ခင်ပွန်းအပေါ်အချစ်စမ်းခြင်း

blank

တစ်နေ့မှာ အမျိုးသမီးတစ်ယောက်က သူထွက်သွားရင် သူ့ခင်ပွန်း ဘယ်လိုဖြစ်သွားမလဲ ဆိုတာကို သိချင်တာကြောင့် စမ်းသပ်ခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူ အပြင်သွားနေတုန်း “ကျွန်မ ရှင်နဲ့ပေါင်းရတာ စိတ်ပင်ပန်းနေပြီ။ ဒါကြောင့် ကျွန်မရှင်နဲ့ အတူတူ မနေနိုင်တော့ဘူး။ ကျွန်မ ထွက်သွားတော့မယ်” လို့ စာရွက်ထဲမှာရေးခဲ့ပါတယ်။ စာရွက်လေးကို စားပွဲပေါ်မှာ မြင်သာအောင် တင်ထားခဲ့ပြီး ကုတင်အောက်မှာ ဝင်ပုန်းနေခဲ့ပါတယ်။

မကြာခင် ခင်ပွန်းဖြစ်သူ အပြင်ကနေ ပြန်ရောက်လာခဲ့ပြီး စာလေးကို မြင်သွားတယ်။ စာဖတ်ပြီးတဲ့နောက်မှာ သူ့ရဲ့မျက်နှာက ပြုံးယောင်သမ်းသွားပြီး စာလေးတစ်စောင် ပြန်ရေးခဲ့တယ်။ ပြီးတော့ သီချင်းလေးတအေးအေးညည်းပြီး အင်္ကျီလဲတယ်။ ဖုန်းကောက်ကိုင်ပြီး တစ်ယောက်ယောက်ဆီ ဖုန်းခေါ်ခဲ့တယ်။

“ချစ်လေးရေ… ကိုယ်အင်္ကျီလဲနေပြီ။ ခဏနေ ချစ်လေးဆီရောက်မယ်။ ဟိုတစ်ယောက်တော့ ကိုယ်ဘာမှ မလုပ်ရဘဲ သူ့စရိတ်နဲ့သူ ထွက်သွားပြီလေ။ သူ့ကို ယူမိတာ ကိုယ်တကယ်မှားတာပဲကွာ။ ချစ်လေးကို အရင်တွေ့ရင် ချစ်လေးကိုပဲ လက်ထပ်ချင်မိတာ။ ကဲ… တွေ့မှ ပြောရအောင်နော်။ အရမ်းတွေ့ချင်နေပြီ ချစ်လေးရေ။ လှလှလေးပြင်ပြီး ကိုယ့်ကိုစောင့်နေ” ဆိုပြီး ဖုန်းဆက်ခဲ့တယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ခင်ပွန်းဖြစ်သူက ကျော့မော့နေအောင် ပြင်ဆင်ပြီး ထွက်သွားတဲ့အခါမှာတော့ အမျိုးသမီးဟာ မျက်ရည်လည်ရွှဲနဲ့ ကုတင်အောက်က ထွက်လာခဲ့တယ်။ ပြီးတော့ ခင်ပွန်းဖြစ်သူ ဘာစာတွေများရေးခဲ့လဲဆိုတာကို သိချင်တာနဲ့ ဖတ်ကြည့်ခဲ့တယ်။

စာထဲမှာ ရေးထားတာက-

“မိန်းမရေ။ ကုတင်အောက်ကနေ ထွက်နေတဲ့ မင်းခြေထောက်တစ်ဖက်ကို ကိုယ်မြင်ပြီးသားပါကွာ။ လုံအောင် မပုန်းတတ်တဲ့ မင်းကို စချင်လို့ပါ။ ကိုယ်ဘယ်သူ့ဆီမှလည်း ဖုန်းမခေါ်ဘူး။ မင်းကြိုက်တတ်တဲ့ ရေခဲမုန့်သွားဝယ်လိုက်ဦးမယ်။ နောက်တစ်ခါ ဒီလို ပေါတောတောတွေမလုပ်နဲ့။ ထမင်းစားပွဲ ပြင်ထားလိုက်နော်။ ယောက်ျားက ဗိုက်ဆာလှပြီ။ ချစ်တယ်။” တဲ့။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။