ဒီအပြုအမူတွေက သင့်မျက်လုံးကိုဆိုးရွားစွာ ထိခိုက်စေနိုင်တယ်ဆိုတာ သင်သိပါသလား

blank

ကျွန်မတို့တွေဟာ တစ်သက်လုံးကြည်လင်တောက်ပနေတဲ့ အမြင်အာရုံနဲ့ မျက်လုံးလှလှလေးတွေ ပိုင်ဆိုင်လိမ့်မယ်လို့ထင်နေကြပါတယ်။ တကယ်လည်း ပိုင်ဆိုင်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ပြုမူနေကြတဲ့ အချို့အပြုအမူလေးတွေက မျက်စိကိုအန္တရာယ်ဖြစ်စေပြီး အမြင်အာရုံတွေကို တဖြည်းဖြည်းနဲ့ ထိခိုက်စေပါတယ်။ ဘယ်လိုအပြုအမူလေးတွေလဲဆိုတာ အောက်မှာ ဆက်လက်ဖတ်ရှုကြည့်ရအောင်နော်။

၁။ အသီးအရွက် အစားနည်းခြင်း။

ခါကြက်ဥ၊ ဆလပ်ရွက်စတဲ့ အသီးအရွက်တွေက မျက်စိအတွက် တကယ်ကို အထောက်အကူပြုတဲ့ အသီးအရွက်တွေပါ။ အသီးအရွက်တွေကို လုံလောက်စွာမစားရင် မျက်စိဆိုင်ရာ ပြဿနာဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။

၂။ နေကာမျက်မှန် မတပ်ခြင်း။

နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။ မျက်စိကို ထိတွေ့ပါများရင်လည်း မျက်ကြည်လွှာဆိုင်ရာရောဂါတွေ၊ မျက်စိတိမ်စွဲတာတွေဖြစ်တတ်ပါတယ်။

၃။ ဖုန်းတွေ၊ ကွန်ပျူတာတွေ အကြည့်များခြင်း။

အလုပ်ကြောင့် ကွန်ပျူတာတွေ၊ ဖုန်းတွေကို ကြာကြာကြည့်ရတယ်ဆိုရင် ၁ဝ စက္ကန့်ကိုတစ်ခါ မျက်တောင်ခတ်ဖို့မမေ့ပါနဲ့။ မဟုတ်ရင် မျက်စိခြောက်သွားပြီး ထိခိုက်စေပါတယ်။ နာရီဝက်ခြားတစ်ခါ screen ကနေ အကြည့်လွှဲပြီး အဝေးကိုငေးပါ။ ဟိုကြည့်ဒီကြည့် လျှောက်ကြည့်ပါ။

၎။ ကွန်ပျူတာကို ရှုထောင့်အမှန်ကနေ မကြည့်ခြင်း။

ကွန်ပျူတာ screen ကို အနည်းငယ်အောက်ချပြီး အပေါ်စီးက စီးမိုးကြည့်သလို ကြည့်ပါ။ ဒီလိုကြည့်ခြင်းက မျက်စိရဲ့ သဘာဝအမြင်အတိုင်းဖြစ်စေပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။

၅။ မျက်စိအတွက် ဖြည့်စွက်စာနဲ့ အားဆေးမမှီဝဲခြင်း

တစ်နေ့လုံး မအိပ်မချင်း ခိုင်းစေလာတဲ့ မျက်စိကို အားဆေးကျွေးဖို့ လိုပါတယ်နော်။ အထူးသဖြင့် ကွန်ပျူတာသမားတွေနဲ့ ဖုန်းအသုံးများသူတွေပေါ့။ မျက်စိဆိုင်ရာ အားဆေးလေးကို ပုံမှန်မှီဝဲမှ မျက်စိအားကောင်းပြီး မျက်စိဆိုင်ရာ ရောဂါတွေကိုကာကွယ်နိုင်မှာပါ။ မျက်စိအားဆေးရွေးရင်လည်း အကောင်းဆုံးကိုပဲရွေးပါ။ ကျွန်မကတော့ iiCare ကိုပဲ ညွှန်းချင်ပါတယ်။ iiCare က bilberry၊ lutein၊ zeaxanthin စတဲ့ မျက်စိအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေမျိုးစုံပါဝင်အောင် ဖော်စပ်ထားပါတယ်။ ကွန်ပျူတာအမြဲသုံးနေရတဲ့ ကျွန်မအတွက်တော့ iiCare က အကောင်းဆုံးပါ။ အဖေနဲ့ အမေအတွက်လည်း iiCare ပဲ ဝယ်ပေးထားတယ်လေ။

၆။ ရေကူးမျက်မှန်မတပ်ဘဲ ရေကူးခြင်း။

ရေကူးသမားဆိုရင် ရေကူးမျက်မှန်တပ်ပြီးမှ ရေကူးပါ။ ဒါမှ ရေကူးကန်ထဲက ပိုးသတ်ဆေးနဲ့ ရောဂါပိုးတွေ မျက်လုံးထဲမဝင်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ရေကူးတဲ့အချိန်မှာ ပိုးဝင်လွယ်တာကြောင့် မျက်ကပ်မှန် လုံးဝမတပ်ပါနဲ့။

အထက်မှာ ဖော်ပြထားတဲ့အချက်တွေကို ကျူးလွန်နေမိတယ်၊ လုပ်နေမိတယ်ဆိုရင်တော့ မလုပ်ဖို့ အကြံပြုပါရစေ။ မျက်စိအမြင်အာရုံက လူတစ်ယောက်အတွက် အရေးကြီးတာကြောင့် မျက်စိကျန်းမာရေးကောင်းအောင်၊ အမြင်အာရုံမထိခိုက်အောင် ကာကွယ်လိုက်ပါနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ iiCare တို့မှ ပူးပေါင်းတင်ဆက်သည်။