မပင်ပန်းဘဲပေါ့ပေါ့ပါးပါးနဲ့ ဝိတ်ချနည်းများ

blank

ချောကလက်တစ်တောင့်မှာပါဝင်တဲ့ ကယ်လိုရီတွေ လောင်ကျွမ်းသွားဖို့အတွက် တစ်နာရီနဲ့ မိနုစ်လေးဆယ်လောက် ခပ်သွက်သွက်ပြေးပေးဖို့ လိုအပ်တယ်ဆိုတာကိုသင် သိပါသလား။ အစားနဲ့ထိန်းပြီးဝိတ်ချမယ်ဆိုရင်လည်းအစားမက်တဲ့သင့်အတွက် ခက်နေပြန်ရော။

ဒါကြောင့် သင့်အတွက် ပေါ့ပေါ့ပါးပါးနဲ့ ဝိတ်ကျစေမယ့် နည်းလမ်းလေးတွေကို ဂန္ထဝင် ကမျှဝေပေးလိုက်ပါတယ်။

၁။အစပ်ဟာအငံတွေ၊ အချိုတွေ မစားမိအောင် တားဆီးပေးတဲ့အတွက် ငရုတ်သီးစပ်တဲ့ အစားအစာတွေ စားပါ။

၂။ သစ်ကြံပိုးခေါက်ဟာဆာလောင်မှုကိုလျော့နည်းစေပြီးအစာစားချင်စိတ်ကိုလည်းလျှော့ချပေးနိုင်တဲ့အတွက် နေ့စဉ်စားသုံးပါ။

၃။ အလင်းမှိန်တာဟာအစားစားချင်စိတ်ကိုပိုမိုဖြစ်ပေါ်စေတာမို့ ထမင်းစားခန်းကိုလင်းလင်းကျင်းကျင်းထားပါ။

၎။ သာယာငြိမ့်ညောင်းတဲ့ ဂီတသံဟာလည်းသင့်ကိုအစားမြန်မြန်စားစေနိုင်တာမို့ ထမင်းစားတဲ့အခါ သီချင်းတွေပိတ်ထားပါ။

၅။ လေ့ကျင့်ခန်းလုပ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ ကျန်းမာစေမယ့် အစားအသောက်တွေကိုဦးစားပေးတဲ့ သူငယ်ချင်းတွေနဲ့ ထမင်းအတူတူစားပါ။

၇။ ညအိပ်ရင် မီးပိတ်ပြီးအိပ်ရေးဝဝအိပ်ပါ။

၈။ နို့ထွက်ပစ္စည်းတွေကိုပိုမိုစားသုံးပါ။

၉။ အသားတွေအစားပဲအမျိုးမျိုးကိုစားသုံးပေးပါ။

၁၀။ များများမစားမိအောင် ထမင်းမစားခင် ဟင်းသီးဟင်းရွက်စွပ်ပြုတ်ကိုအရင်စားပါ။

၁၁။အခန်းရဲ့ အပူချိန်ကိုတသမတ်တည်းထားပါ။

ဒီနည်းလမ်းလေးတွေ မျှဝေရအောင် သူငယ်ချင်းတွေကိုလည်း mention ခေါ်ခဲ့ပါဦး။