သင့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမယ့် အသက်ရှူလေ့ကျင့်ခန်းလေးတစ်ခု

blank

ညတိုင်း ညဥ့်နက်မှအိပ်ပျော်လို့ စိတ်ညစ်နေသလား။

ဒါဆိုရင်တော့ သင့်ကို မြန်မြန်အိပ်မောကျပြီး နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေမယ့် အ သက်ရှူလေ့ကျင့်ခန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေနော်။ ဒီလေ့ကျင့်ခန်းကို ၄- ၇- ၈ လေ့ကျင့် ခန်းလို့လည်း ခေါ်ပြီး အာရုံကြောစနစ်ကို သဘာဝအတိုင်း တည်ငြိမ်အေးချမ်းစေတဲ့ လေ့ကျင့်ခန်းလို့ လည်း ရည်ညွှန်းကြပါတယ်။ လေ့လာတွေ့ရှိမှုအရ ဒီနည်းလမ်းဟာ စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့ တ ရားထိုင်ခြင်းနဲ့လည်း ချိတ်ဆက်နေပါတယ်။ လေ့ကျင့်ခန်းက လွယ်လွယ်လေးပါ။

အဆင့် (၁)

လျှာကိုလိပ်ပြီး လျှာဖျားထိပ်ကို အပေါ်ရှေ့သွားနောက်က အာခေါင်ကို ထိပါ။ လေ့ကျင့်ခန်း တစ်လျှောက်လုံး အဲ့ဒီအတိုင်းနေပါ။

အဆင့် (၂)

ပါးစပ်မှ “ ဝှူး” လို့ အသံမြည်အောင် လေတွေရှူထုတ်ပစ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အဆင့် (၃)

ပါးစပ်ပိတ်ပြီး ဖြည်းညင်းစွာ ရှူသွင်းပါ။ စိတ်ထဲကနေ လေးအထိ ရေတွက်ပါ။

အဆင့် (၄)

အသက်အောင့်ထားပြီး ခုနစ်အထိ ရေတွက်ပါ။

အဆင့် (၅)

“ ဝှူး” လို့အသံထွက်အောင် လေတွေကို မှုတ်ထုတ်ပြီး ရှစ်အထိ ရေတွက်ပါ။

ဒီလေ့ကျင့်ခန်းအဆင့်ဆင့်ကို အစကနေအဆုံးအထိ အနည်းဆုံးသုံးကျော့ပြန်လုပ်ပေးပါ။ ဒီ လိုလုပ်ပေးခြင်းအားဖြင့် အသက်ရှူလမ်းကြောင်းပိုမိုကောင်းမွန်စေပြီး  သင့်ကို မြန်မြန်ဆန်ဆန်နဲ့ နှစ် နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေမှာဖြစ်ပါတယ်။

နည်းလမ်းလေးက သင့်အတွက် အသုံးတည့်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။