လူကြိုက်များတဲ့ အစားအစာ (၇) မျိုးနဲ့ မှန်ကန်စွာစားသုံးနည်းများ

blank
၁။ ငှက်ပျောသီး

ကျွန်မတို့အများစုက ငှက်ပျောသီးစားဖို့အခွံနွှာရင် ထိပ်ဖူးလေးကိုကိုက်ပြီး ခက်ခက်ခဲခဲ နွှာကြတယ်။ အဲဒီလိုလုပ်မယ့်အစား အညှာဘက်ကနေ လွယ်လွယ်ကူကူ အခွံနွှာလို့ရပါတယ်။

၂။ လိမ္မော်သီး

လိမ္မော်သီးစားတဲ့အခါမှာ အပေါ်က တစ်စိတ်ချင်းစီက အခွံဖြူလေးတွေကို နွှာစားနေရတာ အလုပ်ရှုပ်တယ်နော်။ လိမ္မော်သီးကို အခွံ့မခွာဘဲ ဒေါင်လိုက်အခြမ်းလေးတွေ စိတ်ပြီးစားမယ်ဆိုရင်တော့ အဲဒီအဖတ်တွေကို ဖယ်နေစရာ မလိုတော့ဘူးပေါ့။

၃။ ပန်းဂေါ်ဖီစိမ်း

ဘရိုကိုလီလို့ခေါ်တဲ့ ပန်းဂေါ်ဖီစိမ်းဟာ ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေတဲ့ အသီးအရွက်တစ်ခုပါ။ ဒါပေမဲ့ ပန်းဂေါ်ဖီစိမ်းကို ကြော်စားတာ၊ ပြုတ်စားတာမျိုးလုပ်ရင်တော့ သူ့မှာပါဝင်တဲ့ အာဟာရဓာတ်တွေ လျော့သွားတတ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ပေါင်းပြီးစားတာပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ပဲလုံးစေ့

ထမင်းပန်းကန်ထဲက ပဲလုံးစေ့လေးတွေကို ခက်ရင်းနဲ့ ထိုးရခက်နေတယ်ဆိုရင် အရင်ဆုံးဇွန်းနဲ့ဖိချပြီးမှ ခက်ရင်းနဲ့ထိုးပြီး စားပါ။

၅။ ကီဝီသီး

အရသာကောင်းလှတဲ့ ကီဝီသီးလေးတွေကို အရသာပြည့်ပြည့်ဝဝ စားသုံးနိုင်ဖို့ဆိုရင် အပြားလိုက် အဝိုင်းလေးတွေလှီးပြီးစားတာ အကောင်းဆုံးပါ။

၆။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူကို ဟင်းထဲထည့်ပြီးစားစား၊ ဘယ်လိုနည်းနဲ့စားစား မစားခင် အခွံနွှာပြီး လေသလပ်ခံထားလိုက်ပါ။ ကြက်သွန်ဖြူရဲ့ အာနိသင်တွေက လေနဲ့ထိမှ ပိုပြီးတိုးမြင့်လာတတ်ပါတယ်။

၇။ ပန်းသီး

ပန်းသီးကိုစားမယ်ဆိုရင် အခွံမနွှာဘဲစားတာက ပိုပြီး အာနိသင်ရှိပါတယ်။ ဒါပေမဲ့ မစားခင်မှာ သေသေချာချာ ပြောင်စင်အောင် ဆေးကြောပေးသင့်ပါတယ်။ ပန်းသီးအစေ့လေးတွေကိုလည်း စားသင့်ပါတယ်။ ဒါပေမဲ့ သိထားသင့်တဲ့အချက်တစ်ခုက ပန်းသီးအစေ့မှာ ဆိုင်ယာနိုက်ဓာတ်လေး မဆိုစလောက်ပါဝင်တာကြောင့် အများကြီးတော့ မစားသင့်ပါဘူး။

မှတ်သားစရာစာစောင်လေးဖြစ်တာကြောင့် သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါဦး။