၁။ ရေ
ရေဆိုတာ ကျောက်ကပ်ကျန်းမာရေးအခြေအနေကို အကောင်းဆုံးထိန်းသိမ်းပေးတဲ့ မရှိမဖြစ်ပါ။ ရေ ဟာ သဘာဝအဆိပ်အတောက်ဖြေဆေးလည်းဖြစ်ပြီး ကျောက်တည်တာကို ကျေစေတဲ့ အစွမ်းလည်းရှိနေပါ တယ်။
၂။ သဘာဝကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာများ
ကယ်လ်စီယမ်ကြွယ်ဝတဲ့ သဘာဝအစားအသောက်တွေဆီကနေ ကျောက်တည်ခြင်းကို သက်သာစေ တဲ့ calcium oxalate ကို ရရှိစေပါတယ်။ ဥပမာ – ဒိန်ချဉ်၊ ဆယ်လ်မွန်ငါး၊ ဒိန်ခဲ၊ ပဲစေ့နဲ့ ပဲနီလေး၊ ဗာဒံစေ့နဲ့ အစိမ်းရောင်အရွက်တို့မှာ ကယ်လ်စီယမ်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။
၃။ မဂ္ဂနီစီယမ်ကြွယ်ဝတဲ့ အစားအစာများ
ကျောက်ကပ်ကျောက်တည်ခြင်းအတွက် အကောင်းဆုံးအစားအစာ ဖြစ်ပါတယ်။ မဂ္ဂနီစီယမ်ကို အစိမ်း ရောင်ဟင်းသီးဟင်းရွက်တွေကနေ အဓိကရရှိပါတယ်။ ဥပမာ- ဂေါ်ဖီစိမ်း၊ ဆလတ်ရွက်၊ ကိုက်လန်ရွက်တို့ စားပေးလို့ရပါတယ်။
၎။ အရည်ရွှမ်းတဲ့အသီးများ
အသီးတွေဟာ ကျောက်ကျေစေပြီး ကျောက်တည်တာကိုလည်း ကာကွယ်ပေးပါတယ်။ သံပရိုသီးနဲ့ တခြားသော အရည်ရွှမ်းအသီးတွေဟာ ကျောက်တည်ခြင်းအတွက် အကောင်းဆုံး အသီးတွေပါပဲ။
၅။ တခြားသော ကျောက်တည်ခြင်းကို ဆန့်ကျင်တဲ့အသီးများ
အရေရွှမ်းပြီး အမျှင်ဓာတ်လည်းကြွယ်ဝစွာ ပါဝင်တဲ့ ပန်းသီး၊ လိမ္မော်သီးကဲ့သို့ အသီးတွေကလည်း ကျောက်တည်ခြင်းကို သက်သာစေပါတယ်။
ကျန်းမာရေးဗဟုသုတလေးတွေ မျှဝေဖို့ စာစောင်လေးကို SHARE လိုက်ပါဦးနော်။