယ်ဆိုရင် သင့်ရဲ့ ယခုအိပ်ချိန်ဟာ သင့်အတွက် လုံလောက်ပါတယ်နော်။

စာချစ်သူတို့လည်း အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်ပေါ်လာတတ်တဲ့ တခြားဆိုးကျိုးလေးတွေကို comment box မှာမျှဝေပေးသွားပါဦးနော်။