ရာသီမမှန်တဲ့ရောဂါကို အဆင့် (၄) ဆင့်နဲ့ အလွယ်တကူ ကုသလိုက်ရအောင်

blank

မိန်းမသားတွေရဲ့ ရာသီစက်ဝန်းကို ဟော်မုန်းတွေက ထိန်းချုပ်ပါတယ်။ ဟော်မုန်းတွေ မညီမျှရင် ရာသီစက်ဝန်းပုံမမှန်ဖြစ်ပြီး ရာသီနောက်ကျလာတာ၊ စောလာတာ၊ ရာသီလာတဲ့ရက်ရှည်တာတွေ ဖြစ်တတ်ပါတယ်။ ဒါတင်မကသေးပါဘူး အောက်ပါအကြောင်းရင်းတွေကြောင့်လည်း ရာသီမမှန်တာတွေ ဖြစ်စေနိုင်ပါတယ်။

၁။ စိတ်ဖိစီးခြင်း

၂။ ကျန်းမာရေးနဲ့ မညီစွာ စားသောက်ခြင်း

၃။ အာဟာရဓာတ်လုံလောက်စွာ မရရှိခြင်း

၎။ ကိုယ်အလေးချိန် ရုတ်တရက် တက်ခြင်း၊ ကျခြင်း

၅။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်လွန်းခြင်း

ရာသီမမှန်တဲ့ရောဂါကို ကုသနည်း

အဆင့် – ၁။   ။ စားသောက်နေထိုင်မှုပုံစံပြောင်းခြင်း

အာဟာရမျှတအောင် စားပါ။ ဟင်းသီးဟင်းရွက်နဲ့ အသားကို မျှမျှတတစားပါ။ နာနတ်သီးနဲ့ သင်္ဘောသီးက ရာသီမမှန်တဲ့ရောဂါအတွက် အကောင်းဆုံး ဓာတ်စာတွေဖြစ်ပါတယ်။ နာနတ်သီးနဲ့ သင်္ဘောသီးမှာပါတဲ့ bromelain ဓာတ်က သားအိမ်အတွင်းနံရံတွေကို ပျော့ပျောင်းစေပြီး ရာသီပုံမှန်ဆင်းစေပါတယ်။ ကိုယ်ဝန်ရှိနေချိန်မှာတော့ နာနတ်သီးနဲ့ သင်္ဘောသီးကို ရှောင်ပါ။

ရာသီနောက်ကျနေရင် သစ်ကြံပိုးခေါက်မှုန့်ကို ပျားရည်၊ သံပုရာရည်လေးနဲ့ ရောဖျော်ပြီးသောက်ရင်လည်း ရာသီလာစေပါတယ်။ သစ်ကြံပိုးခေါက်က အင်ဆူလင်ပမာဏကို မျှတစေပြီး သားဥကြွေအောင် ကူညီပေးပါတယ်။

အဆင့် – ၂။   ။ စိတ်ဖိစီးမှုတွေကို လျှော့ချပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။

ရာသီမှန်စေချင်ရင် အရင်ဆုံး စိတ်ဖိစီးမှုတွေကို လျှော့ချလိုက်ပါ။ ဒါမှ ရေရှည်မှာ ကျန်းမာရေးကောင်းပြီး ရာသီမှန်မှန်လာမှာပါ။ စာအုပ်ဖတ်တာ၊ ရေနွေးနဲ့ ရေချိုးတာ၊ ဝါသနာပါတဲ့အလုပ်လေးတွေလုပ်တာမျိုး လုပ်ပြီး စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ပါတယ်။

အဆင့် – ၃။   ။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

ယောဂနဲ့ ပုံမှန်အားကစားလေ့ကျင့်ခန်းလေးတွေက စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့အပြင် ဟော်မုန်းတွေကို မျှတစေပါတယ်။ ဒါကြောင့် ရာသီမှန်ပြီး ကျန်းမာရေးကောင်းမွန်စေဖို့ ကိုယ်လက်လေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်ဖို့လိုပါတယ်။

အဆင့် – ၄။   ။ ဖြည့်စွက်အားဆေး ပုံမှန်မှီဝဲပါ။

အထက်မှာ ဖော်ပြထားတဲ့ အဆင့် (၃) ဆင့်အပြင် နောက်ထပ် မရှိမဖြစ်လိုအပ်တာကတော့ အမျိုးသမီးတွေကို ရာသီမှန်စေတဲ့ ဖြည့်စွက်အားဆေးကို သောက်သုံးဖို့ပါပဲ။ ကျွန်မအနေနဲ့ကတော့ Prim E ကို ညွှန်းပါရစေ။ Prim E မှာ vitamin E၊ omega 6 ဓာတ်ကိုအဓိက ဖြည့်တင်းပေးတဲ့ evening primrose oil စတဲ့ သက်စောင့်ဓာတ်တွေပါဝင်နေတာကြောင့် ရာသီမမှန်တဲ့ရောဂါ၊ သွေးဆုံးကိုင်ရောဂါ၊ PMS၊ ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်းတွေနဲ့ ရင်သားအကျိတ်ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကျွန်မက အလုပ်တစ်ဖက်နဲ့ မအားတာကြောင့် အထက်မှာ ဖော်ပြထားတဲ့ အဆင့် (၃) ဆင့်ကို ကောင်းကောင်းမလုပ်နိုင်ပါဘူး။ ဒါကြောင့် Prim E ကိုပဲ ပုံမှန်သောက်ဖြစ်ပါတယ်။

ရာသီရုတ်တရက် ပုံမမှန်ဖြစ်တာ၊ သွေးဆင်းရက်ကြာတာ၊ နေထိုင်မကောင်းဖြစ်တာတွေ ဖြစ်လာရင်တော့ ဆရာဝန်ဆီ သွားဖြစ်အောင်သွားပြပါလို့ တိုက်တွန်းလိုက်ပါရစေနော်။

ကျန်းမာရေးစာစောင်လေးကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါဦးနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Prim E တို့မှ ပူးပေါင်းတင်ဆက်သည်။