သူ့အချိန်နဲ့သူစားမှ အကျိုးရှိတဲ့စားစရာလေးများ

blank
၁။ ချောကလက်အခါး

မနက် စားပေးမယ်ဆိုရင် နှလုံးရောဂါဖြစ်ပွားနိုင်ခြေနဲ့ အိုမင်းရင့်ရော်မှုကို လျှော့ချပေးတဲ့ အင်တီအောက်ဆီဒင့်စ်ကို ရရှိစေပါတယ်။ သရေစာအနေနဲ့စားမယ်ဆိုရင်တော့ ခန္ဓာကိုယ်အဆီ တိုးစေပြီး အန္တရာယ်ဖြစ်စေပါတယ်။

၂။   အသား

နေ့လယ်စာအနေနဲ့စားပေးရင် သံဓာတ်ကို ရရှိစေပြီး မောပန်းနွမ်းလျမှုနဲ့ ရောဂါဖြစ်ပွားမှုတွေကို လျော့ကျစေပါတယ်။ ညစာအနေနဲ့စားမယ်ဆိုရင်တော့ အစာချေစနစ်ကို ထိခိုက်စေပါတယ်။

၃။ ခရမ်းချဉ်သီး

မနက်စာအနေနဲ့စားမယ်ဆိုရင် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ Metabolism ကို တိုးမြှင့်စေ ပါတယ်။ ညစာအနေနဲ့စားမယ်ဆိုရင် ခရမ်းချဉ်သီးမှာပါဝင်တဲ့ pectin နဲ့ oxalic အက်ဆစ်ကြောင့် အစာအိမ် ရောင်ရမ်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ အာလူး

မနက်စာအနေနဲ့ စားမယ်ဆိုရင် ကိုလက်စထရောကို ကျဆင်းစေပြီး အာဟာရဓာတ်တွေ ရရှိစေပါတယ်။ ညစာအနေနဲ့စားမယ်ဆိုရင်တော့ တခြားအသီးအရွက်တွေထက် ကယ်လိုရီအများကြီး ပို တက်စေတာကြောင့် ညစာစားပြီးတာနဲ့ ဝိတ်အများကြီးတက်သွားမှာ အသေအချာပါပဲ။

၎။ လိမ္မော်သီး

အဆာပြေအနေနဲ့စားမယ်ဆိုရင် Metabolism ကို တိုးမြှင့်စေပြီး အစာချေစနစ်ကို ကောင်းမွန်စေ ပါတယ်။ မနက်စာအနေနဲ့စားမယ်ဆိုရင်တော့ အစာအိမ်ထဲမှာ ဘာမှမရှိခင် စားခြင်းကြောင့် အစာအိမ်နာတာ၊ အစာအိမ်အချဉ်ပေါက်တာတွေ ဖြစ်စေနိုင်ပါတယ်။

 ၅။ ငှက်ပျောသီး

နေ့လယ်စာအနေနဲ့စားမယ်ဆိုရင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသလို အသားအရေ လှပ စေပါတယ်။ ညစာအနေနဲ့စားမယ်ဆိုရင် ချွဲသလိပ်ကပ်စေပြီး အစာချေစနစ်ကို ပျက်စီးစေပါတယ်။

၆။ ပန်းသီး

မနက်စာအနေနဲ့စားမယ်ဆိုရင် သွေးတွင်းသကြားဓာတ်တွေကို လျော့ကျစေပြီး ကိုလက်စထရော ကိုလည်း ကျဆင်းစေပါတယ်။ ညစာအနေနဲ့စားမယ်ဆိုရင် ညဘက်မှာ အစာချေဖို့ခက်ပါတယ်။ အစာအိမ်အက် ဆစ်ဓာတ်ကိုလည်း တိုးစေပါတယ်။

၇။ ဒိန်ချဉ်

ညစာအနေနဲ့စားမယ်ဆိုရင် မြန်မြန်အစာကျေလွယ်စေပါတယ်။ နောက်ကျမှ ညစာစားလိုစိတ်ကိုလည်း ထိန်းချုပ်ပေးပါတယ်။ မနက်စာအနေနဲ့စားမယ်ဆိုရင် ဗိုက်ထဲအစာမရှိတဲ့အတွက် အစာအိမ်အချဉ်ပေါက်စေပြီး အစာအိမ်ကိုထိခိုက်စေနိုင်ပါတယ်။

၈။ အစေ့အဆန်များ

နေ့လယ်စာအနေနဲ့စားမယ်ဆိုရင် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။ ညစာအနေနဲ့စားမယ်ဆိုရင် အဆီနဲ့ ကိုလက်စထရော မြင့်တက်စေပါတယ်။ ဒါကြောင့် ဝိတ်အများကြီးတက်စေပါတယ်။

ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေးတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။