အုန်းရေချိုချိုကို နှစ်သက်သူများအတွက် လတ်ဆတ်တဲ့အုန်းသီး ရွေးချယ်ဝယ်ယူနည်း

blank

အုန်းစိမ်းရေဟာ ချိုချိုမွှေးမွှေးမို့ လူအများစုနှစ်သက်ကြပါတယ်။ ကျန်းမာရေးဆိုင်ရာ အကျိုး ကျေးဇူးကောင်းလေးတွေလည်း ပါဝင်တဲ့အတွက် ရွေးချယ်သင့်တဲ့သဘာဝရေလည်း ဖြစ်ပါတယ်။ ဒါ ကြောင့် နုချိုလတ်ဆတ်တဲ့ အုန်းသီးဝယ်ယူတဲ့နည်းလမ်းလေးတွေကို ဝေမျှလိုက်ပါတယ်။

လတ်ဆတ်တဲ့အုန်းသီးက ပေါ့ပါးပြီး ချိုပါတယ်။ အတွင်းသားလည်း ဖြူဖွေးပြီး နုနေပါတယ်။ မှည့်နေတဲ့၊ မလတ်ဆတ်တဲ့အုန်းသီးတွေကတော့ ချဉ်တဲ့အရသာရှိပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ရွေးချယ်နည်း။          ။ အစိမ်းရောင်အခွံရှိပြီး သန့်တဲ့အရွယ်လတ်လတ် အုန်းသီးကိုရွေးပါ။ အုန်းရေ ပါဝင်မှုပမာဏများပြားပါတယ်။ အခွံညိုပြီး ရင့်တဲ့လက္ခဏာကိုပြသနေတဲ့ မီးခိုးရောင်အကွက်တွေ ရှိ နေတဲ့ အုန်းသီးကို မရွေးချယ်ပါနဲ့။

အုန်းရေ။        ။ အုန်းသီးကိုကိုင်ပြီး နားနားကပ်လှုပ်ခါလိုက်ပါ။ အတွင်းမှာ အရေတွေ ကောင်း ကောင်းဘောင်ဘင်ခတ်နေတဲ့ အသီးကိုရွေးပါ။ လတ်ဆတ်တဲ့အုန်းသီးတစ်လုံးမှာ အုန်းရေဖန်ခွက်တစ် ခွက်ခန့် ပါဝင်ပါတယ်။

ဒါ့အပြင် အုန်းသီးဝယ်လာပြီး ချက်ချင်းမစားဖြစ်သေးရင် အေးတဲ့နေရာမှာထားဖို့ မမေ့ပါနဲ့။

သိမှတ်စရာလေးတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။