အသက်ရှည်စွာ အနာမဲ့စေဖို့ စားသောက်နေထိုင်ခြင်းဆိုင်ရာ နည်းစနစ်ကောင်းများ

blank
၁။ အစားအသောက်ကို အချိန်မှန်စားပါ။

အစားအသောက်ကို အချိန်မှန်မစားရင် စွမ်းအင်သိုလှောင်ခြင်းနဲ့ အသုံးပြုခြင်း လုပ်ငန်းစဉ်တွေမှာ လွဲချော်မှုတွေဖြစ်လာပြီး ခန္ဓာကိုယ်အလေးချိန်တိုးလာတာတွေ၊ မောပန်းနွမ်းလျတာတွေ ဖြစ်တတ်ပါတယ်။

၂။ အရည်များများသောက်ပါ။

ခန္ဓာကိုယ်မှာ ရေဓာတ်များလေလေ ကယ်လိုရီတွေ များများလောင်ကျွမ်းလေလေ ဖြစ်တာကြောင့် အရည်များများ သောက်သင့်ပါတယ်။

၃။ နို့ထွက်ပစ္စည်း များများစားပါ။

အဆီထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေက ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီတွေနေရာမှာ ကြွက်သားတွေကို အစားထိုးဖြစ်တည်စေပါတယ်။ နို့မှာ ပါဝင်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကလည်း ခန္ဓာကိုယ်အတွင်းက ဓာတ်ပြောင်းလဲခြင်းတွေကို မြှင့်တင်ပေးနိုင်ပါတယ်။

၎။ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ။

လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ကခုန်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း စတာတွေက ခန္ဓာကိုယ်အတွင်းက ကယ်လိုရီတွေကို လောင်ကျွမ်းပစ်နိုင်ပြီး စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းစေနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ မနက်စောစောထပါ။

မနက်ခင်းနေရောင်ခြည်ဟာ နေ့နဲ့ညအကူးမှာ ဖြစ်တတ်တဲ့ ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုတွေကို ပုံမှန်ဖြစ်စေပြီး စွမ်းအင်လည်ပတ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။

၆။ ကာဘိုဟိုက်ဒရိတ်ဓာတ်ကို စားဖြစ်အောင်စားပါ။

ခန္ဓာကိုယ်အလေးချိန်လျှော့ချချင်တဲ့စိတ်နဲ့ ကာဘိုဟိုက်ဒရိတ်ဓာတ်ကို လုံးဝ ဖြတ်တောက်လိုက်တာမျိုး မလုပ်ပါနဲ့။ ကာဘိုဟိုက်ဒရိတ်ဓာတ် ပြတ်လပ်ရင် ဦးနှောက်လုပ်ဆောင်ချက်တွေ နှေးကွေးသွားပြီး စိတ်ဖိစီးမှုများလာနိုင်ပါတယ်။

၇။ အဆာပြေမုန့်တွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။

အဆာပြေမုန့်စားလိုက်လို့ ရလာတဲ့ စွမ်းအင်က အဲဒီမုန့်တွေမှာပါတဲ့ အဆီတွေကို ချေဖျက်နိုင်အောင် ကြိုးစားရင် မူလရှိနေတဲ့ အဆီတွေကို မချေဖျက်နိုင်ဘဲ ဖြစ်တတ်ပါတယ်။

၈။ အိုင်အိုဒင်းဓာတ်ပါတဲ့ ဆားကိုပဲသုံးပါ။

အိုင်အိုဒင်းဓာတ်ပြတ်လပ်ရင် လည်ပင်းကြီးရောဂါ ဖြစ်တတ်တဲ့အပြင် ခန္ဓာကိုယ်ရဲ့ ဓာတ်ပြောင်းလဲဖွဲ့စည်းမှုတွေကိုပါ အဟန့်အတားဖြစ်စေနိုင်ပါတယ်။

၉။ သဘာဝအစားအစာတွေကိုပဲ စားပါ။

ကြီးထွားဆေးစားထားတဲ့ တိရစ္ဆာန်တွေရဲ့ အသားတွေ၊ ဓာတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေသုံးထားတဲ့ အသီးအရွက်တွေကို စားသုံးတာကလည်း အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးကို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

၁ဝ။ သံဓာတ်ပြည့်ဝအောင်ဖြည့်တင်းပါ။

ခန္ဓာကိုယ်မှာ သံဓာတ်မလုံလောက်ရင် ကြွက်သားတွေဆီကို အောက်ဆီဂျင်လုံလောက်စွာ မပေးနိုင်ဘဲ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သံဓာတ်ဖြည့်တင်းဖို့ အသား၊ ငါးနဲ့ ပန်းသီး များများစားပါ။

၁၁။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ။

စိတ်ဖိစီးမှုတွေများပြားခြင်းကလည်း ခန္ဓာကိုယ်လည်ပတ်မှုစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးတဲ့အချိန် ထွက်ပေါ်လာတတ်တဲ့ သိုင်းရွိုက်ဟော်မုန်းတွေက ဓာတ်ပြောင်းလဲဖြစ်တည်မှုကို နှေးကွေးစေပြီး ခန္ဓာကိုယ်အလေးချိန်တိုးလာစေနိုင်ပါတယ်။

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးလည်း ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

မှတ်သားစရာတစ်ခုခုရလိုက်တယ်ဆိုရင် SHARE လိုက်ပါ။