မကြာခဏ ခေါင်းတစ်ခြမ်းအုံပြီး ကိုက်ခဲနေတတ်ပါသလား။ ခေါင်းကိုက်တာတွေ သက်သာလျော့ပါးစေဖို့ နည်းလမ်ကောင်းတွေရှိပါတယ်။ ဆက်ဖတ်ကြည့်လိုက်ပါနော်။
၁။ ရေများများသောက်ပါ။ ရေသောက်နည်းပြီး ချွေးထွက်များတဲ့အခါ၊ ဝမ်းလျှောတဲ့အခါ၊ အန်တဲ့အခါတွေမှာ ရေဓာတ်တွေဆုံးရှုံးပြီး ခေါင်းကိုက်တတ်ပါတယ်။ တစ်နေ့ကို ရေ ၈ ခွက်လောက် ဝင်အောင်သောက်ပါ။
၂။ အစားမှန်မှန်စားပါ။ တစ်နေ့ကို ၅ နပ်၊ ၆နပ်လောက်တော့ နည်းနည်းချင်းစီနဲ့ ပုံမှန်စားပေးပါ။ ဗိုက်ဆာလွန်းရင်လည်း ခေါင်းကိုက်တတ်ပါတယ်။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
၃။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဖြည့်တင်းပါ။ အားဆေးသောက်ပါ။ အာဟာရဓာတ်မမျှတရင် ခေါင်းကိုက်တာအပြင် တခြားဝေဒနာတွေလည်း ဖြစ်စေပါတယ်။
၎။ အသီးအရွက်၊ သစ်သီးနဲ့ ပဲများများစားပါ။ ဒီအစားအစာတွေမှာ သဘာဝ အက်စ်ထရိုဂျင်တွေ ပါဝင်တာကြောင့် ခေါင်းကိုက်တာတွေကို သက်သာစေပါတယ်။
မကြာခဏခေါင်းကိုက်တတ်သူတွေအတွက် SHARE ပေးလိုက်ပါ။