အမျိုးသမီးတွေ ဘာကြောင့် ချောကလက်စားသင့်တာလဲ

blank

သိပ္ပံပညာရှင်တွေ ပြောစကားအရ ချောကလက်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက စိတ်ခံစားမှုကို မြှင့်တင်ပေးပြီး ပျော်ရွှင်စေတယ်လို့ သိရပါတယ်။

ချောကလက်ဟာ ထူးကဲကောင်းမွန်တဲ့ အနံ့၊ အရသာတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာကြောင့် ချောာကလက်စားလိုက်တာနဲ့ ကောင်းမွန်တဲ့စိတ်ခံစားမှုတွေက ဦးနှောက်ဗဟိုမှာ ဖြစ်ပေါ်လာပါတယ်။ အတိုချုပ်ပြောရရင် ချောကလက်ရဲ့ အရသာကကောင်းသလို စိတ်ခံစားမှုတွေလည်း ကောင်းမွန်တယ်ပေါ့။

ပြီးတော့ နောက်ထက် သက်သေပြချက်တစ်ခုက ချောကလက်စားလိုက်လို့ ခံစားရတဲ့ စိတ်ပျော်ရွှင်မှုက အကြိုက်ဆုံးသီချင်းကို နားထောင်လိုက်ရချိန်၊ ထီပေါက်ချိန်၊ တစ်စုံတစ်ယောက်ကို ချစ်မိသွားချိန်တွေမှာ ဖြစ်တတ်တဲ့ စိတ်ခံစားမှုနဲ့ တူတယ်ဆိုတာပါပဲ။ အံ့သြစရာပဲနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါပေမဲ့ ချောကလက်ကို အမျိုးသမီးတွေစားသင့်တဲ့ အကြောင်းရင်းက အခုမှ လာမှာပါ။ အမျိုးသမီးတွေဆိုတာ အမျိုးသားတွေထက်ပိုပြီး ဟော်မုန်းအတက်အကျများတတ်ပါတယ်။ ချောကလက်က ဟော်မုန်းမညီမျှခြင်းတွေကို ကုစားပေးနိုင်ပါတယ်။ အထူးသဖြင့် ရာသီမလာခင်ဖြစ်တတ်တဲ့ PMS ဝေဒနာတွေကို သက်သာစေဖို့ အန်ဒေါ်ဖင်ဟော်မုန်းကို ထုတ်လွှတ်ပေးပါတယ်။ အန်ဒေါ်ဖင် ဟော်မုန်းက ပျော်ရွှင်မှုကိုလည်း ဖြစ်ပေါ်စေပါတယ်။

ပြီးတော့ ချောကလက်က နှလုံးနဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ချောကလက်ခါး စားသုံးခြင်းက သွေးကြောတွေကို ကျုံ့ဆန့်အားကောင်းစေပြီး သွေးကြောပိတ်ခြင်း၊ သွေးခဲခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် လေဖြတ်လေငန်း မဖြစ်အောင် ကာကွယ်ပေးသလိုလည်း ဖြစ်နေပါတယ်။

သင်က ချောကလက် ကြိုက်တတ်သူတစ်ယောက်ဆိုရင် ဒီစာစောင်လေးကို လက်ဆင့်ကမ်း SHARE လိုက်ပါဦးနော်။ ချောကလက်ကြိုက်ရင် comment မှာ ရေးခဲ့ဦး။ အကြိုက်တူသူ ဘယ်နှယောက်ရှိလဲ ကြည့်ရအောင်။