မျက်စိကျန်းမာရေးကောင်းပြီး အမြင်အာရုံတွေ ကြည်လင်နေစေဖို့

blank

၁။ မျက်ကပ်မှန်ချွတ်အိပ်ပါ။ ညအိပ်ခါနီး မျက်ကပ်မှန်မချွတ်ပဲ အိပ်မိရင် မျက်ခမ်းခြောက်ခြင်း၊ မျက်စိနီရဲခြင်းများဖြစ်စေပြီး အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။

၂။ မျက်စိကို အနားပေးပါ။ ဖုန်းစခရင်နဲ့ ကွန်ပျူတာစခရင်ကို အချိန်ကြာမြင့်စွာ ကြည့်ရှုခြင်းက အာရုံကြောကို ထိခိုက်စေပြီး မျက်လုံးနာခြင်း၊ အမြင်အာရုံချို့ယွင်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

၃။ မျက်စိကို ခဏခဏ မပွတ်ပါနဲ့။ မျက်စိတဝိုက်ယားယံတဲ့အခါ ကြမ်းတမ်းစွာပွတ်သပ်ခြင်းက မျက်ခမ်းစပ်ရောဂါ၊ မျက်စိရောင်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

၎။ အပြင်သွားတိုင်း နေကာမျက်မှန်တပ်ပါ။ မျက်စိကို နေရောင်ခြည်ထိတာ လက်ရှိမှာမသိသာပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဆိုးရွားတဲ့ မျက်စိရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

၅။ မိတ်ကပ်လိမ်းတဲ့ ဘရပ်ရှ်(brush)တွေကို သန့်ရှင်းစွာထားပါ။ ဘရပ်ရှပ်တွေမှာ မျက်စိကို ထိခိုက်စေမယ့် မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေအများကြီး တွယ်ကပ်နေတတ်ပါတယ်။

၆။ အတုတွေကို ရှောင်ပါ။ မျက်တောင်အတု၊ မျက်ရစ်အတုတွေရဲ့ ကော်မှာပါတဲ့ ဓာတုဗေဒဆေးတွေက မျက်စိကျန်းမာရေးကို ထိခိုက်စေပါတယ်။

၇။ အသီးအရွက်မျိုးစုံစားပါ။ အသီးအရွက်တွေမှာပါတဲ့ အရောင်ခြယ်ပစ္စည်း(pigment) တွေက အမြင်အာရုံကို အားကောင်းစေပြီး မျက်စိရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

၈။ မျက်စိစမ်းသပ်ပါ။ မျက်မှန်တွေ၊ မျက်ကပ်မှန်တွေ တပ်မထားဘဲနဲ့ မိမိအမြင်အာရုံကို အဝေးကစာလုံးတွေ ဖတ်ကြည့်ရင်း နေ့စဉ်ပုံမှန်စမ်းသပ်ပေးပါ။ အမြင်အာရုံတိုးတက်မှုအတွက် အထောက်အကူဖြစ်စေပါတယ်။

၉။ မျက်စိအားဆေးပုံမှန်သောက်ပါ။ မျက်စိအားဆေးတွေမှာ မျက်စိကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေအများကြီးပါဝင်တာကြောင့် ရေရှည်မှာ ဖြစ်လာနိုင်တဲ့ မျက်စိရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

ဂန္ထဝင်အနေနဲ့ ညွှန်းရမယ်ဆိုရင်တော့ မျက်စိအားဆေးတွေအများကြီးရှိတဲ့ အထဲကမှ iiCare ကို ရွေးချယ်ပါလို့ အကြံပေးပါရစေ။ iiCare က bilberry၊ lutein၊ zeaxanthin စတဲ့ မျက်စိအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေမျိုးစုံပါဝင်အောင် ဖော်စပ်ထားပါတယ်။ ဒါကြောင့် ကွန်ပျူတာအမြဲကြည့်နေရတဲ့ ကျွန်မတို့အတွက် လက်စွဲတော်ဆေးလေးပေါ့။

စာဖတ်ပရိသတ်ကြီးရဲ့ မျက်စိကျန်းမာရေးအတွက် ဗဟုသုတရစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ iiCare တို့မှ ပူးပေါင်းတင်ဆက်သည်။