ရိုးရှင်းလွယ်ကူစွာ ပြုလုပ်နိုင်တဲ့ ဝက်ခြံပျောက်ကုသနည်း (၉) မျိုး

blank
၁။ ရေခဲ

ဝက်ခြံတွေကို ဖယ်ရှားရာမှာ ရေခဲက အစွမ်းထက်လှပါတယ်။ ဝက်ခြံထွက်တဲ့နေရာမှာ ရေခဲကပ်ပေးခြင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အရေပြားအပေါက်လေးတွေကို အေးခဲစေပါတယ်။ ပြီးတော့ ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေပါတယ်။

၂။ သံပရိုသီး

စစ်ထရသ်အက်စစ်နဲ့ ဗီတာမင် C ပါဝင်တဲ့ သံပရိုရည်ဟာ အရေပြားအတွက် ဆေးစွမ်းကောင်းပါ။ သန့်စင်တဲ့ဂွမ်းစလေးကို သံပရိုရည်လေးထဲနှစ်ပြီး ဝက်ခြံတွေပေါ်ကို သုတ်လိမ်းပေးရုံပါပဲ။

၃။ ပျားရည်

ပျားရည်က ဘက်တီးရီးယားပေါက်ဖွားမှုကို ကာကွယ်ပေးပြီး အသားအရေကို ပြန်လည်ကောင်းမွန်အောင် ကုစားပေးနိုင်ပါတယ်။ သန့်ရှင်းတဲ့ ဂွမ်းလုံးလေးကို ပျားရည်ထဲနှစ်ပြီး ဝက်ခြံခွက်တဲ့နေရာကို လိမ်းပေးပါ။ နာရီဝက်လောက်ကြာရင် ရေနွေးနွေးလေးနဲ့ သန့်စင်အောင် မျက်နှာသစ်လိုက်ပါ။

၎။ ရေနွေးငွေ့

ရေနွေးငွေ့တွေက ချွေးပေါက်တွေကို ပိတ်စေပြီး ချွေးပေါက်တွေထဲမှာ ပိတ်မိနေတဲ့ အညစ်အကြေးတွေ၊ အဆီတွေကိုဖယ်ရှားပေးပါတယ်။ ရေနွေးငွေ့ထွက်နေတဲ့ ရေနွေးပူပူကို ဇလုံကြီးတစ်ခုထဲထည့်ပါ။ ရေနွေးငွေ့တွေပေါ်မှာ မျက်နှာကို နီးနိုင်သမျှနီးအောင်ထားပြီး ပေါင်းတင်ပါ။ ပြီးရင် ရေနွေးလေးနဲ့ မျက်နှာသစ်ပြီး အဆီမပါတဲ့ oil-free moisturizer လေး လိမ်းလိုက်ပါ။

၅။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ဝက်ခြံဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး ဝက်ခြံတွေကို ကုစားပေးနိုင်ပါတယ်။ ကြက်သွန်ဖြူတစ်မွှာကို ထက်ခြမ်းခြမ်းပြီး ဝက်ခြံတွေကို ပွတ်ပေးပါ။ ၅မိနစ်လောက်ကြာရင် မျက်နှာသစ်ပါ။ တစ်နေ့ကို အကြိမ်ရေများများလုပ်နိုင်လေ ကောင်းလေပါပဲ။ ကြက်သွန်ဖြူအစိမ်းစားတာကလည်း သွေးတွင်းကအညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။

၆။ မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါက ဝက်ခြံတွေကို ခြောက်သွေ့သွားစေပြီး အဆီပြန်ခြင်းကို ကာကွယ်ပေးပါတယ်။ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းကို ရေ (ဒါမှမဟုတ်) သံပရိုရည်နဲ့ရောပြီး အနှစ်ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပါ။ ပြီးရင် ဝက်ခြံထွက်တဲ့နေရာပေါ်မှာ လိမ်းပြီး ၅မိနစ်လောက်ကြာရင် မျက်နှာသစ်လိုက်ပါ။ တစ်နေ့ကို ၂ကြိမ်လောက် နေ့တိုင်းလုပ်ပေးရင် ပိုကောင်းပါတယ်။

၇။ ပူစီနံရွက်

ပူစီနံရွက်က အရေပြားရဲ့ pH ပမာဏကို ထိန်းညှိပေးပြီး ဝက်ခြံတွေကို သက်သာစေပါတယ်။ ပူစီနံရွက်တွေကို ကျိတ်ချေပြီး အရည်ညှစ်ယူပါ။ ပူစီနံရည်ကို ဝက်ခြံတွေပေါ်မှာ သုတ်လိမ်းပြီး ၁ဝ မိနစ်လောက်ကြာရင် ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။

၈။ သခွားသီး

သခွားသီးက အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး အေးမြစေပါတယ်။ သခွားသီးမှာ ဗီတာမင် A၊ C၊ E နဲ့ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေအတွက် ဆေးစွမ်းကောင်းတစ်လက်ပါပဲ။ သခွားသီးကို ကျိတ်ချေပြီး မျက်နှာပေါ်မှာ ပေါင်းတင်ပါ။ ၁၅ မိနစ်လောက်နေရင် ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။

၉။ သင်္ဘောသီး

သင်္ဘောသီးမှာ ဗီတာမင် A ကြွယ်ဝစွာပါဝင်ပါတယ်။ သင်္ဘောသီးက အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကို ပွင့်စေပါတယ်။ သင်္ဘောသီးမှည့်ကို အရည်ရအောင် ကျိတ်ချေပြီး သင်္ဘောသီးအရည်ကို ဝက်ခြံတွေပေါ်မှာ လိမ်းပေးပါ။

ဝက်ခြံကင်းစင်ပြီး ပြစ်မျိုးမှဲ့မထင်လှပတဲ့ အသားအရေလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။