၁။ အသားအရေပေါ်က အရေးအကြောင်းတွေတိုက်ဖျက်ပြီး နုပျိုစေတယ်။
ပိန္နဲစေ့ကိုကြိတ်ပြီး နို့အေးနဲ့ရောစပ်ပါ။ အဲ့ဒီအရည်ပျစ်ပျစ်ကို မျက်နှာပေါ်လိမ်းပေးရင် အ သားအရေကို သိသိသာသာ ချောမွေ့နုပျိုစေပါတယ်။ ဒါ့အပြင် နွားနို့၊ ပျားရည်နဲ့ ပိန္နဲစေ့အနှစ်ကို ရောစပ်လိမ်းပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးတာလည်း ပြုလုပ်ပေးနိုင်ပါတယ်။
၂။ အရေပြားရောဂါတွေနဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေတယ်။
ပိန္နဲစေ့မှာ ပရိုတင်းဓာတ်နဲ့ တခြားအာဟာရဓာတ်တွေ ပါဝင်တာကြောင့် စိတ်ဖိစီးမှုနဲ့ အရေပြား ရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် အသားအရေရဲ့ အစိုဓာတ်ကို ထိန်း သိမ်းပေးပြီး ဆံသားတွေကိုလည်း နူးညံ့ပျော့ပျောင်းစေပါတယ်။
၃။ သွေးအားနည်းခြင်းကို ကာကွယ်ပေးတယ်။
ပိန္နဲစေ့ဟာ ဟေမိုဂလိုဘင်(hemoglobin )ရဲ့ဒြပ်ပေါင်းတစ်ခုဖြစ်တဲ့ သံဓာတ်ရရှိစေတဲ့ အရင်း အမြစ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သွေးအားနည်းခြင်းနဲ့ သွေးလေမညီညွှတ်တာတွေကို သက်သာ စေပြီး ဦးနှောက်နဲ့နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။
ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၎။ ဆံသားတွေကိုသန်စွမ်းစေပြီး အမြင်အာရုံကြည်လင်စေတယ်။
ဗီတာမင် A ဟာ မျက်လုံးကျန်းမာရေးအတွက် အရေးကြီးဆုံးအာဟာရဓာတ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ပိန္နဲစေ့မှာ ဗီတာမင် A ပါဝင်တဲ့အတွက် အမြင်အာရုံကောင်းမွန်စေပြီး ဆံသား ပျက်စီးတာကိုလည်း ကာကွယ်ပေးပါတယ်။
၅။ အစာမကြေဖြစ်ခြင်းက ကာကွယ်ပေးတယ်။
ပိန္နဲစေ့တွေကို ခြောက်သွေ့တဲ့အထိ နေပူလှန်းပါ။ အမှုန့်ကြိတ်ပြီး အိမ်တွင်းသုံး အစာကြေ ဆေးအဖြစ် ဆောင်ထားလို့ရပါတယ်။
၆။ ကြွက်သားတွေကိုတည်ဆောက်ပေးတယ်။
ပိန္နဲစေ့မှာ ပရိုတင်းဓာတ်တွေမြင့်မားစွာ ပါဝင်နေတဲ့အတွက် ကြွက်သားတွေကို သန်မာစေပါ တယ်။ ကိုလက်စထရောလည်း ပါဝင်မှုမရှိတဲ့အတွက် ကျန်းမာစေပါတယ်။
ပိန္နဲသီးကြိုက်တဲ့သူငယ်ချင်းတွေကို mention ခေါ်လိုက်ပါ။