ဟင်းချိုမှုန့်စားသုံးခြင်းက အန္တရာယ်ဖြစ်စေသလား။

blank

စာချစ်သူတို့ရေ…

ဟင်းချိုမှုန့်ကို ဓာတုဗေဒအရ မိုနိုဆိုဒီယမ် ဂလူတမိတ် (MSG) လို့ ခေါ်ပါတယ်။ ဟင်းချိုမှုန့်မှာ ပါဝင်တဲ့ ဂလူတမစ်အက်ဆစ်ဟာ ခရမ်းချဉ်သီး၊ စပျစ်သီး၊ ချိစ်၊ မှိုနဲ့ အစားအစာတော်တော်များများမှာ သဘာဝအရ ပေါင်းစပ်ပါဝင်ပြီး ဖြစ်ပါတယ်။

၁။ အစားအစာတွေမှာ ဘာကြောင့် အချိုမှုန့်ထည့်ကြတာလဲ။

ဟင်းချိုမှုန့်က အာရုံခံစားမှုကောင်းစေတယ်။ သူ့အရသာက ချို၊ ချဉ်၊ ဖန်၊ ငံတွေမဟုတ်ပေ မယ့် အနံ့အရသာကောင်းပြီး ခံတွင်းမြိန်စေတယ်။

၂။ ဟင်းချိုမှုန့်က ခန္ဓာကိုယ်ကို ထိခိုက်မှုဖြစ်သလား။

ဟင်းချိုမှုန့်စားသုံးခြင်းက အစာအိမ်နဲ့အူလမ်းကြောင်းအတွင်းမှာ လောင်ကျွမ်းမှုဖြစ်စေပြီး အ စာအိမ်ပေါက်ခြင်းနဲ့ အူပါးခြင်းတွေ ဖြစ်စေနိုင်တယ်။ ခန္ဓာကိုယ်ကို အားအင်ကုန်ခန်းလာစေပြီး ခေါင်း တစ်ခြမ်း ကိုက်ခြင်းကိုလည်း ဖြစ်စေပါတယ်။ နောက်ပြီးတော့ ခန္ဓာကိုယ်ကို ထုံစေတယ်၊ အားနည်း စေတယ်၊ နှလုံးတုန်စေပါတယ်။

၃။ ဟင်းချိုမှုန့်က လူကိုဝစေသလား။

ဟင်းချိုမှုန့်ပါဝင်တဲ့ အစားအစာတွေကို စားသုံးမိခြင်းက ဦးနှောက်ရဲ့ တင်းတိမ်ကျေနပ်စိတ်ကို ထိခိုက်ပါတယ်။ ဒါကြောင့် ဆာလောင်မှုပိုဖြစ်စေပြီး အဝလွန်စေပါတယ်။

၎။ ဟင်းချိုမှုန့်ရဲ့အားသာချက်တွေရှိလား။

ဟင်းချက်တဲ့အခါ အချိုမှုန့်သုံးရင် ဆားလျှော့ထည့်ကြတဲ့အတွက် ဆားရဲ့ဆိုးကျိုးဖြစ်တဲ့ သွေး ပေါင်ချိန်တက်ခြင်းကနေ ရှောင်လွှဲနိုင်စေပါတယ်။

တချို့လူတွေကျတော့ အချိုမှုန့်နဲ့ ဓာတ်မတည့်ပါဘူး။ အဲ့ဒီလိုလူတွေအနေနဲ့ အသင့်ပြုလုပ် ထားတဲ့ ရယ်ဒီမိတ်စားစရာတွေကို ရှောင်သင့်ပါတယ်။

အကယ်၍ သင်က ကျန်းမာရေးကို လုံးဝ လိုက်စားနေသူတစ်ဦးဆိုရင်တော့ ကောင်းကျိုးဆိုးကျိုးတွဲနေတဲ့ အချိုမှုန့်ကို ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။

သိမှတ်စရာလေးတွေ မျှဝေဖို့  LIKE & SHARE လုပ်ပေးပါဦး။