နေ့တိုင်းကြက်ဥနဲ့ နှစ်ပါးသွားရသူတွေအတွက် သတင်းကောင်း

blank

          “ကြက်ဥစားရင် ကယ်လိုရီတက်တယ်” လို့ ဆယ်စုနှစ်များစွာအယူအဆလွဲမှားခဲ့ကြပါတယ်။ တကယ်တော့ ကြက်ဥစားတာကအဲဒီလိုကျန်းမာရေးနဲ့မညီညွတ်တာမျိုးမရှိပါဘူး။ ပြီးတော့ ကြက်ဥနေ့တိုင်းစားရင် ကျန်းမာရေးနဲ့တောင် ညီညွတ်ပါသေးတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

လေ့လာချက်တစ်ခုအရတစ်နေ့ကို ကြက်ဥတစ်လုံးပုံမှန်စားပေးရင် ကြက်ဥမစားတဲ့သူတွေထက် နှလုံးရောဂါဖြစ်နိုင်ချေနဲ့ လေဖြတ်နိုင်ချေ နည်းပါးတယ်လို့ သိရပါတယ်။

ဒီလေ့လာချက်ကိုတရုတ်နိုင်ငံကလူအယောက် (၅) သိန်းလောက်နဲ့ စမ်းသပ်ကြည့်ပြီးအဖြေထုတ်ခဲ့တာဖြစ်ပါတယ်။ (၉) နှစ်အတွင်း ကြက်ဥစားတဲ့ပမာဏကိုတွက်ချက်ပြီးကောက်ချက်ချခဲ့တာပါ။

ကြက်ဥနေ့တိုင်းစားတဲ့သူတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေ ၁၁% လျော့ပြီး နှလုံးရောဂါနဲ့သေဆုံးနိုင်ခြေ ၁၈% လျော့နည်းပါတယ်။ ပြီးတော့ အဝလွန်ရောဂါဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးပါတယ်။

ကြက်ဥမှာပါတဲ့ ကိုလက်စထရောက ခန္ဓာကိုယ်မှာရှိသင့်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ HDL ကိုလက်စထရောဖြစ်ပါတယ်။ HDL က သွေးကြောနံရံတွေကိုကောင်းမွန်စေတာကြောင့် နှလုံးနဲ့ သွေးလည်ပတ်မှုစနစ်ကိုကျန်းမာစေပါတယ်။

ဒါပေမဲ့ ကြက်ဥကိုဆီတွေအများကြီးနဲ့ ကြော်စားတာမျိုးဆိုရင်တော့ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ဆီနည်းနည်းလေးနဲ့ အိုးကပ်ကြော်စားတာမျိုး၊ ပြုတ်ပြီးစားတာမျိုးဆိုရင်တော့ အကောင်းဆုံးပါပဲ။

ကဲ ကြက်ဥမကြိုက်တဲ့သူတွေကို mention ခေါ်လိုက်ပါဦး။