ဖုန်းအသုံးပြုသူတိုင်းဖတ်ဖို့ စာလေးတစ်စောင်

blank
Two happy females shopping. Customer select product promotion and shopping online from mobile phone. Business shopping situation idea concept.

စမတ်ဖုန်းဆိုတာ ကွန်ပြူတာရဲ့ စွမ်းဆောင်ရည်နဲ့ မိုဘိုင်းဖုန်းရဲ့ features တွေကို ပေါင်းစပ်ထားပြီး ကျွန်မတို့ကို ဗွီဒီယိုကောလ်၊ media player, ဂိမ်း၊ ကင်မရာ၊ အင်တာနက်နဲ့ အခြား အသုံးပြုမှုများစွာကိုလုပ်ဆောင်နိုင်စေပါတယ်။ နည်းပညာရဲ့ တီထွင်ဆန်းသစ်မှုထဲမှာ အံ့သြစရာအကောင်းဆုံးဖြစ်ပြီး တစ်ဖဝါးစာနဲ့ ကမ္ဘာကိုအပတ်ပေါင်းများစွာ ပတ်နိုင်စေပါတယ်။

ဒီစာစောင်လေးမှာတော့ စမတ်ဖုန်းအလွန်အကျွံသုံးစွဲခြင်းဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း နဲ့ ကျန်းမာရေးဆိုင်ရာတွေမှာ ဘယ်လိုဆိုးကျိုးတွေ သက်ရောက်စေလဲဆိုတာကို ဖတ်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။

၁။ ဇက်ကျောတက်ခြင်း

လည်ပင်းကို အချိန်အကြာကြီးငုံ့ပြီး ဖုန်းသုံးတာများလာတဲ့အခါ ဇက်ကျောတက်တာ၊ နောက်ကျောတက်တာ စတာတွေကို ဖြစ်ပေါ်စေပါတယ်။

၂။ Nomophobia ဖြစ်ခြင်း

Nomophobia ဆိုတာ ဖုန်းကို အလွန်အမင်းစွဲလန်းတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဖုန်းပျောက်သွားမှာ ဖုန်းမသုံးဘဲနေရမှာကို ကြောက်တဲ့ရောဂါတစ်ခုဖြစ်ပြီး ရောဂါလက္ခဏာတွေကတော့ ဖုန်းကိုမကြာခဏစစ်ဆေးကြည့်တာ၊ ဖုန်းကိုမကြာခဏအားသွင်းတာနဲ့ အိမ်သာသွားရင်တောင် ဖုန်းသယ်သွားတတ်တာပဲဖြစ်ပါတယ်။

၃။ ဖုန်းရဲ့ တုန်ခါမှုကို အမြဲခံစားနေရတဲ့ ရောဂါခံစားရခြင်း။

ဖုန်းမလာပေမဲ့ ဖုန်းတုန်ခါနေသလို ခံစားရတာ၊ ဖုန်းလာနေတယ်လို့ ဘယ်နှကြိမ်လောက် ခံစားဖူးပါသလဲ။ အဲဒီလိုမကြာခဏခံစားရနေတယ်ဆိုရင်တော့ ဖုန်းအလွန်အကျွံသုံးစွဲခြင်းကြောင့် စွဲကပ်လာတဲ့ (phantom vibration syndrome) ဖုန်းရဲ့ တုန်ခါမှုကို အမြဲခံစားနေရတဲ့ ရောဂါဖြစ်ပွားနေပြီလို့ ယူဆလို့ရပါတယ်။

၎။ အိပ်ချိန်မူမှန်ခြင်း။

ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ circadian system ဆိုတာ ကျွန်မတို့ရဲ့ အိပ်ချိန်နှိုးချိန်တွေကို သတ်မှတ်ပေးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ အဲဒီစနစ်ရှိနေတဲ့ ကျွန်မတို့ဦးနှောက်ရဲ့ အစိတ်အပိုင်းဟာ ညမှောင်လာတဲ့အခါ အိပ်ချင်စိတ်ကိုဖြစ်ပေါ်စေပြီး မနက်လင်းတဲ့အခါ နှိုးထနေစေပါတယ်။ ဖုန်းတွေ၊ လက်ပ်တော့တွေက ထွက်တဲ့ ရောင်ခြည်တွေဟာ circadian system ရဲ့ ဟော်မုန်းတွေကို အနှောင့်အယှက်ဖြစ်စေပြီး ကျွန်မတို့အိပ်စက်ချိန်ရောက်တဲ့အထိ အိပ်မပျော်ဖြစ်စေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ထိခိုက်စေခြင်း။

