အိပ်စက်တဲ့အခါ အတွင်းခံကို ဘာကြောင့်မဝတ်ဆင်သင့်တာလဲ။

blank

အမျိုးသမီးများအနေနဲ့ အိပ်ရာဝင်တဲ့အခါ အတွင်းခံတွေ မဝတ်ဆင်ဘဲ အိပ်သင့်ကြောင်းလေ့ လာသူတွေက အကြံပြုထားကြပါတယ်။ အထူးသဖြင့် မှိုရောဂါဖြစ်ပြီး ဘက်တီးရီးယားပိုးတွေကြောင့် ယားယံတတ်သူတွေအနေနဲ့ ပိုရှောင်ကြဉ်သင့်ပါတယ်။ အမျိုးသမီးအင်္ဂါဟာ ဘက်တီးရီးယားပိုးတွေ များစွာရှိနေတတ်တဲ့နေရာဖြစ်တာကြောင့် ချွေးစိုရင်၊ ပူနွေးနေရင် ဘက်တီးရီးယားပေါက်ဖွားပြီး ကူး စက်ရောဂါပိုးတွေ ဝင်ရောက်ဖို့ ပိုအခွင့်အလမ်းများတာကြောင့်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါ့အပြင် မလိုအပ်ဘဲ အမျိုးသမီးအင်္ဂါနာကျင်ယားယံတာ၊ ပွန်းပဲ့တာတွေလည်း ဖြစ်ပွားစေပါ တယ်။ ဒါဟာ တစ်နေ့ကုန်အတွင်းခံမဝတ်ဘဲနေတာက ပိုကောင်းတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ တစ်နေကုန်ဝတ်ဆင်ထားတဲ့အတွက် ညအိပ်ချိန် ၈ နာရီလောက်ကို ကျန်းမာရေးအတွက် ပေးသင့် တာကို ဆိုလိုတာပါ။ အတွင်းခံမဝတ်ဘဲ မအိပ်တတ်တဲ့ အမျိုးသမီးများအနေနဲ့ လေဝင်လေထွက် ကောင်းတဲ့ အရည်အသွေးကောင်းကောင်း ချည်သားဘောင်းဘီခပ်ပွပွတွေကို ရွေးချယ်လို့ရပါတယ်။ ပိုးစ၊ ဇာစနဲ့ပြုလုပ်ထားတဲ့ ပိတ်သားဘောင်းဘီတွေကို မဝတ်ဆင်သင့်သလို တစ်နေကုန်ဝတ်ထားတဲ့ အတွင်းခံနဲ့လည်း လုံးဝမအိပ်စက်သင့်ပါဘူး။

ကျန်းမာရေးဗဟုသုတလေးတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။