ပေါ့ပေါ့ပါးပါးလေးနဲ့ သင့်ကို စိတ်ချမ်းသာစေမယ့် နည်းလမ်း (၅)သွယ်
blank
(၁)  အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။
အသက်ရှူလေ့ကျင့်ခန်းက သွေးလည်ပတ်နှုန်းကို တိုးမြှင့်စေပြီး သင့်ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို အောက်စီဂျင်ပေးပို့ မှုနှုန်းကိုလည်း တိုးမြှင့်စေပါတယ်။
(၂) တရားထိုင်ပါ။
တရားထိုင်ခြင်းက သင့်ဦးနှောက်ရဲ့ အာရုံစူးစိုက်နိုင်မှုနဲ့ စဉ်းစားဆင်ခြင်နိုင်မှုကို တိုးမြှင့်လာစေပါတယ်။
 (၃) လျှပ်စစ်ပစ္စည်းသုံးစွဲမှုကို ဖြတ်တောက်ထားပါ။
မိုဘိုင်းဖုန်းစတဲ့ လျှပ်စစ်ပစ္စည်းတွေ အကူအညီနဲ့ စိတ်ညစ်စရာတွေကို ဖြေဖျောက်ဖို့  မကြိုးစားပါနဲ့ ။ လျှပ်စစ်ပစ္စည်းသုံးစွဲမှုကို ဖြတ်တောက်ထားလိုက်ပါ။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
(၄) လေ့ကျင့်ခန်းလုပ်ပါ။
(၅) ကျေးဇူးတင်တတ်တဲ့ စိတ်ကိုမွေးမြူပါ။
အခြေအနေတိုင်းမှာ အကောင်းမြင်တတ်အောင် ကြိုးစားပြီး ကျေးဇူးတင်တတ်တဲ့စိတ်ကို မွေးမြူပါ။
သိမှတ်စရာလေးတွေ မျှဝေဖို့  ဒီစာစောင်လေးကိုLIKE & SHARE လုပ်ပေးပါဦး။