လိပ်ခေါင်းရောဂါအကြောင်း သိကောင်းစရာအဖြာဖြာ

blank
Asian little girl in a medical suit dream at the doctor, portrait of asian doctor

          လိပ်ခေါင်းရောဂါဆိုတာ အစာဟောင်းအိမ်နဲ့ စအိုတစ်ဝိုက်က သွေးကြောတွေ ရောင်ရမ်းတဲ့ ရောဂါဖြစ်ပြီး ဒီလိုရောင်ရမ်းမှုတွေကြောင့် မစင်တွေကို မဆင်းနိုင်အောင် ပိတ်ဆို့ထားသလို ဖြစ်စေပါတယ်။ လိပ်ခေါင်းရောဂါရှိမရှိက သိရလွယ်ပါတယ်။ လိပ်ခေါင်းဖြစ်နေပြီဆိုရင် အစာဟောင်းအိမ်အတွင်းက နာနေမယ်။ ဝမ်းသွားရင် သွေးပါမယ်။ ထိုင်တဲ့အခါ မသက်မသာ ခံစားရမယ်။ ပြီးတော့ မကြာခဏဆိုသလို ဝမ်းထဲမှာတစ်ခုခုရှိနေသလို ခံစားရမယ်။

လိပ်ခေါင်းရောဂါဖြစ်စေတဲ့အကြောင်းရင်းတွေကတော့
  • အာဟာရမျှအတအောင် မစားခြင်း
  • မျိုးရိုးလိုက်ခြင်း
  • အထိုင်များခြင်း
  • ဝမ်းချုပ်တတ်ခြင်း
  • ကိုယ်ဝန်ဆောင်ခြင်း
  • အဝလွန်ခြင်း တို့ပဲဖြစ်ပါတယ်။
လိပ်ခေါင်းရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။
  • အကြာကြီးမထိုင်ပါနဲ့။ တစ်နေ့ကိုတစ်နာရီလောက် လမ်းလျှောက်ပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
  • သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ။
  • တစ်နေ့ကို အနည်းဆုံး ရေ (၂) လီတာ ကုန်အောင်သောက်ပါ။
  • ပူစပ်တဲ့အစားအစာတွေ၊ တာရှည်ခံစားစရာတွေနဲ့ အဆီများတဲ့စားစရာတွေကို ရှောင်ပါ။
  • အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေ၊ နှံစားပြောင်းတွေများများစားပါ။
လိပ်ခေါင်းရောဂါကို ဘယ်လိုကုသမလဲ။
၁။ အပြင်ကုသနည်း

ယားယံခြင်းတွေကို သက်သာစေဖို့ ရေအေးလေးနဲ့ ၁၅မိနစ်လောက် ရေစိမ်ချိုးပါ။ အထူးသဖြင့် အိမ်သာတက်ပြီးချိန်တွေမှာပေါ့။

၂။ အတွင်းကုသနည်း

သံပုရာရည် တစ်နေ့တစ်ခွက်သောက်ပါ။ သံပုရာသီးမှာပါဝင်တဲ့ ဗီတာမင် C က သွေးကြောတွေရဲ့ တင်းအားကို မြှင့်တင်ပေးပြီး သွေးကြောတွေမပေါက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

လိပ်ခေါင်းရောဂါကို သက်သာစေမယ့် အသီးအရွက်များ
  • နာနတ်သီး
  • လိမ္မော်သီး
  • သစ်တော်သီး
  • ဟင်းနုနွယ်
  • ဆလပ်ရွက်
လိပ်ခေါင်းရောဂါရှိသူတွေ ရှောင်သင့်တဲ့အစားအစာများ
  • ရှာလကာရည်
  • ခရမ်းချဉ်သီး
  • ကြက်သွန်နီ
  • နံနံပင်
  • ငရုတ်သီး
  • ကြက်သွန်ဖြူ
  • ကော်ဖီ
  • ချောကလက်
  • အယ်လ်ကိုဟော

ဒီအချက်အလက်တွေ သိပြီးပြီဆိုရင်တော့ ဆောင်သင့်တာဆောင်ပြီး၊ ရှောင်သင့်တာရှောင်နိုင်ပြီပေါ့နော်။ လိပ်ခေါင်းရောဂါဖြစ်ရင် တကယ်ကို နေမထိထိုင်မသာ ဖြစ်တတ်တာကြောင့် ကြိုတင်ကာကွယ်ရင်း၊ ကုသရင်း ကျန်းမာစွာ နေထိုင်ကြပါစို့။

မှတ်သားစရာစာစောင်လေးဖြစ်တာကြောင့် SHARE လိုက်ပါ။ လိပ်ခေါင်းဖြစ်နေတဲ့ သူတွေအတွက်လည်း share ပေးလိုက်ပါဦး၊ mention ခေါ်ပြီးလည်း ဖတ်ခိုင်းလိုက်ပါဦးနော်။