Gym ဆော့တာနဲ့ ပတ်သက်ပြီး လူအများစုလက်ခံထားကြတဲ့ အယူအဆအလွဲများ

blank
၁။ ပိန်တဲ့သူတွေက ကိုယ်လက်လေ့ကျင့်ခန်းလုပ်စရာမလိုဘူးဆိုတဲ့အယူအဆဟာ မှားပါတယ်။

ဝိတ်လျှော့ဖို့မလိုတာကြောင့် ပိန်တဲ့သူတွေ လေ့ကျင့်ခန်းလုပ်စရာမလိုဘူးဆိုတဲ့အတွေးဟာ မှားပါတယ်။ ပိန်ပိန်ဝဝ လူတိုင်း လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ဒါမှ ကျန်းမာရေးနဲ့ညီညွတ်ပြီး ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းဆိုတာ ပိန်ဖို့အတွက်ပဲ မဟုတ်ပါဘူး။

၂။ Gym ဆက်မဆော့ဘဲရပ်လိုက်ရင် ဝလာလိမ့်မယ်ဆိုတဲ့အယူအဆဟာ မှားပါတယ်။

လေ့ကျင့်ခန်းလုပ်တာ ရပ်လိုက်တာနဲ့ ဝလာတာမဟုတ်ပါဘူး။ စားနေတဲ့ အစားတွေကနေ ကယ်လိုရီဖြစ်လာလို့ ဝလာတာပါ။ လေ့ကျင့်ခန်းလုပ်နေတုန်းကတော့ ကယ်လိုရီတွေ လောင်ကျွမ်းကုန်လို့ ဝမလာပေမဲ့ လေ့ကျင့်ခန်းမလုပ်တော့ ကယ်လိုရီတွေပိုနေပြီး အဆီတက်လာတာပါ။ ဒီတော့ လေ့ကျင့်ခန်းမလုပ်တော့ဘူးဆိုရင် diet လုပ်ဖို့ပြင်ထားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ရာသီလာနေစဉ်မှာ လေ့ကျင့်ခန်းမလုပ်သင့်ဘူးဆိုတဲ့အယူအဆဟာ မှားပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ရင် ရာသီလာစဉ်နာကျင်ကိုက်ခဲတာတွေကိုတောင် သက်သာစေပါတယ်။ ကြွက်သားနာကျင်ခြင်းနဲ့ စိတ်အပြောင်းအလဲမြန်ခြင်းတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် gym နည်းပြနဲ့ တိုင်ပင်ပြီး ရာသီလာစဉ်မှာကစားလို့ရတဲ့ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေကို ကစားပါ။

သင့်အမြင်လေးတွေကို comment box မှာ မျှဝေနိုင်ပါတယ်နော်။