ညဘက်မှာ ရေချိုးသင့်လား…၊ မနက်ခင်းမှာ ရေချိုးသင့်လား…။

blank

ဒီအကြောင်းလေးနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ စဉ်းစားကြည့်ရအောင်။ လူတွေ ရေချိုးဖို့ စသိတဲ့ ဟိုးပဝေသဏီကတည်းက မနက်ရေချိုးသင့်တယ်၊ ညမှရေချိုးသင့်တယ်ဆိုတဲ့ အကြောင်းအရာကို အငြင်းပွားခဲ့ကြပါတယ်။

မနက်မှာ ရေချိုးရတာကြိုက်တဲ့သူတွေက တစ်နေ့တာလုံး လန်းဆန်းစေတယ်၊ အိပ်ချင်ပြေစေပြီး ခေါင်းကြည်စေတယ် စတဲ့ကောင်းကျိုးတွေကို ထောက်ပြပြီး ငြင်းခဲ့ကြပါတယ်။ညဘက်မှာ ရေချိုးတဲ့သူတွေကလည်း တစ်နေ့တာလုံး ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေကို သန့်စင်နိုင်တယ်၊ အကြောတွေကို ပြေလျော့စေပြီး အိပ်ပျော်စေတယ် စတဲ့ကောင်းကျိုးတွေကို ထောက်ပြခဲ့ကြပါတယ်။

နှစ်ဖက်စလုံးကထောက်ပြတဲ့ကောင်းကျိုးတွေကတော့ အမှန်တွေချည်းပါပဲ။ ဒါပေမဲ့ သုတေသနပညာရှင်တွေက သိပ္ပံနည်းကျ လေ့လာပြီး သက်သေပြခဲ့ပါတယ်။

“ဘယ်အချိန်ရေချိုးချိုး ထူးပြီး ကောင်းသွားတာတော့မရှိပါဘူး” လို့ သိပ္ပံပညာရှင်တွေက ပြောခဲ့ပါတယ်။

ဒါပေမဲ့ သူကနောက်ထပ်အချက်တစ်ခုကို ထောက်ပြခဲ့ပါသေးတယ်။ ညဘက်တွေမှာ ရေချိုးသင့်လား၊ မချိုးသင့်ဘူးလားဆိုတာ တစ်နေ့တာဖြတ်သန်းပုံအပေါ်မှာ မူတည်ပါတယ်တဲ့။ တကယ်လို့ တစ်နေ့လုံး ဖုန်တွေ၊ သဲတွေကြား သွားလာပြီး လှုပ်ရှားနေရရင် ညအိပ်ခါနီးမှာ ရေချိုးတာ အကောင်းဆုံးဖြစ်ပါတယ်။ ပြီးတော့ ညဆိုင်းအလုပ်ဆင်းတဲ့သူတွေအနေနဲ့လည်း မနက်အိမ်ပြန်ရောက်လာရင် ရေချိုးသင့်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် ခန္ဓာကိုယ်မှာ ပေကျံနေတယ်ဆိုရင်လည်း ချက်ချင်းရေချိုးသင့်ပါတယ်။

လူအများစုအတွက်ကတော့ ချွေးထွက်ခြင်းပေါ်မူတည်ပြီး ရေချိုးသင့်ပါတယ်။ ဝက်ခြံဖြစ်လွယ်တဲ့အသားအရေပိုင်ရှင်တွေဆိုရင် ကိုယ်ကာယလေ့ကျင့်ခန်းတွေ၊ လှုပ်လှုပ်ရှားရှားလုပ်ရတဲ့အလုပ်တွေ လုပ်ပြီးတာနဲ့ ရေချိုးသင့်ပါတယ်။ ဒါကြောင့် ဒီလို အားကစားသမားတွေ၊ ချွေးထွက်အောင် အလုပ်လုပ်ရတဲ့သူတွေအနေနဲ့ ညဘက်မှာ ရေချိုးတာ ပိုကောင်းပါတယ်။

နောက်တစ်ချက်က လူတွေရဲ့ ရေချိုးပြီးဖြစ်တတ်တဲ့သဘာဝပေါ်မူတည်ပြီးတော့လည်း ရေချိုးသင့်တဲ့အချိန်ကွာခြားပါတယ်။ မနက်ပိုင်းမှာ သွားစရာတစ်ခုခုရှိလို့ရေချိုးမယ်ဆိုရင် ရေအေးလေးနဲ့ ချိုးပါ။ မနက်ပိုင်းမှာ ရေအေးနဲ့ချိုးတာက တစ်နေ့တာလုံး လန်းဆန်းနေစေပါတယ်။ အဲဒီလိုပါပဲ ညဘက်တွေမှာ ရေချိုးရင်တော့ ရေနွေးလေးနဲ့ချိုးပါ။ ညဘက်ရေနွေးလေးနဲ့ ရေချိုးတာက တစ်နေ့တာလုံးပင်ပန်းသမျှကို ပြေပျောက်စေပြီး ကောင်းစွာ အိပ်ပျော်စေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အိပ်စက်ခြင်းဆိုင်ရာသုတေသနတစ်ခုအရ ညဘက်ရေချိုးပြီးမှအိပ်တဲ့သူတွေက တခြားသူတွေထက် အိပ်နေစဉ်ခန္ဓာကိုယ်လှုပ်ရှားမှုပိုနည်းတယ်လို့ တွေ့ရပါတယ်။ ဒါကြောင့် ညဘက်ရေချိုးခြင်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်ပါတယ်။

ဒါဆို မနက်ရော၊ ညရော ရေ ၂ခါချိုးရင်ရော…။ ဒီမေးခွန်းအတွက် အဖြေကတော့ တစ်နေ့ကို ရေ ၂ခါချိုးတာကောင်းပါတယ်။ ဒါပေမဲ့ ရေများများချိုးတာက အရေပြားပေါ်က သဘာဝအဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်ပြီး အသားအရေကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် တစ်နေ့ကို ရေ ၂ခါချိုးတာက အသားအရေအတွက် မကောင်းပါဘူး။

အချုပ်အားဖြင့်ပြောရရင်တော့ မနက်မှာရေချိုးတာနဲ့ ညဘက်မှာရေချိုးတာ ဘယ်ဟာကပိုကောင်းတယ်ဆိုတာကို တိတိကျကျပြောလို့မရပါဘူး။ လူတစ်ယောက်ချင်းစီကို လိုက်ပြီး ရေချိုးသင့်တဲ့အချိန်ကွာခြားပါတယ်။ ပြီးတော့ မနက်မှာ ရေချိုးရင် ရေအေးနဲ့ချိုးသင့်ပြီး ညဘက်မှာရေချိုးရင်တော့ ရေနွေးနဲ့ချိုးသင့်တယ်ဆိုတာလေးကိုလည်း သိထားသင့်ပါတယ်။

သင်ရော ဘယ်အချိန်မှာ ရေချိုးလေ့ရှိလဲ။ Comment box မှာ ဖြေပေးခဲ့ပါဦးနော်။