FA ရောဂါကို အသက် (၂ဝ) ကျော်အရွယ်မိန်းကလေးအများစု ခံစားရကြောင်းလေ့လာတွေ့ရှိရ

blank

          FA လို့ ပြောလိုက်တာနဲ့ အမြဲတမ်းရည်းစားမရှိတဲ့သူတွေကို ပြေးမြင်မိတယ်မို့လား။ FA ရောဂါဆိုရင်လည်း ရည်းစားမရှိလို့ ရည်းစားမရှိတဲ့ရောဂါလို့ ထင်ကောင်းထင်ပါတယ်လိမ့်မယ်။ တကယ်တော့ ကျွန်မပြောချင်တဲ့ FA ရောဂါဆိုတာ ဖိုက်ဘရို အဒီနိုးမား (fibroadenoma) လို့ခေါ်တဲ့ ရင်သားအကျိတ်ရောဂါအကြောင်းဖြစ်ပါတယ်။

Fibroadenoma (FA) ရောဂါဆိုတာ ဘာလဲ။

Fibroadenoma (FA) ဆိုတာ အသက် ၂ဝ ကနေ ၃ဝကြား အမျိုးသမီးတွေ ဖြစ်ပွားလေ့ရှိတဲ့ ရင်သားရောဂါတစ်မျိုးဖြစ်ပါတယ်။ FA ရောဂါမှာ အဆင့် (၃) ဆင့်ရှိပါတယ်။

အဆင့် (၁) – ရာသီမလာခင်အချိန်မှာ ရင်သားဘေးဘက်တွေ ပြည့်ဖောင်းပြီး တင်းမာလာမယ်။

အဆင့် (၂) – ရင်သားဘေးဘက်နဲ့ ရင်သားအလယ်နေရာတွေမှာ အကျိတ်လေးတွေ၊ အသားပိုလေးတွေ ရှိလာမယ်။

အဆင့် (၃) – ရင်သားအတွင်းမှာ အရည်ကြည်အိတ်လေးတွေ ဖြစ်ပေါ်လာမယ်။

ရင်သားအကျိတ်ဘာကြောင့် ဖြစ်ပွားရတာလဲ။

အသက် (၃ဝ)အောက်အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ fibro adenoma ဆိုတဲ့ ရောဂါကြောင့် ဖြစ်လာတဲ့ အကျိတ်လေးတွေဟာ ကင်ဆာကျိတ်လို့ မသတ်မှတ်နိုင်ပါဘူး။ ကမ္ဘာပေါ်က အမျိုးသမီးထုရဲ့ ၆ဝ% ဟာ  FA ရောဂါကို ခံစားနေရပါတယ်။ Fibroadenoma ကြောင့်ဖြစ်ရတဲ့ အကျိတ်တွေက ရာသီစက်ဝန်းနဲ့လိုက်ပြီး အရွယ်အစားပြောင်းလဲတာမျိုး မရှိပါဘူး။

ရင်သားမှာ ဖြစ်တတ်တဲ့ အကျိတ်တော်တော်များများက ကင်ဆာကျိတ်မဟုတ်တာကြောင့် ပူစရာမလိုဘူးဆိုပေမဲ့ သေချာအောင်တော့ စစ်ဆေးသင့်ပါတယ်။ တကယ်လို့ သင့်ရင်သားမှာ အသစ်ဖြစ်ပေါ်လာတဲ့ အကျိတ်က ဆက်လက်ကြီးထွားနေမယ်၊ မာကျောနေမယ်၊ နေရာမရွေ့ဘူး၊ အရေပြားကို ထိခိုက်မှုရှိနေတယ်ဆိုရင်တော့ ဆရာဝန်ဆီမှာ သွားရောက်ပြသသင့်ပါတယ်။

Fibroadenoma အကြောင်း သိကောင်းစရာများ
  • အမျိုးသမီးတိုင်းလိုလို ဖြစ်တတ်ပြီး မစိုးရိမ်ရတဲ့ သာမန်ရင်သားရောဂါတစ်မျိုးဖြစ်ပါတယ်။
  • အသက် (၂ဝ) နဲ့ (၅ဝ) ကြား အမျိုးသမီးတွေမှာ အဖြစ်များတတ်ပါတယ်။
  • FA ရောဂါခံစားရတဲ့ အမျိုးသမီးတွေရဲ့ ၅ဝ% က ဆေးရုံဆေးခန်းသွားရလောက်တဲ့ လက္ခဏာတွေပြကြပါတယ်။
  • ၅၃% ကတော့ ရောဂါရာဇဝင်ပြောင်းလဲသွားတတ်ကြပါတယ်။
  • FA ရောဂါဟာ အမျိုးသမီးမျိုးပွားဟော်မုန်းတွေဖြစ်တဲ့ progesterone နဲ့ estrogen ဟော်မုန်းမညီမျှခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။
  • ရင်သားဘေးဘက်တွေနာကျင်ခြင်း၊ ရင်သားရောင်ရမ်းခြင်း၊ ရင်သားမှာ အကျိတ်အဖုတွေစမ်းမိခြင်းနဲ့ ရင်သားတွေလေးလံနေသလို ခံစားရခြင်းတွေဟာ FA ရောဂါလက္ခဏာတွေ ဖြစ်ပါတယ်။
FA ရောဂါ ကို ပျောက်ကင်းအောင် ဘယ်လိုကုစားမလဲ
  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အတွင်းခံ (supportive bra) ဝတ်ဆင်ခြင်း
  • Non-steroidal anti-inflammatory drugs (NSAID) အကိုက်အခဲပျောက်ဆေးသောက်ခြင်း
  • ကဖိန်းဓာတ်ပါတဲ့အစားအစာတွေ၊ ချောကလက်နဲ့ ဆေးလိပ်ရှောင်ခြင်း။
  • အဆီနည်းတဲ့ အစားအစာတွေကိုပဲ စားသောက်ခြင်း။
  • ဗီတာမင် E (သို့) Evening primrose oil မှီဝဲခြင်း။
  • ဆရာဝန်ညွှန်ကြားတဲ့ဆေးနည်းအတိုင်း သောက်သုံးခြင်း။

FA ရောဂါအတွက် အကောင်းဆုံးကတော့ Evening Primrose Oil ကို ပုံမှန်မှီဝဲပေးဖို့ပါပဲ။ Prim E မှာ Evening Primrose Oil နဲ့ vitamin E ကြွယ်ဝစွာပါဝင်တာကြောင့် ရင်သားအကျိတ်ဖြစ်ပေါ်မှုကို ကာကွယ်ပေးနိုင်တဲ့အပြင် ရာသီမလာခင်နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ ဒါတင်ဘယ်ကမလဲ အသားအရေကို စိုပြေစေပြီး ဝက်ခြံမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ကဲ… FA မဖြစ်အောင် Prim E ကို သောက်ဖြစ်အောင်သောက်ကြစို့နော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Prim E မှ ပူးပေါင်းတင်ဆက်လိုက်ပါတယ်ရှင်။