ဖုန်းတွေမှာရှိတဲ့ ဘတ်တီးရီးယားတွေဟာ အိမ်သာကြွေခွက်မှာရှိတဲ့ ဘတ်တီးရီးယားထက် (၁ဝ) ပိုများပါတယ်။ အိမ်သာကိုတောင်မှန်မှန်ဆေးဖြစ်ပေမဲ့ ဖုန်းကိုတော့ ဘယ်သူမှမဆေးကြပါဘူး။ ဒါကြောင့် ဖုန်းအသုံးပြုပြီး လက်ကိုဆေးဖို့မမေ့ပါနဲ့။ ဖုန်းသန့်စင်စက္ကူလေးတွေနဲ့ ဖုန်းကို သန့်စင်ပေးပါ။

၆။ လူမှုရေး လစ်ဟင်းမှုများဖြစ်ခြင်း။

ယနေ့ခေတ်မှာ လူတော်တော်များများ ဖုန်းထဲမှာ နစ်မျောနေတတ်ကြပါတယ်။ ဖေ့ဆ်ဘုတ်မှာ ချိတ်ဆက်နေပြီး လူချင်းပြတ်တောက်နေတာတွေလည်း အများကြီးကြုံတွေ့နေရပါတယ်။ ဖုန်းအလွန်အကျွံသုံးစွဲခြင်းဟာ လူမှုရေးနဲ့ လုပ်ငန်းနယ်ပယ်တွေမှာ လစ်ဟာမှုတွေဖြစ်ပေါ်စေပါတယ်။

၇။ အာရုံကြောဆိုင်ရာရောဂါတွေ ဖြစ်ပွားခြင်း။

ဖုန်းအသုံးပြုတာများတဲ့အခါ ဇက်ကြောတက်တာအပြင် အာရုံကြောယောင်ယမ်းတာနဲ့အခြား အာရုံကြောရောဂါတွေကိုဖြစ်ပွားစေပါတယ်။ ဒါကြောင့် ဖုန်းအသုံးပြုချိန်တွေကို လျော့ချပါ၊ မကြာမကြာ အဝေးကိုကြည့်တာ ကိုယ်လက်လှုပ်ရှားပေးတာတွေကို လုပ်ပေးပါ။

၈။ ကျန်းမာရေးချို့တဲ့ခြင်း။

အီလက်ထရောနစ် အသုံးပြုမှုများလာတဲ့အခါ အမြင်ချို့တဲ့မှုအပြင် ခေါင်းမူးခေါင်းကိုက်တာ၊ မောပန်းလွယ်တာ၊ ဇက်ကျောတက်တာ စတဲ့ ရောဂါတွေကို စွဲကပ်စေပါတယ်။ ဒါကြောင့် ဖုန်းတွေ ကွန်ပျူတာတွေကနေ တဆင့်စာဖတ်တဲ့အခါ စာလုံးအရွယ်အစားကို ချဲ့ထားပါ။ မိနစ် ၂ဝ တစ်ခါ အဝေးကိုကြည့်ပေးပါ။

၉။ ဖုန်းစွဲခြင်း

ဆေးလိပ်သောက်တာလိုပဲ ဖုန်းစွဲတဲ့သူတွေဟာ ဖုန်းမသုံးရတဲ့အခါ စိတ်မရှည်တာ၊ ဒေါသထွက်တာ၊ စိတ်အလိုမကျတာ၊ စိတ်ဖိစီးမှုများတာစတာတွေကို ဖြစ်စေပါတယ်။

သဘောကျနှစ်ခြိုက်ရင် SHARE ပေးလိုက်ပါဦးနော်။