လူကို ဆိုးကျိုးပေးတဲ့ အလေ့အထလေးများ

blank
၁။ အလွန်အကျွံ ရေချိုးခြင်း။

လိုတာထက်ပိုပြီး အကြိမ်ရေများစွာရေချိုးခြင်းက အသားအရေခြောက်ပြီး အသားပပ်စေပါ တယ်။

၂။ ကျောပိုးအိတ်ကို ညာဘက်က သယ်ခြင်း။

လူအများစုက အလေးအပင်တွေ၊ ကျောပိုးအိတ်တွေကို ညာဘက်အားပြုပြီး သယ်ရ၊ လွယ်ပိုး ရတာကို အားသန်ကြပါတယ်။ ဒါက ရေရှည်မှာ နောက်ကျောကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါ ကြောင့် ကျောပိုးအိတ်လွယ်ရင် ကျောလယ်တည့်တည့်ထားပြီး လက်နှစ်ဖက်နဲ့လွယ်ပါ။

၃။ နှိုးစက်ပေးခြင်း။

ဂျပန်သုတေသီတွေလေ့လာတွေ့ရှိမှုအရ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေချိန်အတွင်း ရုတ်တ ရက်နိုးလာခြင်းက ခန္ဓာကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်ကို ကမောက်ကမဖြစ်စေရုံသာမက ကြာလာတဲ့ အခါ နှလုံးကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။

၎။ တစ်ရေးတစ်မောအိပ်ခြင်း။

လူအများစုဟာ နေ့လယ်စာစားပြီး တစ်ရေးတစ်မောအိပ်ရတာကို အလေ့အကျင့်ကောင်းအ ဖြစ်မှတ်ယူထားကြပါတယ်။ တကယ်တော့ အိပ်တာထက် လမ်းအနည်းငယ်လျှောက်ပေးခြင်းကသာ ခန္ဓာကိုယ်ရဲ့ metabolism ကို ထိန်းသိမ်းပေးပြီး ပိုလျှံနေတဲ့ကယ်လိုရီတွေကို လောင်ကျွမ်းစေတာပါ။

၅။ မိုက်ခရိုဝေ့ဖ်ကို မသုံးသင့်ကြောင်းယူဆခြင်း။

တချို့လူတွေက မိုက်ခရိုဝေ့ဖ်မီးဖိုသုံးပြီး ချက်ပြုတ်တာက အစားအသောက်တွေရဲ့ဓာတ်တွေ ကို ပြောင်းလဲစေတယ်လို့ မှားယွင်းစွာယူဆထားကြပါတယ်။ တကယ်တော့ မိုက်ခရိုဝေ့ဖ်နဲ့ ချက်ပြုတ် ခြင်းက အသီးအရွက်နဲ့အစားအသောက်ထဲက ဘက်တီးရီးယားပိုးတွေကို ပိုနည်းသွားစေပြီး ဗီတာမင် တွေကို ပိုကျန်စေပါတယ်။

၆။ အစာစားပြီးပြီးချင်း သွားတိုက်ခြင်း။

တချို့က အစာစားပြီးချင်းချင်း သွားတိုက်တာက ခံတွင်းနံ့နဲ့သွားပိုးစားတာကို ကာကွယ်စေ တယ်လို့ ထင်ကြပါတယ်။ တကယ်တော့ အစာစားပြီးပြီးချင်း သွားတိုက်တာက သွားကြွေလွှာတွေကို ပျက်စီးစေတာကြောင့် အနည်းဆုံးနာရီဝက်ခြားပြီးမှသာ တိုက်သင့်ပါတယ်။

၇။ အလွန်အကျွံအိပ်ခြင်း။

တချို့တွေက ညဘက်ပိုအိပ်လေလေ နံနက်ပိုလန်းဆန်းနိုးကြားလေလို့ ထင်ကြပါတယ်။ တ ကယ်တော့ တစ်ညကို ၈ နာရီထက်ပိုအိပ်တာက စိတ်ဖိစီးမှုကို ဖြစ်စေပြီး နှလုံးကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။

၈။ နှာချေတဲ့အခါ တစ်ရှူးနဲ့မဖုံးအုပ်ခြင်း။

တချို့တွေက နှာချေတဲ့အခါ အဝေးကို ရှောင်ထွက်သွားရုံနဲ့ လုံလောက်တယ်လို့ ထင်ကြပါ တယ်။ တကယ်တော့ လေ့လာတွေ့ရှိမှုတွေအရ အများသုံးကား၊ ရထားနဲ့ လေယာဉ်ပေါ်မှာ နှာချေ ရင်တောင် ထွက်လာတဲ့ချွဲသလိပ်တွေက လူ ၁၅ဝ အထိ ပျံ့နှံ့သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှာချေတဲ့အခါထွက်လာတဲ့ ချွဲသလိပ်အမှုန်အမွှားတွေက မျက်နှာတွေပေါ်၊ ထိုင်ခုံပေါ်နဲ့ တခြားခရီး သည်တွေရဲ့ အဝတ်အစားတွေပေါ် စင်နိုင်လို့ပါ။ ဒါကြောင့် နှာချေတဲ့အခါ တစ်ရှူး၊ သို့မဟုတ် လက်ကိုင်ပဝါနဲ့သေသေချာချာအုပ်ပြီးမှ ချေပါ။

၉။ ဗီတာမင်ပေါင်းစုံမှီဝဲခြင်း။

လူအများစုဟာ ကျန်းမာစေဖို့အတွက် ဗီတာမင်ဓာတ်တွေကို အစာအာဟာရအနေနဲ့ကော ဆေးဝါးအနေနဲ့ပါ နေ့စဉ်အခြေခံပြီး စားသုံးကြပါတယ်။ တကယ်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးစွဲတာကလွဲရင် ဗီတာမင်အများအပြားကို ကိုယ့်သဘောနဲ့ကိုယ်မှီဝဲတာက ကျန်းမာရေးအတွက် အထောက်အကူမဖြစ်စေပါတယ်။ လိုအပ်တာတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးခြင်း ကသာ အကျိုး ကျေးဇူးကောင်းတွေ ထိထိရောက်ရောက်ရရှိစေတာပါ။

၁ဝ။ အလွန်အကျွံသန့်ရှင်းခြင်း။

သန့်ရှင်းခြင်းက ကောင်းပါတယ်။ ဒါပေမဲ့ လေ့လာတွေ့ရှိသူတွေအဆိုအရ အလွန်အမင်း သန့်ရှင်းနဲ့ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ကလေးတွေဟာ ဓာတ်မတည့်မှုဖြစ်ပွားမှု ပိုမြင့်ပါတယ်။

သိမှတ်ဖွယ်ရာဗဟုသုတကောင်းလေးတွေကို လက်ဆင့်ကမ်းပေးနိုင်ဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။